စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုတဲ့ အီရန်ဆိပ်ကမ်းတွေအားလုံးက တရားဝင်ပစ်မှတ်တွေဖြစ်လာလိမ့်မယ်လို့ အမေရိကန်စစ်ဘက်သတိပေး

 198

Pika (NP News) - မတ် ၁၂

အီရန်ရေတပ်က လည်ပတ်နေတဲ့ ဆိပ်ကမ်းအဆောက်အဦးအားလုံးကို ရှောင်ရှားကြဖို့ အီရန်နိုင်ငံသားတွေကို အမေရိကန်စစ်တပ်က သတိပေးခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရဟာ အရပ်ဘက်ဆိပ်ကမ်းအဆောက်အဦးတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် အသုံးပြုနေတယ်လို့လည်း အမေရိကန်စစ်တပ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ် (CENTCOM) က”စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးပြုတဲ့ အီရန်ရဲ့ အရပ်ဘက်ဆိပ်ကမ်းအဆောက်အဦးတွေအားလုံးဟာ အမေရိကန်ရဲ့တရားဝင်စစ်ရေးပစ်မှတ်တွေဖြစ်လာပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အရပ်ဘက်အဆောက်အဦးတွေအားလုံးကို ချက်ချင်းရှောင်ရှားကြဖို့ အီရန်နိုင်ငံသားတွေကို (CENTCOM) က တိုက်တွန်းခဲ့သလို အီရန်ဆိပ်ကမ်းလုပ်သားတွေ၊ဝန်ထမ်းတွေနဲ့ ကုန်သွယ်ရေးသင်္ဘောအဖွဲ့တွေအားလုံးကိုလည်း အီရန်ရေတပ်သင်္ဘောတွေနဲ့ စစ်ဘက်ပစ္စည်းတွေရှိတဲ့နေရာကနေ ရှောင်ရှားကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

(CENTCOM) က”အီရန်ရေတပ်တပ်ဖွဲ့တွေဟာ ကုန်သွယ်ရေးဆိုင်ရာရေကြောင်းသွားလာမှုကို ဝန်ဆောင်မှုပေးတဲ့ အရပ်ဘက်ဆိပ်ကမ်းတွေမှာ စစ်သင်္ဘောတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖြန့်ကျက်ချထားခဲ့ပါတယ်။”လို့စွပ်စွဲပြောဆိုခဲ့ပါတယ်။

zawgyi version

စစ္ေရးရည္႐ြယ္ခ်က္အတြက္ အသုံးျပဳတဲ့ အီရန္ဆိပ္ကမ္းေတြအားလုံးက တရားဝင္ပစ္မွတ္ေတြျဖစ္လာလိမ့္မယ္လို႔ အေမရိကန္စစ္ဘက္သတိေပး

Pika (NP News) - မတ္ ၁၂

အီရန္ေရတပ္က လည္ပတ္ေနတဲ့ ဆိပ္ကမ္းအေဆာက္အဦးအားလုံးကို ေရွာင္ရွားၾကဖို႔ အီရန္ႏိုင္ငံသားေတြကို အေမရိကန္စစ္တပ္က သတိေပးခဲ့တယ္လို႔ သိရပါတယ္။ အီရန္အစိုးရဟာ အရပ္ဘက္ဆိပ္ကမ္းအေဆာက္အဦးေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အသုံးျပဳေနတယ္လို႔လည္း အေမရိကန္စစ္တပ္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။

အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) က”စစ္ေရးရည္႐ြယ္ခ်က္ေတြအတြက္ အသုံးျပဳတဲ့ အီရန္ရဲ႕ အရပ္ဘက္ဆိပ္ကမ္းအေဆာက္အဦးေတြအားလုံးဟာ အေမရိကန္ရဲ႕တရားဝင္စစ္ေရးပစ္မွတ္ေတြျဖစ္လာပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အရပ္ဘက္အေဆာက္အဦးေတြအားလုံးကို ခ်က္ခ်င္းေရွာင္ရွားၾကဖို႔ အီရန္ႏိုင္ငံသားေတြကို (CENTCOM) က တိုက္တြန္းခဲ့သလို အီရန္ဆိပ္ကမ္းလုပ္သားေတြ၊ဝန္ထမ္းေတြနဲ႔ ကုန္သြယ္ေရးသေဘၤာအဖြဲ႕ေတြအားလုံးကိုလည္း အီရန္ေရတပ္သေဘၤာေတြနဲ႔ စစ္ဘက္ပစၥည္းေတြရွိတဲ့ေနရာကေန ေရွာင္ရွားၾကဖို႔ တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

(CENTCOM) က”အီရန္ေရတပ္တပ္ဖြဲ႕ေတြဟာ ကုန္သြယ္ေရးဆိုင္ရာေရေၾကာင္းသြားလာမႈကို ဝန္ေဆာင္မႈေပးတဲ့ အရပ္ဘက္ဆိပ္ကမ္းေတြမွာ စစ္သေဘၤာေတြနဲ႔ စစ္လက္နက္ပစၥည္းေတြကို ျဖန႔္က်က္ခ်ထားခဲ့ပါတယ္။”လို႔စြပ္စြဲေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.