(၅) အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ EAO များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှု (၁၄၉) ကြိမ်ပြုလုပ်ခဲ့

 150

Pearl (NP News)-မတ် ၁၁
(၅) အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ EAO များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှု ၁၄၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယမန်နေ့ (မတ် ၁၀ရက်) က နေပြည်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
ဆွေးနွေးမှာကြားစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉) ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုကဲ့သို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
ထို့အပြင် အခြေခံဥပဒေများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင်နေကြသည့် အခြေအနေများရှိကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင်ရန်များရှိနိုင်ကြောင်း၊ အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန်လိုကြောင်း နှင့် အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါကြောင်းလည်း ပြောသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမျိုးသားအဆင့် အားလုံးပါဝင်သည့် အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများဖော်ထုတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့်လူငယ်များ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှုရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကိုလည်း ကျင်းပပေးခဲ့ပြီး အဆိုပါဖိုရမ်များမှရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေးကို ဆောင်ရွက်ရာ၌ လူငယ်များပါဝင်မှုကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောသည်။

Zawgyi Version:
(၅) အတြင္း ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ EAO မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈ ၁၄၉ ႀကိမ္ျပဳလုပ္ခဲ့
Pearl (NP News)-မတ္ ၁၁
(၅) အတြင္း ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ EAO မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈ ၁၄၉ ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံေတာ္အစိုးရ၏ ၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေစေရး ေဆာင္႐ြက္ခဲ့မႈႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္ေဆြးေႏြးမွာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။

ထိုသို႔ ျပန္လည္သုံးသပ္ေဆြးေႏြးမွာၾကားျခင္းအား ယမန္ေန႔ (မတ္ ၁၀ရက္) က ေနျပည္ေတာ္၊ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး၊ သဘင္ေဆာင္ခန္းမ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္းသိရ သည္။
ေဆြးေႏြးမွာၾကားစဥ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပည္တြင္းၿငိမ္းခ်မ္းေရး ႏွင့္ပတ္သက္၍ မျဖစ္မေနတိုးတက္မႈရွိေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပည္သူလူထုအက်ိဳးကိုေရွးရႈ၍ ျဖစ္ခ်င္သည္ထက္ျဖစ္သင့္သည္ကို ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္ မႈရပ္စဲေရးသေဘာ တူစာခ်ဳပ္ (NCA) လမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာျဖင့္ ဆက္လက္ေလွ်ာက္လွမ္းလ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးအတြက္လည္း ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ NCA လက္မွတ္ေရးထိုးၿပီးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ (၈၉) ႀကိမ္၊ NCA လက္မွတ္ေရးထိုးထားျခင္းမျပဳရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ (၂၅) ႀကိမ္၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ (၂၂) ႀကိမ္၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္မ်ားႏွင့္ (၁၃) ႀကိမ္၊ စုစုေပါင္း (၁၄၉) ႀကိမ္ ေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးႏိုင္ခဲ့ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုကဲ့သို႔ ေဆြးေႏြးသည့္ေနရာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ ေတာင္းဆိုခ်က္မ်ား၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရးကိစၥရပ္မ်ား၊ ေဒသႏွင့္တိုင္းျပည္အတြက္ အမွန္တကယ္လိုအပ္ေသာ ျဖစ္သင့္ျဖစ္ထိုက္သည့္အခ်က္မ်ားကို အေက်အလည္ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း၊ ေဆြးေႏြးႏိုင္ခဲ့သည့္အခ်က္မ်ားကို လာမည့္လႊတ္ေတာ္တြင္ ေဆြးေႏြးသြားမည္ျဖစ္ၿပီး လႊတ္ေတာ္၏ဆုံးျဖတ္ခ်က္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
ထို႔အျပင္ အေျခခံဥပေဒမ်ားႏွင့္ပတ္သက္၍ ကမာၻေပၚရွိႏိုင္ငံအသီးသီး၌လည္း ျပင္ဆင္ေနၾကသည့္ အေျခအေနမ်ားရွိေၾကာင္း၊ လက္ရွိအေျခခံဥပေဒသည္ ၁၉၉၁ ခုႏွစ္ အမ်ိဳးသားညီလာခံမွ စတင္အေျချပဳေရးဆြဲခဲ့ျခင္းျဖစ္၍ ယခုေခတ္စနစ္ႏွင့္အညီ ျပဳျပင္ရန္မ်ားရွိႏိုင္ေၾကာင္း၊ အေျခခံဥပေဒသည္ ခိုင္မာမႈရွိပါက ပိုမိုေကာင္းမြန္သျဖင့္ ဥပေဒေရးဆြဲရာတြင္ အရွည္ေမွ်ာ္ေတြးၿပီး ဘက္ေပါင္းစုံမွ စဥ္းစားေရးဆြဲရန္လိုေၾကာင္း ႏွင့္ အျခားအဓိကက်သည့္ ဥပေဒမ်ားေရးဆြဲရာတြင္လည္း ၎အခ်က္သည္ အေရးပါေၾကာင္းလည္း ေျပာသည္။
ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ အမ်ိဳးသားအဆင့္ အားလုံးပါဝင္သည့္ အခင္းအက်င္းတစ္ရပ္ျဖစ္ေပၚလာေစေရးအတြက္ ၿငိမ္းခ်မ္းေရးစကားဝိုင္း၊ ၿငိမ္းခ်မ္းေရးကို အေထာက္အကူျပဳသည့္ နည္းဗ်ဴဟာမ်ားေဖာ္ထုတ္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးဖိုရမ္ႏွင့္ ႏိုင္ငံတစ္ဝန္းတြင္ရွိသည့္လူငယ္မ်ား ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ လုပ္ငန္းစဥ္မ်ားတြင္ စိတ္ပါဝင္စားမႈရွိလာေစေရးအတြက္ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္မ်ားကိုလည္း က်င္းပေပးခဲ့ၿပီး အဆိုပါဖိုရမ္မ်ားမွရရွိသည့္ ေဆြးေႏြးခ်က္မ်ားသည္ ၿငိမ္းခ်မ္းေရးႏွင့္ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ မ်ားစြာအေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့အေရးကို ေဆာင္႐ြက္ရာ၌ လူငယ္မ်ားပါဝင္မႈကို ျမႇင့္တင္ေပးျခင္းျဖင့္ ႏိုင္ငံ၏အနာဂတ္ ပိုမိုေကာင္းမြန္လာေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။

Related news

© 2021. All rights reserved.