ဟားမက်လက်နက်ကိုင်အဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦးကို အောင်မြင်စွာသတ်ပစ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်ပြော

 143

Pika (NP News) - ဒီဇင်ဘာ ၁၅
ဂါဇာစီးတီးမြို့ကို တိုက်ခိုက်မှုတစ်ခုအတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ အကြီးတန်းတပ်မှူးဖြစ်တဲ့ Raed Saedကို အောင်မြင်စွာသတ်ပစ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီသတ်ဖြတ်မှုဟာ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စတင်အသက်ဝင်ခဲ့ပြီးနောက်ပိုင်း ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတစ်ခုကြောင့် အစ္စရေးစစ်သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ Raed Saedကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးရဲ့ ဂါဇာစီးတီးမြို့ကို တိုက်ခိုက်မှုအတွင်း လူ(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း သေဆုံးသူတွေထဲမှာ Raed Saedပါဝင်တာမျိုး ရှိ/မရှိဆိုတာကို ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဂါဇာမှာရှိတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ဟားမက္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္းတပ္မႉးတစ္ဦးကို ေအာင္ျမင္စြာသတ္ပစ္ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၅
ဂါဇာစီးတီးၿမိဳ႕ကို တိုက္ခိုက္မႈတစ္ခုအတြင္း ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ အႀကီးတန္းတပ္မႉးျဖစ္တဲ့ Raed Saedကို ေအာင္ျမင္စြာသတ္ပစ္ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီသတ္ျဖတ္မႈဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလမွာ ဂါဇာအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ စတင္အသက္ဝင္ခဲ့ၿပီးေနာက္ပိုင္း ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ အႀကီးတန္းအရာရွိတစ္ဦးကို အစၥေရးက လုပ္ႀကံသတ္ျဖတ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ေပါက္ကြဲေစတတ္တဲ့ပစၥည္းတစ္ခုေၾကာင့္ အစၥေရးစစ္သား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ Raed Saedကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးရဲ႕ ဂါဇာစီးတီးၿမိဳ႕ကို တိုက္ခိုက္မႈအတြင္း လူ(၅)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဂါဇာက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ေသဆုံးသူေတြထဲမွာ Raed Saedပါဝင္တာမ်ိဳး ရွိ/မရွိဆိုတာကို ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ဂါဇာမွာရွိတဲ့ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.