ယူကရိန်းစစ်ပွဲက ပျံ့နှံ့သွားနိုင်သည့် အန္တရာယ်များရှိကြောင်း ကုလသမဂ္ဂအကြီးအကဲ သတိပေး

122

Pika (NP News) - စက်တင်ဘာ ၁၂
ယူကရိန်းတွင်ဖြစ်ပွားနေသောစစ်ပွဲသည် ၎င်းတို့၏နိုင်ငံနယ်နမိတ်များကို ကျော်လွန်ကာ အခြားနိုင်ငံများဆီသို့ ပျံ့နှံ့သွားနိုင်သည့် အန္တရာယ်များရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုခဲ့သည်။ ရုရှားဘက်က ပစ်လွှတ်လိုက်သော ဒရုန်းများသည် ပိုလန်နိုင်ငံလေပိုင်နက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီးနောက် အန်တိုနီယိုဂူတာရက်စ်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က “ပိုလန်နိုင်ငံလေပိုင်နက်ထဲကို ရုရှားဒရုန်းတစ်စင်း ဝင်ရောက်သွားခဲ့တဲ့ဖြစ်ရပ်ဟာ ဒေသတွင်းအကျိုးသက်ရောက်မှုနဲ့ ယူကရိန်းပဋိပက္ခက ကျယ်ပြန့်လာနိုင်တယ်ဆို တဲ့အန္တရာယ်တွေကို ဖော်ပြနေတာမျိုးပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
သို့သော်လည်း ပိုလန်လေပိုင်နက် အတွင်းသို့ ရုရှားဒရုန်းများ ဝင်ရောက်သွားမှုနှင့်ပတ်သက်ပြီး ရုရှားအစိုးရဘက်က ထုတ်ပြန်ပြောဆိုမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
ရုရှားစစ်တပ်သည် ပိုလန်နိုင်ငံအတွင်းသို့ တာဝေးပစ်တိုက်ခိုက်မှုများအတွက် ပစ်မှတ်များသတ်မှတ်ထားခြင်းမျိုး မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပိုလန် ကာကွယ်ရေးအရာရှိများနှင့်ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ရန် ရုရှားဘက်က အဆင်သင့်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ပိုလန်နိုင်ငံအတွင်းကို တာဝေးပစ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် သတ်မှတ်ထားတဲ့ ပစ်မှတ်မျိုးမရှိပါဘူး” ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းစစ္ပြဲက ပ်ံ႕ႏွံ႔သြားႏိုင္သည့္ အႏၲရာယ္မ်ားရွိေၾကာင္း ကုလသမဂၢအႀကီးအကဲ သတိေပး
Pika (NP News) - စက္တင္ဘာ ၁၂
ယူကရိန္းတြင္ျဖစ္ပြားေနေသာစစ္ပြဲသည္ ၎တို႔၏ႏိုင္ငံနယ္နမိတ္မ်ားကို ေက်ာ္လြန္ကာ အျခားႏိုင္ငံမ်ားဆီသို႔ ပ်ံ႕ႏွံ႔သြားႏိုင္သည့္ အႏၲရာယ္မ်ားရွိေၾကာင္း ကုလသမဂၢအေထြေထြအတြင္းေရးမႉး အန္တိုနီယိုဂူတာရက္စ္က သတိေပးေျပာဆိုခဲ့သည္။ ႐ုရွားဘက္က ပစ္လႊတ္လိုက္ေသာ ဒ႐ုန္းမ်ားသည္ ပိုလန္ႏိုင္ငံေလပိုင္နက္အတြင္းသို႔ ေရာက္ရွိသြားခဲ့ၿပီးေနာက္ အန္တိုနီယိုဂူတာရက္စ္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ကုလသမဂၢေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က “ပိုလန္ႏိုင္ငံေလပိုင္နက္ထဲကို ႐ုရွားဒ႐ုန္းတစ္စင္း ဝင္ေရာက္သြားခဲ့တဲ့ျဖစ္ရပ္ဟာ ေဒသတြင္းအက်ိဳးသက္ေရာက္မႈနဲ႔ ယူကရိန္းပဋိပကၡက က်ယ္ျပန႔္လာႏိုင္တယ္ဆို တဲ့အႏၲရာယ္ေတြကို ေဖာ္ျပေနတာမ်ိဳးပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း ပိုလန္ေလပိုင္နက္ အတြင္းသို႔ ႐ုရွားဒ႐ုန္းမ်ား ဝင္ေရာက္သြားမႈႏွင့္ပတ္သက္ၿပီး ႐ုရွားအစိုးရဘက္က ထုတ္ျပန္ေျပာဆိုမႈမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။
႐ုရွားစစ္တပ္သည္ ပိုလန္ႏိုင္ငံအတြင္းသို႔ တာေဝးပစ္တိုက္ခိုက္မႈမ်ားအတြက္ ပစ္မွတ္မ်ားသတ္မွတ္ထားျခင္းမ်ိဳး မရွိေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားထားသည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ပိုလန္ ကာကြယ္ေရးအရာရွိမ်ားႏွင့္ညႇိႏႈိင္းေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ႐ုရွားဘက္က အဆင္သင့္ရွိေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ပိုလန္ႏိုင္ငံအတြင္းကို တာေဝးပစ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ သတ္မွတ္ထားတဲ့ ပစ္မွတ္မ်ိဳးမရွိပါဘူး” ဟု ေျပာခဲ့သည္။