ဆန္ဒပြပွဲများကို ထိန်းသိမ်းနိုင်ရန် ယာယီအစိုးရအဖွဲ့ဝန်ကြီးချုပ် ခန့်အပ်ရန် စီစဉ်နေ

406

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂
နီပေါ ယာယီအစိုးရဖွဲ့သည် နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိနေသောဆူပူ ဆန္ဒပြမှုများကို တည်ငြိမ်စေရန်အတွက် ယာယီအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုခန့်အပ်သွားဖွယ်ရှိနေကြောင်းသိရသည်။ နီပေါနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်နုတ်ထွက်ခဲ့ရသလို လွှတ်တော်ကိုလည်း မီးရှို့ရန် ကြိုးစားခြင်းများရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နီပေါနိုင်ငံတွင် ဆန္ဒပြအုပ်စုများသည် အစိုးရရုံးဌာနများကို တိုက်ခိုက်ရန်ကြိုးစားခြင်းအပြင် ငွေကြေး ချမ်းသာသူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းခြင်းများရှိနေကြောင်း သိရသည်။ နီပေါ နိုင်ငံတွင်ဖြစ်ပွားခဲ့ သောဆန္ဒပြပွဲများအတွင်း လုံခြုံရေးအဖွဲ့များ နှင့် ဆန္ဒပြအုပ်စုများ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် အနည်းဆုံး လူပေါင်း ၃၄ ဦးသေဆုံးထားပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံတွင်ဖြစ်ပွားသောဆန္ဒပြပွဲများအတွင်း ပါဝင်သူအများစုက အသက် ၂ဝ အရွယ် လူငယ်များဖြစ်ပြီး အစိုးရလွှတ်တော်အဆောက်အဦးများအပြင် ဇီမ်ခံဟိုတည်များကိုတိုက်ခိုက်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နီပေါစစ်တပ်ကို ဖြန့်ကြတ်ချထားပြီး နီပေါစစ်တပ်က ကန့်သတ်ခြင်းများ လုပ်ဆောင်လျက်ရှိနေ သည်။ နီပေါနိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှာမာအိုလီ နှင့်အစိုးရအဖွဲ့ နုတ်ထွက်ခဲ့ပြီး နောက် ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ဝန်ကြီးချုပ်အဖြစ် စက်တင်ဘာ ၁၂ရက်နေ့တွင် တရားရုံးချုပ် အကြီးအကဲဟောင်း ဆူရှိလာ ကာကီကိုခန့်အပ်ဖွယ်ရှိနေကြောင်း သိရသည်။
ထို့ပြင် နီပေါ လွှတ်တော်ကို ဖျက်သိမ်းရန် အစီအစဉ်များရှိနေသော်လည်း နှောင့်နေးလျက်ရှိနေသည်ဟု သိရသည်။ ဆန္ဒပြသူများကိုယ်တိုင်ကလည်း တရားရုံးချုပ်အကြိးအကဲဟောင်း ဆူရှိလာ ကာကီကို ယာယီအစိုးရအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ရန် လိုလားနေကြောင်း သိရသည်။ ဆန္ဒပြအုပ်စုများသည် စစ်တပ် နှင့်ဆွေးနွေးခြင်းများ ရှိခဲ့ပြီး တရားရုံးချုပ်အကြိးအကဲဟောင်း ဆူရှိလာ ကာကီကို ယာယီဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် လိုလားနေ ကြောင်း ပြောခဲ့သည်။
နီပေါနိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် အာဏာပိုင်များက social media ပလက်ဖောင်း အနည်းဆုံး ၂၆ ခုကို ပိတ်ပင်ခဲ့ရာ ပြည်သူများ၏ စိတ်ဆိုးဒေါသဖြစ်မှုကို ပိုမိုဆိုးရွားလာစေခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် ရှာမာအိုလီ ဦးဆောင်သော နီပေါအစိုးရသည် ပြည်သူများ၏ ပြုပြင်ပြောင်းလဲမှု လိုလားသောမျှော်လင့်ချက်ကို လက်တွေ့အကောင်ထည်ဖော်ရန် ပျက်ကွက်ခဲ့ပြီးနောက် လူငယ်များ ဦးဆောင်ကာ ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်း ဖြစ်သည်။ နီပေါနိုင်ငံတွင် ၁၉၉ဝ ပြည့်နှစ်တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ဖူးသလို ၂ဝဝ၆ ခုနှစ်ကလည်း ဆန္ဒပြပွဲများ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ နီပေါနိုင်ငံတွင် လူဦးရေအနည်းဆုံး သန်း ၃၀ နီးပါးရှိနေပြီး အပျက်ပျက်လာဘ်စားမှု မြင့်တက်ခြင်း၊ လူတန်းစား မညီမျှမှုများပိုမိုဖြစ်လာခြင်းများကြောင့် ဆန္ဒပြပွဲများ လက်ရှိအချိန်ထိ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဆႏၵျပပြဲမ်ားကို ထိန္းသိမ္းႏိုင္ရန္ ယာယီအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ခန႔္အပ္ရန္ စီစဥ္ေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂
နီေပါ ယာယီအစိုးရဖြဲ႕သည္ ႏိုင္ငံအတြင္းျဖစ္ပြားလ်က္ရွိေနေသာဆူပူ ဆႏၵျပမႈမ်ားကို တည္ၿငိမ္ေစရန္အတြက္ ယာယီအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ကိုခန႔္အပ္သြားဖြယ္ရွိေနေၾကာင္းသိရသည္။ နီေပါႏိုင္ငံတြင္ ၿပီးခဲ့ေသာရက္ပိုင္းက အစိုးရဆန႔္က်င့္ေရး ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္ခဲ့ရသလို လႊတ္ေတာ္ကိုလည္း မီးရႈိ႕ရန္ ႀကိဳးစားျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ နီေပါႏိုင္ငံတြင္ ဆႏၵျပအုပ္စုမ်ားသည္ အစိုးရ႐ုံးဌာနမ်ားကို တိုက္ခိုက္ရန္ႀကိဳးစားျခင္းအျပင္ ေငြေၾကး ခ်မ္းသာသူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ရန္ ႀကိဳးပမ္းျခင္းမ်ားရွိေနေၾကာင္း သိရသည္။ နီေပါ ႏိုင္ငံတြင္ျဖစ္ပြားခဲ့ ေသာဆႏၵျပပြဲမ်ားအတြင္း လုံၿခဳံေရးအဖြဲ႕မ်ား ႏွင့္ ဆႏၵျပအုပ္စုမ်ား ထိပ္တိုက္ေတြ႕ဆုံမႈမ်ားေၾကာင့္ အနည္းဆုံး လူေပါင္း ၃၄ ဦးေသဆုံးထားၿပီး လူေပါင္းေထာင္ခ်ီ ေသဆုံးခဲ့ေၾကာင္း သိရသည္။
နီေပါႏိုင္ငံတြင္ျဖစ္ပြားေသာဆႏၵျပပြဲမ်ားအတြင္း ပါဝင္သူအမ်ားစုက အသက္ ၂ဝ အ႐ြယ္ လူငယ္မ်ားျဖစ္ၿပီး အစိုးရလႊတ္ေတာ္အေဆာက္အဦးမ်ားအျပင္ ဇီမ္ခံဟိုတည္မ်ားကိုတိုက္ခိုက္ရန္ ႀကိဳးပမ္းလာခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ နီေပါစစ္တပ္ကို ျဖန႔္ၾကတ္ခ်ထားၿပီး နီေပါစစ္တပ္က ကန႔္သတ္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေန သည္။ နီေပါႏိုင္ငံတြင္ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွာမာအိုလီ ႏွင့္အစိုးရအဖြဲ႕ ႏုတ္ထြက္ခဲ့ၿပီး ေနာက္ ယာယီအစိုးရအဖြဲ႕ကို ဖြဲ႕စည္းခဲ့ကာ ဝန္ႀကီးခ်ဳပ္အျဖစ္ စက္တင္ဘာ ၁၂ရက္ေန႔တြင္ တရား႐ုံးခ်ဳပ္ အႀကီးအကဲေဟာင္း ဆူရွိလာ ကာကီကိုခန႔္အပ္ဖြယ္ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ နီေပါ လႊတ္ေတာ္ကို ဖ်က္သိမ္းရန္ အစီအစဥ္မ်ားရွိေနေသာ္လည္း ေႏွာင့္ေနးလ်က္ရွိေနသည္ဟု သိရသည္။ ဆႏၵျပသူမ်ားကိုယ္တိုင္ကလည္း တရား႐ုံးခ်ဳပ္အႀကိးအကဲေဟာင္း ဆူရွိလာ ကာကီကို ယာယီအစိုးရအဖြဲ႕ အႀကီးအကဲအျဖစ္ ခန႔္အပ္ရန္ လိုလားေနေၾကာင္း သိရသည္။ ဆႏၵျပအုပ္စုမ်ားသည္ စစ္တပ္ ႏွင့္ေဆြးေႏြးျခင္းမ်ား ရွိခဲ့ၿပီး တရား႐ုံးခ်ဳပ္အႀကိးအကဲေဟာင္း ဆူရွိလာ ကာကီကို ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ရန္ လိုလားေန ေၾကာင္း ေျပာခဲ့သည္။
နီေပါႏိုင္ငံတြင္ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ အာဏာပိုင္မ်ားက social media ပလက္ေဖာင္း အနည္းဆုံး ၂၆ ခုကို ပိတ္ပင္ခဲ့ရာ ျပည္သူမ်ား၏ စိတ္ဆိုးေဒါသျဖစ္မႈကို ပိုမိုဆိုး႐ြားလာေစခဲ့ေၾကာင္း သိရသည္။ ဝန္ႀကီးခ်ဳပ္ ရွာမာအိုလီ ဦးေဆာင္ေသာ နီေပါအစိုးရသည္ ျပည္သူမ်ား၏ ျပဳျပင္ေျပာင္းလဲမႈ လိုလားေသာေမွ်ာ္လင့္ခ်က္ကို လက္ေတြ႕အေကာင္ထည္ေဖာ္ရန္ ပ်က္ကြက္ခဲ့ၿပီးေနာက္ လူငယ္မ်ား ဦးေဆာင္ကာ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ျခင္း ျဖစ္သည္။ နီေပါႏိုင္ငံတြင္ ၁၉၉ဝ ျပည့္ႏွစ္တြင္ ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ဖူးသလို ၂ဝဝ၆ ခုႏွစ္ကလည္း ဆႏၵျပပြဲမ်ား ျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။ နီေပါႏိုင္ငံတြင္ လူဦးေရအနည္းဆုံး သန္း ၃၀ နီးပါးရွိေနၿပီး အပ်က္ပ်က္လာဘ္စားမႈ ျမင့္တက္ျခင္း၊ လူတန္းစား မညီမွ်မႈမ်ားပိုမိုျဖစ္လာျခင္းမ်ားေၾကာင့္ ဆႏၵျပပြဲမ်ား လက္ရွိအခ်ိန္ထိ ျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း သိရသည္။