မဟာသင်္ကြန်ပွဲတော်အတွက် လုံခြုံရေးအစောင့်အကြပ်များဖြင့် ရေသဘင်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားများ ပြုလုပ်

 1063

မျိုးကြီး (NP News) - ဧပြီ ၁၃
မဟာသင်္ကြန်ပွဲတော်အတွက် လုံခြုံရေးအစောင့်အကြပ်များဖြင့် နစက၏ရေသဘင်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့ ဧပြီ ၁၃ ရက်(မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း(၁၃)ရက်)တွင် တစ်နိုင်ငံလုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ မြို့တော်ခန်းမရှေ့တွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်တစ်ချို့လာရောက် ဖျော်ဖြေခဲ့သည်ကိုတွေ့ရရှိပြီး မဏ္ဍပ်၏အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေ သည်ကို တွေ့ရှိရသည်။

“ပြည်သူတွေပျော်ရွင်စွာနဲ့ အေးအေးချမ်းချမ်း ရေကစားနိုင်ဖို့အတွက် ကျွန်တော်တို့လုံခြုံရေးအဖွဲ့တွေက စောင့်ရှောက်ပေးနေတာပါ။ လုံခြုံရေးအရတော့ စိုးရိမ်မှုတော့ရှိပေမယ့် အကောင်းဆုံးပြင်ဆင်ထားပါတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့အတူ ယခုနှစ် မဟာသင်္ကြန်ပွဲတော်အတွက် အခြားပြည်နယ်နှင့်တိုင်းများရှိ မြို့နယ်များတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ကာ ယနေ့နံနက်ပိုင်းအချိန်များက ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဏ္ဍပ်များအနီးတွင်လည်း လက်ရှိနိုင်ငံရေးအခြေအနေများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ရှောက်ပေးနေမှုများရှိကြောင်း ရေပတ်ခံထွက်သူတစ်ချို့က မှတ်ချက်ပြုထားကြသည်။

လက်ရှိဖြစ်ပွားလျက်ရှိနေသေးသော ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ့မဟာသင်္ကြန်ပွဲတော်ကို ၂ဝ၂ဝ ပြည့်နှစ်မှစ၍ ၂ဝ၂၁ ခုနှစ်အထိ နှစ်နှစ်ကြာ မကျင်းပဖြစ်ခဲ့ပေ။

Zawgyi Version;
မဟာသၾကၤန္ပြဲေတာ္အတြက္ လုံၿခဳံေရးအေစာင့္အၾကပ္မ်ားျဖင့္ ေရသဘင္မ႑ပ္ဖြင့္ပြဲအခမ္းအနားမ်ား ျပဳလုပ္
မ်ိဳးႀကီး (NP News) - ဧၿပီ ၁၃
မဟာသၾကၤန္ပြဲေတာ္အတြက္ လုံၿခဳံေရးအေစာင့္အၾကပ္မ်ားျဖင့္ နစက၏ေရသဘင္မ႑ပ္ဖြင့္ပြဲ အခမ္းအနားမ်ားကို ယေန႔ ဧၿပီ ၁၃ ရက္(ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္ တန္ခူးလဆန္း(၁၃)ရက္)တြင္ တစ္ႏိုင္ငံလုံးတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ယေန႔ နံနက္ ၇ နာရီ ၃ဝ မိနစ္ခန႔္တြင္ ရန္ကုန္တိုင္း၊ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ တည္ေဆာက္ထားသည့္ ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ဖြင့္ပြဲအခမ္းအနားကို က်င္းပခဲ့သည္။

အဆိုပါရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ဖြင့္ပြဲအခမ္းအနားသို႔ အႏုပညာရွင္တစ္ခ်ိဳ႕လာေရာက္ ေဖ်ာ္ေျဖခဲ့သည္ကိုေတြ႕ရရွိၿပီး မ႑ပ္၏အနီးပတ္ဝန္းက်င္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေစာင့္ၾကပ္ေန သည္ကို ေတြ႕ရွိရသည္။

“ျပည္သူေတြေပ်ာ္႐ြင္စြာနဲ႔ ေအးေအးခ်မ္းခ်မ္း ေရကစားႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔လုံၿခဳံေရးအဖြဲ႕ေတြက ေစာင့္ေရွာက္ေပးေနတာပါ။ လုံၿခဳံေရးအရေတာ့ စိုးရိမ္မႈေတာ့ရွိေပမယ့္ အေကာင္းဆုံးျပင္ဆင္ထားပါတယ္” ဟု ရန္ကုန္တိုင္းအတြင္းရွိ ရဲအရာရွိတစ္ဦးက ေျပာသည္။

ထို႔အတူ ယခုႏွစ္ မဟာသၾကၤန္ပြဲေတာ္အတြက္ အျခားျပည္နယ္ႏွင့္တိုင္းမ်ားရွိ ၿမိဳ႕နယ္မ်ားတြင္လည္း သၾကၤန္မ႑ပ္မ်ားေဆာက္လုပ္ကာ ယေန႔နံနက္ပိုင္းအခ်ိန္မ်ားက ဖြင့္ပြဲအခမ္းအနားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါမ႑ပ္မ်ားအနီးတြင္လည္း လက္ရွိႏိုင္ငံေရးအေျခအေနမ်ားအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေစာင့္ေရွာက္ေပးေနမႈမ်ားရွိေၾကာင္း ေရပတ္ခံထြက္သူတစ္ခ်ိဳ႕က မွတ္ခ်က္ျပဳထားၾကသည္။

လက္ရွိျဖစ္ပြားလ်က္ရွိေနေသးေသာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာ့မဟာသၾကၤန္ပြဲေတာ္ကို ၂ဝ၂ဝ ျပည့္ႏွစ္မွစ၍ ၂ဝ၂၁ ခုႏွစ္အထိ ႏွစ္ႏွစ္ၾကာ မက်င္းပျဖစ္ခဲ့ေပ။

Related news

© 2021. All rights reserved.