ဂျပန်က အသုံးပြုထားတဲ့ ဖျက်သင်္ဘောတွေကို ဖိလစ်ပိုင်ကို ပေးပို့သွားမယ်

 143

Pika (NP News) - ဇူလိုင် ၈

တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ချဲ့ထွင်မှုကို ဟန့်တားရာမှာ အားကောင်းစေဖို့အတွက် ဂျပန်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံထံသို့ အသုံးပြုထားတဲ့ ရေတပ်ဖျက်သင်္ဘောတွေ တင်ပို့သွားမယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ဖိလစ်ပိုင်တို့ဟာ တရုတ်နိုင်ငံကို တုံ့ပြန်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ထဲမှာ ဆယ်စုနှစ်သုံးစုကျော်ကြာ ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ Abukuma အမျိုးအစားဖျက်သင်္ဘော(၆)စင်းပါဝင်တယ်လို့လည်း သိရပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး Gen Nakatani နဲ့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro တို့ဟာ ပြီးခဲ့တဲ့လက စင်ကာပူနိုင်ငံမှာ တွေ့ဆုံစဉ်အချိန်အတွင်း ဖျက်သင်္ဘောတွေ ပေးပို့ဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဖိလစ်ပိုင်စစ်တပ်ဟာ နောက်ဆုံးပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ယခုနွေရာသီမှာ ဖျက်သင်္ဘောတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေတပ်ကျွမ်းကျင်သူ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဖျက်သင်္ဘောတွေရဲ့ နက်နက်ရှိုင်းရှိုင်း အကဲဖြတ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version
ဂ်ပန္က အသုံးျပဳထားတဲ့ ဖ်က္သေဘၤာေတြကို ဖိလစ္ပိုင္ကို ေပးပို႔သြားမယ္
Pika (NP News) - ဇူလိုင္ ၈

တ႐ုတ္ႏိုင္ငံရဲ႕ ေရပိုင္နက္ခ်ဲ႕ထြင္မႈကို ဟန႔္တားရာမွာ အားေကာင္းေစဖို႔အတြက္ ဂ်ပန္ႏိုင္ငံဟာ ဖိလစ္ပိုင္ႏိုင္ငံထံသို႔ အသုံးျပဳထားတဲ့ ေရတပ္ဖ်က္သေဘၤာေတြ တင္ပို႔သြားမယ္လို႔ သိရပါတယ္။

အေမရိကန္ရဲ႕မိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ ဂ်ပန္နဲ႔ဖိလစ္ပိုင္တို႔ဟာ တ႐ုတ္ႏိုင္ငံကို တုံ႔ျပန္ႏိုင္ဖို႔အတြက္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီအစီအစဥ္ထဲမွာ ဆယ္စုႏွစ္သုံးစုေက်ာ္ၾကာ ဂ်ပန္ေရေၾကာင္းကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕နဲ႔အတူ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Abukuma အမ်ိဳးအစားဖ်က္သေဘၤာ(၆)စင္းပါဝင္တယ္လို႔လည္း သိရပါတယ္။

ဂ်ပန္ကာကြယ္ေရးဝန္ႀကီး Gen Nakatani နဲ႔ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီး Gilberto Teodoro တို႔ဟာ ၿပီးခဲ့တဲ့လက စင္ကာပူႏိုင္ငံမွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ဖ်က္သေဘၤာေတြ ေပးပို႔ဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ဖိလစ္ပိုင္စစ္တပ္ဟာ ေနာက္ဆုံးျပင္ဆင္မႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ယခုေႏြရာသီမွာ ဖ်က္သေဘၤာေတြကို စစ္ေဆးမႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း သိရပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ေရတပ္ကြၽမ္းက်င္သူ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ဟာ ဖ်က္သေဘၤာေတြရဲ႕ နက္နက္ရႈိင္းရႈိင္း အကဲျဖတ္မႈေတြကို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဖိလစ္ပိုင္ေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.