ဘတ်ဂျက်ကန့်သတ်ချက်တွေကြောင့် အမေရိကန်ဆီကနေ တိုက်လေယာဉ်တွေ ဝယ်ယူမှုကို ယာယီဆိုင်းငံ့ထားတယ်လို့ ဖိလစ်ပိုင်ပြော

72

Pika (NP News) - စက်တင်ဘာ ၁၁
ဘတ်ဂျက်ကန့်သတ်ချက်တွေကြောင့် အမေရိကန်ဆီကနေ အလားအလာရှိတဲ့ F-16 တိုက်လေယာဉ်တွေ ဝယ်ယူမှု ကို ဖိလစ်ပိုင်အစိုးရက ယာယီဆိုင်းငံ့ထားတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီးက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဖိလစ်ပိုင်လေတပ်ရဲ့စွမ်းဆောင်ရည်တွေကို သိသိသာသာတိုးမြှင့်ပေးနိုင်စေမယ့် အမေရိကန်ဒေါ်လာ(၅ ဒသမ ၆) ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်တွေ ရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုနှစ်အစောပိုင်းမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီး Jose Manuel Romualdez က “အခုလောလောဆယ်မှာတော့ ငွေကြေးထောက်ပံ့မှုက ဒီဝယ်ယူမှုတစ်ခုလုံးရဲ့အဓိကသော့ချက်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဆီကနေ တိုက်လေယာဉ်တွေဝယ်ယူမှုအပြင် အခြားဦးစားပေးကိစ္စတွေ ရှိသေးတယ်ဆိုတာကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတိုတီယိုဒိုရိုက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ Jose Manuel Romualdez က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Jose Manuel Romualdez က “ခေတ်မီတိုးတက်ရေးအစီအစဉ်အတွက် ချထားပေးတဲ့ဘတ်ဂျက်ကို ဘယ်လိုသုံးသွားမလဲဆိုတာကို လာမယ့်ဆွေးနွေးမှုတွေမှာ ကျွန်တော်တို့တွေ့မြင်ရ မှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဖိလစ်ပိုင်အစိုးရဟာ တောင်ကိုရီးယားဆီကနေ FA-50တိုက်လေယာဉ်(၁၂)စင်းဝယ်ယူဖို့အတွက် အမေရိကန် ဒေါ်လာ(၇၀၃)သန်းတန်ဖိုးရှိ သဘောတူညီချက်ကို ပြီးခဲ့တဲ့ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါ တယ်။

Zawgyi Version:
ဘတ္ဂ်က္ကန႔္သတ္ခ်က္ေတြေၾကာင့္ အေမရိကန္ဆီကေန တိုက္ေလယာဥ္ေတြ ဝယ္ယူမႈကို ယာယီဆိုင္းငံ့ထားတယ္လို႔ ဖိလစ္ပိုင္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၁
ဘတ္ဂ်က္ကန႔္သတ္ခ်က္ေတြေၾကာင့္ အေမရိကန္ဆီကေန အလားအလာရွိတဲ့ F-16 တိုက္ေလယာဥ္ေတြ ဝယ္ယူမႈ ကို ဖိလစ္ပိုင္အစိုးရက ယာယီဆိုင္းငံ့ထားတယ္လို႔ အေမရိကန္ႏိုင္ငံဆိုင္ရာဖိလစ္ပိုင္သံအမတ္ႀကီးက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ေဒသတြင္းတင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ဖိလစ္ပိုင္ေလတပ္ရဲ႕စြမ္းေဆာင္ရည္ေတြကို သိသိသာသာတိုးျမႇင့္ေပးႏိုင္ေစမယ့္ အေမရိကန္ေဒၚလာ(၅ ဒသမ ၆) ဘီလ်ံတန္ဖိုးရွိ တိုက္ေလယာဥ္ေတြ ေရာင္းခ်မႈကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယခုႏွစ္အေစာပိုင္းမွာ အတည္ျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ႏိုင္ငံဆိုင္ရာဖိလစ္ပိုင္သံအမတ္ႀကီး Jose Manuel Romualdez က “အခုေလာေလာဆယ္မွာေတာ့ ေငြေၾကးေထာက္ပံ့မႈက ဒီဝယ္ယူမႈတစ္ခုလုံးရဲ႕အဓိကေသာ့ခ်က္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အေမရိကန္ဆီကေန တိုက္ေလယာဥ္ေတြဝယ္ယူမႈအျပင္ အျခားဦးစားေပးကိစၥေတြ ရွိေသးတယ္ဆိုတာကို ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီး ဂီဘာတိုတီယိုဒို႐ိုက ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔ Jose Manuel Romualdez က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Jose Manuel Romualdez က “ေခတ္မီတိုးတက္ေရးအစီအစဥ္အတြက္ ခ်ထားေပးတဲ့ဘတ္ဂ်က္ကို ဘယ္လိုသုံးသြားမလဲဆိုတာကို လာမယ့္ေဆြးေႏြးမႈေတြမွာ ကြၽန္ေတာ္တို႔ေတြ႕ျမင္ရ မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဖိလစ္ပိုင္အစိုးရဟာ ေတာင္ကိုရီးယားဆီကေန FA-50တိုက္ေလယာဥ္(၁၂)စင္းဝယ္ယူဖို႔အတြက္ အေမရိကန္ ေဒၚလာ(၇၀၃)သန္းတန္ဖိုးရွိ သေဘာတူညီခ်က္ကို ၿပီးခဲ့တဲ့ဇြန္လမွာ လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါ တယ္။