ခရိုအေးရှားကျေးရွာတစ်ခုက ၃ ကီလိုမီတာရှည်လျားတဲ့ ရိုးရာမုန့်တန်းပြုလုပ်ပြီး ဂင်းနစ်စံချိန်တင်

55

ရောင်နီ (NP News) - စက်တင်ဘာ ၁၁
ခရိုအေးရှားရှိ ဂျက်စကိုဗိုလို့ အမည်ရတဲ့ ရွာတစ်ရွာဟာ စက်တင်ဘာ ၆ ရက်က ဂျုံမှုန့်နဲ့ ပန်းသီးတွေကို အသုံးပြုပြီး ၃ ကီလိုမီတာကျော် ရှည်လျားတဲ့ ရိုးရာ strudel အချိုပွဲမုန့်ဖုတ်ပြီး မုန့်ကြိုးတန်းရှည်ဖန်တီးကာ ဂင်းနစ်မှတ်တမ်းတင်ခဲ့ပါတယ်။
ဂျက်စကိုဗို ရွာငယ်လေးဟာ ကမ္ဘာ့အရှည်ဆုံး strudel မုန့်ဖုတ်အချိုပွဲအတွက် ဂျုံမှုန့်နှစ်တန်နဲ့ ပန်းသီး(၃) တန် အသုံးပြုခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားပါတယ်။ တိုင်းတာမှုတွေ ပြီးတဲ့နောက် စုစုပေါင်း strudels မုန့်အရေအတွက် ၈,၉၄၀၊ အရှည် ၃,၁၃၆ မီတာနဲ့ ကမ္ဘာ့အရှည်ဆုံး strudels မုန့်တန်းကြီးအဖြစ် စံချိန်တင်ခဲ့ပါ တယ်။ Strudels မုန့်တွေကို အဖွဲ့အစည်းအသီးသီးက ဆာလောင်နေသူတွေဆီကို လှူဒါန်းသွားမယ်လို့ သိရပါ တယ်။
ရွာဟာ ရိုးရာ Strudelfest ကာလအတွင်း ရိုးရာ ဟင်းချက်နည်းတွေအတိုင်း ပြုလုပ်ထားသော strudels တွေကို ဖန်တီးပြုလုပ်ကြလေ့ရှိပါတယ်။ Strudel ဟာ ဒေသဆိုင်ရာ ရိုးရာဓလေ့တွေနဲ့ဆက်စပ်နေတဲ့ သင်္ကေတ တစ်ခုဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရာမှာလည်း အထောက်အကူဖြစ်စေတယ်လို့ ဒေသဆိုင် ရာ မြို့တော်ဝန် မာတီနာဖာဒက်ခ်ဟာဂျ်ဒင် က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ခ႐ိုေအးရွားေက်း႐ြာတစ္ခုက ၃ ကီလိုမီတာရွည္လ်ားတဲ့ ႐ိုးရာမုန႔္တန္းျပဳလုပ္ၿပီး ဂင္းနစ္စံခ်ိန္တင္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁
ခ႐ိုေအးရွားရွိ ဂ်က္စကိုဗိုလို႔ အမည္ရတဲ့ ႐ြာတစ္႐ြာဟာ စက္တင္ဘာ ၆ ရက္က ဂ်ဳံမႈန႔္နဲ႔ ပန္းသီးေတြကို အသုံးျပဳၿပီး ၃ ကီလိုမီတာေက်ာ္ ရွည္လ်ားတဲ့ ႐ိုးရာ strudel အခ်ိဳပြဲမုန႔္ဖုတ္ၿပီး မုန႔္ႀကိဳးတန္းရွည္ဖန္တီးကာ ဂင္းနစ္မွတ္တမ္းတင္ခဲ့ပါတယ္။
ဂ်က္စကိုဗို ႐ြာငယ္ေလးဟာ ကမာၻ႔အရွည္ဆုံး strudel မုန႔္ဖုတ္အခ်ိဳပြဲအတြက္ ဂ်ဳံမႈန႔္ႏွစ္တန္နဲ႔ ပန္းသီး(၃) တန္ အသုံးျပဳခဲ့တယ္လို႔ ပြဲစီစဥ္သူေတြက ေျပာၾကားပါတယ္။ တိုင္းတာမႈေတြ ၿပီးတဲ့ေနာက္ စုစုေပါင္း strudels မုန႔္အေရအတြက္ ၈,၉၄၀၊ အရွည္ ၃,၁၃၆ မီတာနဲ႔ ကမာၻ႔အရွည္ဆုံး strudels မုန႔္တန္းႀကီးအျဖစ္ စံခ်ိန္တင္ခဲ့ပါ တယ္။ Strudels မုန႔္ေတြကို အဖြဲ႕အစည္းအသီးသီးက ဆာေလာင္ေနသူေတြဆီကို လႉဒါန္းသြားမယ္လို႔ သိရပါ တယ္။
႐ြာဟာ ႐ိုးရာ Strudelfest ကာလအတြင္း ႐ိုးရာ ဟင္းခ်က္နည္းေတြအတိုင္း ျပဳလုပ္ထားေသာ strudels ေတြကို ဖန္တီးျပဳလုပ္ၾကေလ့ရွိပါတယ္။ Strudel ဟာ ေဒသဆိုင္ရာ ႐ိုးရာဓေလ့ေတြနဲ႔ဆက္စပ္ေနတဲ့ သေကၤတ တစ္ခုျဖစ္ၿပီး ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္မႈကိုျမႇင့္တင္ရာမွာလည္း အေထာက္အကူျဖစ္ေစတယ္လို႔ ေဒသဆိုင္ ရာ ၿမိဳ႕ေတာ္ဝန္ မာတီနာဖာဒက္ခ္ဟာဂ်္ဒင္ က ေျပာၾကားခဲ့ပါတယ္။