ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူကရိန်းသမ္မတဇီလန်စကီးကလွဲပြီး အခြားလူတွေအားလုံး ထောက်ခံတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 147

Pika (NP News) - ဒီဇင်ဘာ ၁၄

၎င်းအဆိုပြုခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူကရိန်းသမ္မတဇီလန်စကီးကလွဲပြီး အခြားလူတွေအားလုံးက ထောက်ခံကြတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းက စစ်မြေပြင် မှာ ရုရှားကို အနိုင်ရမှာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ဇီလန်စကီးကို ဒေါ်နယ်ထရမ့်က တိုက်တွန်း ခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးရဲ့သမ္မတသက်တမ်းဟာ (၂၀၂၄)ခုနှစ် မေလမှာ ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေတာ ကြောင့် စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းထားမှုကို ကိုးကားပြီး ရွေးကောက်ပွဲတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက ငြင်းဆန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်က ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက် တစ်ရပ်ရအောင် ကြားဝင်စေ့စပ်ပေးနိုင်ဖို့က အလွန်နီးစပ်နေပြီလို့ ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “တကယ်တော့ ဇီလန်စကီးကလွဲပြီး ယူကရိန်းပြည်သူအားလုံးက ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို သဘောကျကြပါတယ်။ ဒါက လတိုင်းလူထောင်ပေါင်းများစွာ သတ်ဖြတ်ခံနေရတာကို ရပ်တန့် သွားစေမယ့်သဘောတူညီချက်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း နယ်မြေတွေနဲ့ပတ်သက်ပြီး သဘောတူညီချက်မရှိသေးဘူးလို့လည်း ဒေါ်နယ်ထရမ့်က အကြံပြု ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “နယ်မြေဆိုင်ရာပြဿနာက နည်းနည်းရှုပ်ထွေးပါတယ်။ ဒါက လွယ်လွယ် ကူကူဖြေရှင်းလို့ရမယ့်ကိစ္စတစ်ခုမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ယူကရိန္းသမၼတဇီလန္စကီးကလြဲၿပီး အျခားလူေတြအားလုံး ေထာက္ခံတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၄
၎အဆိုျပဳခဲ့တဲ့ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ယူကရိန္းသမၼတဇီလန္စကီးကလြဲၿပီး အျခားလူေတြအားလုံးက ေထာက္ခံၾကတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းက စစ္ေျမျပင္ မွာ ႐ုရွားကို အႏိုင္ရမွာမဟုတ္ေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ ဇီလန္စကီးကို ေဒၚနယ္ထရမ့္က တိုက္တြန္း ခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးရဲ႕သမၼတသက္တမ္းဟာ (၂၀၂၄)ခုႏွစ္ ေမလမွာ ကုန္ဆုံးသြားခဲ့တာျဖစ္ၿပီး ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားေနတာ ေၾကာင့္ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပဌာန္းထားမႈကို ကိုးကားၿပီး ေ႐ြးေကာက္ပြဲေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက ျငင္းဆန္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္က ႐ုရွားနဲ႔ယူကရိန္းၾကား သေဘာတူညီခ်က္ တစ္ရပ္ရေအာင္ ၾကားဝင္ေစ့စပ္ေပးႏိုင္ဖို႔က အလြန္နီးစပ္ေနၿပီလို႔ ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “တကယ္ေတာ့ ဇီလန္စကီးကလြဲၿပီး ယူကရိန္းျပည္သူအားလုံးက ကြၽန္ေတာ့္ရဲ႕ ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္ကို သေဘာက်ၾကပါတယ္။ ဒါက လတိုင္းလူေထာင္ေပါင္းမ်ားစြာ သတ္ျဖတ္ခံေနရတာကို ရပ္တန႔္ သြားေစမယ့္သေဘာတူညီခ်က္တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း နယ္ေျမေတြနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္မရွိေသးဘူးလို႔လည္း ေဒၚနယ္ထရမ့္က အႀကံျပဳ ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “နယ္ေျမဆိုင္ရာျပႆနာက နည္းနည္းရႈပ္ေထြးပါတယ္။ ဒါက လြယ္လြယ္ ကူကူေျဖရွင္းလို႔ရမယ့္ကိစၥတစ္ခုမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.