အီရန်-အစ္စရေးစစ်ပွဲထဲမှာ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့လည်း ပါဝင်လာ

181

Pika (NP News) - မတ် ၂
အစ္စရေး-အီရန်ပဋိပက္ခမှာ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကလည်း ပါဝင်လာခဲ့ပြီး အီရန်ရဲ့ထိပ်တန်းခေါင်ဆောင် အလီခါမေနီသေဆုံးမှုအတွက် လက်စားချေတဲ့အနေနဲ့ အစ္စရေးကို ဒရုန်း တွေ၊ ဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်လာပြီလို့ သိရပါတယ်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က “အစ္စရေးက ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ပြည်သူ တွေကို သတ်ဖြတ်နေတာကြောင့် ကျွန်တော်တို့လည်း လက်တုံ့ပြန်တိုက်ခိုက်ရတာပါ” လို့ ပြောခဲ့ပါ တယ်။
ဒါ့ပြင် အစ္စရေးကလည်း ဘေရွတ်မြို့တောင်ပိုင်းက ဆင်ခြေဖုံးရပ်ကွက်တွေ အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ လည်း သိရပါတယ်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က “ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေက အလီခါမေနီအတွက် လက်စားချေ တာ၊ လက်ဘနွန်နဲ့ ၎င်းရဲ့ပြည်သူတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်တစ်ဝှမ်းကို ဗုံးကြဲတိုက်ခိုက်မှုတွေစတင်လုပ်ဆောင်ခဲ့ပြီးနောက် အချိန် တစ်ရက်လောက်အကြာမှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုတွေမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါ တယ်။

Zawgyi Version;
အီရန္-အစၥေရးစစ္ပြဲထဲမွာ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕လည္း ပါဝင္လာ
Pika (NP News) - မတ္ ၂
အစၥေရး-အီရန္ပဋိပကၡမွာ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကလည္း ပါဝင္လာခဲ့ၿပီး အီရန္ရဲ႕ထိပ္တန္းေခါင္ေဆာင္ အလီခါေမနီေသဆုံးမႈအတြက္ လက္စားေခ်တဲ့အေနနဲ႔ အစၥေရးကို ဒ႐ုန္း ေတြ၊ ဒုံးက်ည္ေတြနဲ႔စတင္ပစ္ခတ္တိုက္ခိုက္လာၿပီလို႔ သိရပါတယ္။
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က “အစၥေရးက ကြၽန္ေတာ္တို႔ရဲ႕ေခါင္းေဆာင္ေတြ၊ လူငယ္ေတြနဲ႔ျပည္သူ ေတြကို သတ္ျဖတ္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔လည္း လက္တုံ႔ျပန္တိုက္ခိုက္ရတာပါ” လို႔ ေျပာခဲ့ပါ တယ္။
ဒါ့ျပင္ အစၥေရးကလည္း ေဘ႐ြတ္ၿမိဳ႕ေတာင္ပိုင္းက ဆင္ေျခဖုံးရပ္ကြက္ေတြ အပါအဝင္ ႏိုင္ငံတစ္ဝွမ္းမွာ ရွိတဲ့ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ေတြကို တိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔ လည္း သိရပါတယ္။
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က “ကြၽန္ေတာ္တို႔ရဲ႕တိုက္ခိုက္မႈေတြက အလီခါေမနီအတြက္ လက္စားေခ် တာ၊ လက္ဘႏြန္နဲ႔ ၎ရဲ႕ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္နဲ႔ အစၥေရးတို႔က အီရန္တစ္ဝွမ္းကို ဗုံးႀကဲတိုက္ခိုက္မႈေတြစတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အခ်ိန္ တစ္ရက္ေလာက္အၾကာမွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က တိုက္ခိုက္မႈေတြမွာ ပါဝင္လာခဲ့တာပဲျဖစ္ပါ တယ္။