ဘီလာရုစ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံမှာ သံရုံးတစ်ခု ဖွင့်လှစ်သွားမယ်

119

Pika (NP News) - မတ် ၂၈
ဘီလာရုစ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံမှာ သံရုံးတစ်ခုဖွင့်လှစ်မယ့်အစီအစဉ်တွေကို ဘီလာရုစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ဘီလာရုစ်သမ္မတလူကာရှန်ကိုနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ကြား တွေ့ဆုံဆွေးနွေးမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုမျိုး ထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် ခေါင်းဆောင်နှစ်ဦးဟာ ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲအချိန်မှာ ပိုမိုနက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက်မှု အတွက် ရည်ရွယ်တဲ့ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဘီလာရုစ် အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဘီလာရုစ်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ ၎င်းတို့ရဲ့နိုင်ငံသားတွေအတွက် ဗီဇာမဲ့ခရီးသွားလာရေးလုပ်ငန်းတွေကို လည်း အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး မက်ဆင်းရိုင်ဇန်ကော့ဗ်က ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် ပြုံးယမ်းမြို့မှာလုပ်ဆောင်ခဲ့တဲ့တွေ့ဆုံဆွေးနွေးမှုအတွင်း ဘီလာရုစ်ကို လာရောက်လည်ပတ်ဖို့ ကင်ဂျုံအန်းကို လူကာရှန်ကိုက ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ လူကာရှန်ကိုနဲ့ ကင်ဂျုံအန်းတို့ဟာ လက်ဆောင်တွေလည်း ဖလှယ်ခဲ့ကြပြီး ဘီလာရုစ်ထုတ် AK ပုံစံ တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်ကို လူကာရှန်ကို က ကင်ဂျုံအန်းကို လက်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဘီလာ႐ုစ္ႏိုင္ငံက ေျမာက္ကိုရီးယားႏိုင္ငံမွာ သံ႐ုံးတစ္ခု ဖြင့္လွစ္သြားမယ္
Pika (NP News) - မတ္ ၂၈
ဘီလာ႐ုစ္ႏိုင္ငံက ေျမာက္ကိုရီးယားႏိုင္ငံမွာ သံ႐ုံးတစ္ခုဖြင့္လွစ္မယ့္အစီအစဥ္ေတြကို ဘီလာ႐ုစ္အစိုးရက ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕မွာ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္တို႔ၾကား ေတြ႕ဆုံေဆြးေႏြးမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုမ်ိဳး ထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။
ဒါ့ျပင္ ေခါင္းေဆာင္ႏွစ္ဦးဟာ ကမာၻလုံးဆိုင္ရာအေျပာင္းအလဲအခ်ိန္မွာ ပိုမိုနက္ရႈိင္းတဲ့ပူးေပါင္းေဆာင္႐ြက္မႈ အတြက္ ရည္႐ြယ္တဲ့ခ်စ္ၾကည္ေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ ဘီလာ႐ုစ္ အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဘီလာ႐ုစ္နဲ႔ေျမာက္ကိုရီးယားႏိုင္ငံတို႔ဟာ ၎တို႔ရဲ႕ႏိုင္ငံသားေတြအတြက္ ဗီဇာမဲ့ခရီးသြားလာေရးလုပ္ငန္းေတြကို လည္း အရွိန္ျမႇင့္လုပ္ေဆာင္သြားမယ္လို႔ ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး မက္ဆင္း႐ိုင္ဇန္ေကာ့ဗ္က ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ ၿပဳံးယမ္းၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ေတြ႕ဆုံေဆြးေႏြးမႈအတြင္း ဘီလာ႐ုစ္ကို လာေရာက္လည္ပတ္ဖို႔ ကင္ဂ်ဳံအန္းကို လူကာရွန္ကိုက ဖိတ္ၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ လူကာရွန္ကိုနဲ႔ ကင္ဂ်ဳံအန္းတို႔ဟာ လက္ေဆာင္ေတြလည္း ဖလွယ္ခဲ့ၾကၿပီး ဘီလာ႐ုစ္ထုတ္ AK ပုံစံ တိုက္ခိုက္ေရး႐ိုင္ဖယ္တစ္လက္ကို လူကာရွန္ကို က ကင္ဂ်ဳံအန္းကို လက္ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။