အီရန်အစိုးရရဲ့ပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပြီလို့ အစ္စရေးစစ်ဘက်ပြော

 130

Pika (NP News) - မတ် ၂၈

မတ်လ(၂၈)ရက်နေ့အစောပိုင်းမှာ အီရန်အစိုးရဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေစတင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အီရန်မြို့တော်တီဟီရန်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေ(၁၀)ကြိမ်ခန့်ကြားခဲ့ရပြီး မီးခိုးလုံးကြီးတွေ ကောင်းကင်ပေါ်ကို တက်လာတာကို တွေ့မြင်ခဲ့ရတယ်လို့လည်း AFP သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပါ တယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ တီဟီရန်မြို့တစ်ဝှမ်းက အီရန်အစိုးရပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ထားပေမယ့်လည်း စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခု စတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေက သမိုင်း တစ်လျှောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အီရန်အပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာ လက်နက် ကိုင်အဖွဲ့ကလည်း အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး စစ်မျက်နှာအသစ်ကို ဖွင့်လှစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္အစိုးရရဲ႕ပစ္မွတ္ေတြကို စတင္တိုက္ခိုက္ေနၿပီလို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၈
မတ္လ(၂၈)ရက္ေန႔အေစာပိုင္းမွာ အီရန္အစိုးရဲ႕ပစ္မွတ္ေတြကို တိုက္ခိုက္မႈေတြစတင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္ က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ၿမိဳ႕ေတာ္တီဟီရန္မွာ ျပင္းထန္တဲ့ေပါက္ကြဲမႈေတြ(၁၀)ႀကိမ္ခန႔္ၾကားခဲ့ရၿပီး မီးခိုးလုံးႀကီးေတြ ေကာင္းကင္ေပၚကို တက္လာတာကို ေတြ႕ျမင္ခဲ့ရတယ္လို႔လည္း AFP သတင္းေထာက္တစ္ဦးက ေျပာၾကားခဲ့ပါ တယ္။
အစၥေရးတပ္ဖြဲ႕ေတြဟာ တီဟီရန္ၿမိဳ႕တစ္ဝွမ္းက အီရန္အစိုးရပစ္မွတ္ေတြကို တိုက္ခိုက္မႈေတြ ျပင္းျပင္းထန္ထန္ လုပ္ေဆာင္ေနတယ္လို႔ အစၥေရးစစ္တပ္က သတင္းထုတ္ျပန္ထားေပမယ့္လည္း စစ္ဆင္ေရးနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲတစ္ခု စတင္ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာခဲ့ၿပီး တင္းမာမႈေတြက သမိုင္း တစ္ေလွ်ာက္ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အီရန္အေပၚအစၥေရးရဲ႕တိုက္ခိုက္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာ လက္နက္ ကိုင္အဖြဲ႕ကလည္း အစၥေရးကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီး စစ္မ်က္ႏွာအသစ္ကို ဖြင့္လွစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Picture

Hlaing Wai Phyo

28/03/2026 15:05

ဒုတိယခရူးဆိတ္စစ်္ပဲြေပါ္လာေလမလား။

Related news

© 2021. All rights reserved.