တရုတ်မှာ ကျောင်းသားတွေအပေါ် ပညာရေးဖိအားလျှော့ချနိုင်ဖို့ တရုတ်ပညာရေးဝန်ကြီးဌာန မူဝါဒသစ်ထုတ်ပြန်

 94

ရောင်နီ (NP News) - မတ် ၂၈

တရုတ်နိုင်ငံမှာ ကျောင်းသားတွေအပေါ် ကျရောက်နေတဲ့ပညာရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေနဲ့ ဖိအားတွေကို လျှော့ချဖို့အတွက် ရည်ရွယ်တဲ့မူဘောင်သစ်တစ်ရပ်ကို တရုတ်ပညာရေးဝန်ကြီးဌာနက သောကြာနေ့ (မတ်လ ၂၇ ရက်) မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကျောင်းသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ဖို့အတွက် အိမ်စာတွေ အလွန်အကျွံပေးခြင်းနဲ့ ကျောင်းသားတွေရဲ့ အားလပ်ချိန်ကို ထိခိုက်စေမယ့်အရာတွေကို တားမြစ်တဲ့ အစီအမံတွေ ပါဝင်ပါတယ်။ ဝန်ကြီးဌာနရဲ့ WeChat လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ကျောင်းတွေ အနေနဲ့ စာမေးပွဲတွေ မကြာခဏ ကျင်းပခြင်းနဲ့ ကျောင်းသားတွေအပေါ် ပညာရေးဝန်ထုပ်ဝန်ပိုး တိုးမြှင့်မှုကို တားမြစ်ခြင်း၊ ကျောင်းသားတွေကို ရွေးချယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘယ်လိုစာမေးပွဲမျိုးကိုမဆို ကျင်းပမှု တားမြစ်ခြင်း၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ အမှတ်အများဆုံးရသူများပေါ် ဆရာ၊ ဆရာမတွေက ဆုချီးမြှင့်ခြင်း (သို့မဟုတ်) အမှတ်နည်းသူကို အပြစ်ပေးခြင်း မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ မူကြိုနဲ့ သူငယ်တန်း အရွယ်တွေ မှာ မူလတန်းသင်ရိုးညွှန်းတမ်းတွေ ကြိုတင်သင်ကြားမှုကို တင်းကြပ်စွာ တားမြစ်ထားပြီး၊ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေအတွက် ကျောင်းတက်ရက်တိုင်း အနည်းဆုံး (၂) နာရီကြာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့ သတ်မှတ်ထားပါတယ်။ ဒါအပြင် ကျောင်းသားတွေရဲ့အားလပ်ချိန်အတွင်း စာသင်ခန်းထဲမှာသာ ပိတ်လှောင်ထားခြင်းမျိုးမပြုလုပ်ဖို့လည်း သတိပေးထားပါတယ်။
တရုတ်အစိုးရဟာ နွေရာသီနဲ့ ဆောင်းရာသီ အားလပ်ရက်တွေအပြင် နွေဦးနဲ့ ဆောင်းဦးရာသီမှာပါ အားလပ်ရက်တွေကို အသစ်တိုးမြှင့် မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ ယခု အချို့ ကောလိပ်တွေမှာ နွေဦး အားလပ်ရက်တွေ စတင်ပေးအပ်နေပြီဖြစ်ပါတယ်။ ယခုလုပ်ဆောင်ချက်ဟာ ကလေးတွေ အမှတ်ကောင်း ရရှိရေး ထက် စာအုပ်ကြီး ပညာရေးစနစ်မှ ခွဲထွက်ပြီး ကျောင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတစ်ရပ် ဖြစ်တယ်လို့ ပညာရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Zawgyi Version;
တ႐ုတ္မွာ ေက်ာင္းသားေတြအေပၚ ပညာေရးဖိအားေလွ်ာ့ခ်ႏိုင္ဖို႔ တ႐ုတ္ပညာေရးဝန္ႀကီးဌာန မူဝါဒသစ္ထုတ္ျပန္
ေရာင္နီ (NP News) - မတ္ ၂၈
တ႐ုတ္ႏိုင္ငံမွာ ေက်ာင္းသားေတြအေပၚ က်ေရာက္ေနတဲ့ပညာေရးဆိုင္ရဝန္ထုပ္ဝန္ပိုးေတြနဲ႔ ဖိအားေတြကို ေလွ်ာ့ခ်ဖို႔အတြက္ ရည္႐ြယ္တဲ့မူေဘာင္သစ္တစ္ရပ္ကို တ႐ုတ္ပညာေရးဝန္ႀကီးဌာနက ေသာၾကာေန႔ (မတ္လ ၂၇ ရက္) မွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
အဲဒီထုတ္ျပန္ခ်က္မွာ ေက်ာင္းသားေတြရဲ႕႐ုပ္ပိုင္းဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကို ျမႇင့္တင္ဖို႔အတြက္ အိမ္စာေတြ အလြန္အကြၽံေပးျခင္းနဲ႔ ေက်ာင္းသားေတြရဲ႕ အားလပ္ခ်ိန္ကို ထိခိုက္ေစမယ့္အရာေတြကို တားျမစ္တဲ့ အစီအမံေတြ ပါဝင္ပါတယ္။ ဝန္ႀကီးဌာနရဲ႕ WeChat လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပထားခ်က္အရ ေက်ာင္းေတြ အေနနဲ႔ စာေမးပြဲေတြ မၾကာခဏ က်င္းပျခင္းနဲ႔ ေက်ာင္းသားေတြအေပၚ ပညာေရးဝန္ထုပ္ဝန္ပိုး တိုးျမႇင့္မႈကို တားျမစ္ျခင္း၊ ေက်ာင္းသားေတြကို ေ႐ြးခ်ယ္မယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ ဘယ္လိုစာေမးပြဲမ်ိဳးကိုမဆို က်င္းပမႈ တားျမစ္ျခင္း၊ ေကာလိပ္ဝင္ခြင့္စာေမးပြဲ အမွတ္အမ်ားဆုံးရသူမ်ားေပၚ ဆရာ၊ ဆရာမေတြက ဆုခ်ီးျမႇင့္ျခင္း (သို႔မဟုတ္) အမွတ္နည္းသူကို အျပစ္ေပးျခင္း မျပဳလုပ္ဖို႔ တားျမစ္ထားပါတယ္။ မူႀကိဳနဲ႔ သူငယ္တန္း အ႐ြယ္ေတြ မွာ မူလတန္းသင္႐ိုးၫႊန္းတမ္းေတြ ႀကိဳတင္သင္ၾကားမႈကို တင္းၾကပ္စြာ တားျမစ္ထားၿပီး၊ မူလတန္းနဲ႔ အလယ္တန္းေက်ာင္းသားေတြအတြက္ ေက်ာင္းတက္ရက္တိုင္း အနည္းဆုံး (၂) နာရီၾကာ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ဖို႔ သတ္မွတ္ထားပါတယ္။ ဒါအျပင္ ေက်ာင္းသားေတြရဲ႕အားလပ္ခ်ိန္အတြင္း စာသင္ခန္းထဲမွာသာ ပိတ္ေလွာင္ထားျခင္းမ်ိဳးမျပဳလုပ္ဖို႔လည္း သတိေပးထားပါတယ္။
တ႐ုတ္အစိုးရဟာ ေႏြရာသီနဲ႔ ေဆာင္းရာသီ အားလပ္ရက္ေတြအျပင္ ေႏြဦးနဲ႔ ေဆာင္းဦးရာသီမွာပါ အားလပ္ရက္ေတြကို အသစ္တိုးျမႇင့္ မိတ္ဆက္ေပးသြားမယ္လို႔ သိရပါတယ္။ ယခု အခ်ိဳ႕ ေကာလိပ္ေတြမွာ ေႏြဦး အားလပ္ရက္ေတြ စတင္ေပးအပ္ေနၿပီျဖစ္ပါတယ္။ ယခုလုပ္ေဆာင္ခ်က္ဟာ ကေလးေတြ အမွတ္ေကာင္း ရရွိေရး ထက္ စာအုပ္ႀကီး ပညာေရးစနစ္မွ ခြဲထြက္ၿပီး ေက်ာင္းသားေတြရဲ႕ စိုးရိမ္ပူပန္မႈနဲ႔ စိတ္ဓာတ္က်မႈျပႆနာေတြကို ေျဖရွင္းဖို႔ ႀကိဳးပမ္းမႈတစ္ရပ္ ျဖစ္တယ္လို႔ ပညာေရးကြၽမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။

Related news

© 2021. All rights reserved.