အရှေ့အလယ်ပိုင်းပဋိပက္ခက ကိုဗစ်(၁၉)ကပ်ရောဂါ၏ အကျိုးဆက်နှင့် တန်းတူလောက်ရှိနိုင်ကြောင်း ရုရှားသမ္မတပူတင် ခန့်မှန်းပြောဆို

156

Pika (NP News) - မတ် ၂၉
အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခ၏အကျိုးဆက်များကို ခန့်မှန်းရန်ခက်ခဲသော်လည်း အချို့က ကိုဗစ်(၁၉)ကပ်ရောဂါကာလ၏ အလားအလာရှိသောအကျိုးသက်ရောက်မှုများနှင့် တန်းတူလောက်ရှိခဲ့ကြ ကြောင်း ရုရှားသမ္မတပူတင်က ပြောဆိုခဲ့သည်။ လက်ရှိဖြစ်ပွားနေသောပဋိပက္ခသည် နိုင်ငံတကာ ထောက်ပံ့ပို့ ဆောင်ရေး၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် သိသာထင်ရှားသောပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေပြီး ဟိုက်ဒရို ကာဗွန်၊ သတ္တုနှင့် ဓာတ်မြေဩဇာကုမ္ပဏီများအပေါ် ပြင်းထန်သောဖိအားများပေးနေကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ ပူတင်က ‘အရှေ့အလယ် ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခရဲ့အကျိုးဆက် တွေကို တိကျစွာ ခန့်မှန်းဖို့က ခက်ခဲနေဆဲဖြစ်ပါတယ်။ ပဋိပက္ခမှာပါဝင်နေတဲ့သူတွေတောင် အကျိုးဆက်ကို ခန့်မှန်းနိုင်မှာမဟုတ်တာ ကြောင့် ကျွန်တော်တို့အတွက်က ခန့်မှန်းဖို့ပိုခက်ခဲပါတယ်’ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ကိုဗစ်(၁၉)ကပ် ရောဂါကာလ၏ အကျိုးသက်ရောက်မှုများနှင့်နှိုင်းယှဉ်နိုင်သည် ဆိုသည့် ခန့်မှန်းချက်များလည်း ရှိနေပြီးပြီဖြစ်ကြောင်း ပူတင် ကပြောကြားခဲ့သည်။ ပူတင်က ]ကိုဗစ်(၁၉)ကပ်ရောဂါက ဒေသတွေနဲ့တိုက်ကြီးတွေအားလုံးရဲ့ ဖွံ့ဖြိုးတိုး တက်မှုကို သိသိသာသာ နှေးကွေးစေခဲ့တယ်ဆိုတာ ကို အားလုံးသိအောင်ထပ်ပြောလိုပါတယ်}ဟု ပြော ဆိုခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၈) ရက်တွင် အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲ စတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်းဒေသတွင် ကျယ်ပြန့်သောပဋိပက္ခကြီးတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တင်းမာမှုများ မှာ အဆိုးရွားဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း လည်းသိရသည်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းပဋိပကၡက ကိုဗစ္(၁၉)ကပ္ေရာဂါ၏ အက်ိဳးဆက္ႏွင့္ တန္းတူေလာက္ရွိႏိုင္ေၾကာင္း ႐ုရွားသမၼတပူတင္ ခန႔္မွန္းေျပာဆို
Pika (NP News) - မတ္ ၂၉
အေရွ႕အလယ္ပိုင္းေဒသတြင္ျဖစ္ပြားေနေသာ ပဋိပကၡ၏အက်ိဳးဆက္မ်ားကို ခန႔္မွန္းရန္ခက္ခဲေသာ္လည္း အခ်ိဳ႕က ကိုဗစ္(၁၉)ကပ္ေရာဂါကာလ၏ အလားအလာရွိေသာအက်ိဳးသက္ေရာက္မႈမ်ားႏွင့္ တန္းတူေလာက္ရွိခဲ့ၾက ေၾကာင္း ႐ုရွားသမၼတပူတင္က ေျပာဆိုခဲ့သည္။ လက္ရွိျဖစ္ပြားေနေသာပဋိပကၡသည္ ႏိုင္ငံတကာ ေထာက္ပံ့ပို႔ ေဆာင္ေရး၊ ထုတ္လုပ္မႈႏွင့္ ေထာက္ပံ့ေရးကြင္းဆက္မ်ားတြင္ သိသာထင္ရွားေသာပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚေစၿပီး ဟိုက္ဒ႐ို ကာဗြန္၊ သတၱဳႏွင့္ ဓာတ္ေျမဩဇာကုမၸဏီမ်ားအေပၚ ျပင္းထန္ေသာဖိအားမ်ားေပးေနေၾကာင္း ပူတင္က ထပ္မံေျပာၾကားခဲ့သည္။ ပူတင္က ‘အေရွ႕အလယ္ ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ပဋိပကၡရဲ႕အက်ိဳးဆက္ ေတြကို တိက်စြာ ခန႔္မွန္းဖို႔က ခက္ခဲေနဆဲျဖစ္ပါတယ္။ ပဋိပကၡမွာပါဝင္ေနတဲ့သူေတြေတာင္ အက်ိဳးဆက္ကို ခန႔္မွန္းႏိုင္မွာမဟုတ္တာ ေၾကာင့္ ကြၽန္ေတာ္တို႔အတြက္က ခန႔္မွန္းဖို႔ပိုခက္ခဲပါတယ္’ဟု ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ကိုဗစ္(၁၉)ကပ္ ေရာဂါကာလ၏ အက်ိဳးသက္ေရာက္မႈမ်ားႏွင့္ႏႈိင္းယွဥ္ႏိုင္သည္ ဆိုသည့္ ခန႔္မွန္းခ်က္မ်ားလည္း ရွိေနၿပီးၿပီျဖစ္ေၾကာင္း ပူတင္ ကေျပာၾကားခဲ့သည္။ ပူတင္က ]ကိုဗစ္(၁၉)ကပ္ေရာဂါက ေဒသေတြနဲ႔တိုက္ႀကီးေတြအားလုံးရဲ႕ ဖြံ႕ၿဖိဳးတိုး တက္မႈကို သိသိသာသာ ေႏွးေကြးေစခဲ့တယ္ဆိုတာ ကို အားလုံးသိေအာင္ထပ္ေျပာလိုပါတယ္}ဟု ေျပာ ဆိုခဲ့သည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၈) ရက္တြင္ အေမရိကန္ႏွင့္အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲ စတင္ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕ အလယ္ပိုင္းေဒသတြင္ က်ယ္ျပန႔္ေသာပဋိပကၡႀကီးတစ္ခု ေပၚေပါက္လာခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ တင္းမာမႈမ်ား မွာ အဆိုး႐ြားဆုံးအဆင့္ကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း လည္းသိရသည္။