ဒုံးကျည်နဲ့ဒရုန်းတန်ပြန်ရေး သဘောတူညီချက်ကို ကာတာနဲ့ယူကရိန်းတို့ လက်မှတ်ရေးထိုး

135

Pika (NP News) - မတ် ၂၉
ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်ရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကို ကာတာနဲ့ယူကရိန်းတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။အိမ်နီးချင်းနိုင်ငံတွေကို လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ဖို့ အီရန်ကဖိအားပေးမှုတွေရှိနေချိန်မှာပဲ ကာတာနဲ့ယူကရိန်းကြားမှာ ယခုလိုမျိုး သဘောတူညီချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက "သဘောတူညီချက်ထဲမှာ နည်းပညာနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု၊ပူးတွဲရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ဒုံးကျည်နဲ့ဒရုန်းခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကျွမ်းကျင်မှုဖလှယ်ရေးတို့ပါဝင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဇီလန်စကီးဟာ ယူအေအီးနိုင်ငံကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတSheikh Mohammed bin Zayed Al Nahyanနဲ့တွေ့ဆုံခဲ့ကာ လုံခြုံရေးနဲ့ကာကွယ်ရေးနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရုရှားဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပစ်ချရာမှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိခဲ့တဲ့ ယူကရိန်းဟာ အီရန်ရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်ဖို့နဲ့ပတ်သက်ပြီး လုံခြုံရေးသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးဖို့ နီးကပ်နေပြီလို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ဒုံးက်ည္နဲ႔ဒ႐ုန္းတန္ျပန္ေရး သေဘာတူညီခ်က္ကို ကာတာနဲ႔ယူကရိန္းတို႔ လက္မွတ္ေရးထိုး
Pika (NP News) - မတ္ ၂၉
ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ ၿခိမ္းေျခာက္မႈေတြကို တန္ျပန္တိုက္ခိုက္ေရးပူးေပါင္းေဆာင္႐ြက္မႈအပါအဝင္ ကာကြယ္ေရးသေဘာတူညီခ်က္တစ္ရပ္ကို ကာတာနဲ႔ယူကရိန္းတို႔က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။အိမ္နီးခ်င္းႏိုင္ငံေတြကို ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုျပဳလုပ္ဖို႔ အီရန္ကဖိအားေပးမႈေတြရွိေနခ်ိန္မွာပဲ ကာတာနဲ႔ယူကရိန္းၾကားမွာ ယခုလိုမ်ိဳး သေဘာတူညီခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးက "သေဘာတူညီခ်က္ထဲမွာ နည္းပညာနယ္ပယ္မွာ ပူးေပါင္းေဆာင္႐ြက္မႈ၊ပူးတြဲရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ဒုံးက်ည္နဲ႔ဒ႐ုန္းၿခိမ္းေျခာက္မႈေတြကို တန္ျပန္တိုက္ခိုက္ေရးဆိုင္ရာ ကြၽမ္းက်င္မႈဖလွယ္ေရးတို႔ပါဝင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဇီလန္စကီးဟာ ယူေအအီးႏိုင္ငံကိုလည္း သြားေရာက္လည္ပတ္ခဲ့ၿပီး သမၼတSheikh Mohammed bin Zayed Al Nahyanနဲ႔ေတြ႕ဆုံခဲ့ကာ လုံၿခဳံေရးနဲ႔ကာကြယ္ေရးနယ္ပယ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
႐ုရွားဒ႐ုန္းေတြနဲ႔ ဒုံးက်ည္ေတြကို ပစ္ခ်ရာမွာ ႏွစ္ေပါင္းမ်ားစြာအေတြ႕အႀကဳံရွိခဲ့တဲ့ ယူကရိန္းဟာ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို တန္ျပန္တိုက္ခိုက္ဖို႔နဲ႔ပတ္သက္ၿပီး လုံၿခဳံေရးသေဘာတူညီခ်က္မ်ားစြာကို လက္မွတ္ေရးထိုးဖို႔ နီးကပ္ေနၿပီလို႔လည္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Andrii Sybiha က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။