ယူကရိန်းသို့ မရှိမဖြစ်လိုအပ်သောပစ္စည်းများ ပို့ပေးနေဆဲဖြစ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော

 66

Pika (NP News) - မတ် ၂၉

အမေရိကန်၏လက် နက်ထောက်ပံ့မှုဆိုင် ရာရန်ပုံငွေအစီအစဉ်မှတစ်ဆင့် မရှိမဖြစ်လိုအပ်သော စစ်ဘက်ဆိုင် ရာပစ္စည်းများကို ယူကရိန်းသို့ ဆက်လက်ပို့ဆောင်ပေးနေဆဲဖြစ်ကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး မာ့ခ်ရူတီက ထုတ်ပြန်ပြော ဆိုခဲ့သည်။ မာ့ခ်ရူတီက ‘မိတ်ဖက်နိုင်ငံတွေကပေးချေတဲ့ အမေရိကန်ရဲ့ ယူကရိန်းအပေါ် အရေးပါတဲ့ ပံ့ပိုးမှုတွေဟာ ဆက်လက်စီးဆင်းနေဆဲဖြစ်ပါတယ်။ အဲဒါက အမေရိကန်က ယူကရိန်းနဲ့မျှဝေနေတဲ့ ထောက်လှမ်းရေးအချက်အလက်တွေနဲ့ ဆက်စပ်နေတာကြောင့် တကယ့်ကိုအရေးကြီးပါတယ်}ဟုပြော ဆိုခဲ့သည်။ အီရန်စစ်ပွဲက အမေရိကန်စစ်တပ်၏ အရေးအကြီးဆုံးစစ်လက်နက်ပစ္စည်းအချို့၏ထောက် ပံ့မှုများကိုထိခိုက်စေမှုနှင့် အတူ အမေရိကန်စစ်ဌာန ချုပ်ပင်တဂွန်က မူလက ယူကရိန်းအတွက်ရည်ရွယ် ထားသောလက်နက်များကို အရှေ့ အလယ်ပိုင်းသို့ ပြန်လည်လွှဲပြောင်းရန်စဉ်းစားနေကြောင်း Washin­g­­ton Post သတင်းစာက ရေးသားဖော်ပြခဲ့ပြီး နောက် မာ့ခ်ရူတီ၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရုရှားနှင့်ယူကရိန်းကြား စစ်ပွဲဖြစ် ပွားခဲ့သည်မှာ အချိန်(၄)နှစ်ကျော်ကြာမြင့် လာပြီဖြစ်ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးနှင့်ပတ် သက်ပြီး သိသာထင်ရှား သောသဘောတူညီချက်များကို ရယူနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ထို့ပြင် ရုရှားနှင့်ယူကရိန်းတို့သည် ငြိမ်းချမ်း ရေးဆွေး နွေးပွဲများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သော်လည်း အကျဉ်းသားများ အပြန်အလှန်လဲလှယ်ခြင်းနှင့် စစ်ပွဲ အတွင်းသေဆုံးခဲ့သည့်စစ်သားတို့၏ ရုပ်အလောင်းများ အပြန်အလှန်ပေးအပ်ခြင်းတို့ကဲ့သို့သော သဘောတူညီချက်မျိုး ကိုသာ ရယူနိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version;
ယူကရိန္းသို႔ မရွိမျဖစ္လိုအပ္ေသာပစၥည္းမ်ား ပို႔ေပးေနဆဲျဖစ္ေၾကာင္း ေနတိုးအဖြဲ႕အႀကီးအကဲေျပာ
Pika (NP News) - မတ္ ၂၉

အေမရိကန္၏လက္ နက္ေထာက္ပံ့မႈဆိုင္ ရာရန္ပုံေငြအစီအစဥ္မွတစ္ဆင့္ မရွိမျဖစ္လိုအပ္ေသာ စစ္ဘက္ဆိုင္ ရာပစၥည္းမ်ားကို ယူကရိန္းသို႔ ဆက္လက္ပို႔ေဆာင္ေပးေနဆဲျဖစ္ေၾကာင္း ေနတိုးအဖြဲ႕ အေထြေထြအတြင္းေရးမႉး မာ့ခ္႐ူတီက ထုတ္ျပန္ေျပာ ဆိုခဲ့သည္။ မာ့ခ္႐ူတီက ‘မိတ္ဖက္ႏိုင္ငံေတြကေပးေခ်တဲ့ အေမရိကန္ရဲ႕ ယူကရိန္းအေပၚ အေရးပါတဲ့ ပံ့ပိုးမႈေတြဟာ ဆက္လက္စီးဆင္းေနဆဲျဖစ္ပါတယ္။ အဲဒါက အေမရိကန္က ယူကရိန္းနဲ႔မွ်ေဝေနတဲ့ ေထာက္လွမ္းေရးအခ်က္အလက္ေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ တကယ့္ကိုအေရးႀကီးပါတယ္}ဟုေျပာ ဆိုခဲ့သည္။ အီရန္စစ္ပြဲက အေမရိကန္စစ္တပ္၏ အေရးအႀကီးဆုံးစစ္လက္နက္ပစၥည္းအခ်ိဳ႕၏ေထာက္ ပံ့မႈမ်ားကိုထိခိုက္ေစမႈႏွင့္ အတူ အေမရိကန္စစ္ဌာန ခ်ဳပ္ပင္တဂြန္က မူလက ယူကရိန္းအတြက္ရည္႐ြယ္ ထားေသာလက္နက္မ်ားကို အေရွ႕ အလယ္ပိုင္းသို႔ ျပန္လည္လႊဲေျပာင္းရန္စဥ္းစားေနေၾကာင္း Washin­g­­ton Post သတင္းစာက ေရးသားေဖာ္ျပခဲ့ၿပီး ေနာက္ မာ့ခ္႐ူတီ၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ႐ုရွားႏွင့္ယူကရိန္းၾကား စစ္ပြဲျဖစ္ ပြားခဲ့သည္မွာ အခ်ိန္(၄)ႏွစ္ေက်ာ္ၾကာျမင့္ လာၿပီျဖစ္ၿပီး ႏွစ္ဖက္စလုံးက ၿငိမ္းခ်မ္းေရးႏွင့္ပတ္ သက္ၿပီး သိသာထင္ရွား ေသာသေဘာတူညီခ်က္မ်ားကို ရယူႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ထို႔ျပင္ ႐ုရွားႏွင့္ယူကရိန္းတို႔သည္ ၿငိမ္းခ်မ္း ေရးေဆြး ေႏြးပြဲမ်ားကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေသာ္လည္း အက်ဥ္းသားမ်ား အျပန္အလွန္လဲလွယ္ျခင္းႏွင့္ စစ္ပြဲ အတြင္းေသဆုံးခဲ့သည့္စစ္သားတို႔၏ ႐ုပ္အေလာင္းမ်ား အျပန္အလွန္ေပးအပ္ျခင္းတို႔ကဲ့သို႔ေသာ သေဘာတူညီခ်က္မ်ိဳး ကိုသာ ရယူႏိုင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.