ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ (၅) နိုင်ငံကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပေးဟု အီရန်အစိုးရပြော

702

ဂျန်ဇက် (NP News) - မတ် ၂၉
အီရန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံအဖြစ်သတ်မှတ်ထားသည့် နိုင်ငံ(၅)နိုင်ငံမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် အီရန်အစိုးရ၏ ခွင့်ပြုချက်သည် စွမ်းအင်အခက်ခဲများ နှင့်ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဖိအားများကို ဖြေလျှော့လာဖွယ်ရှိနေကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှားနိုင်ငံတို့နှင့် ဟော်မုဇ်ရေလက်ကြား ကိုဖြတ်သန်းခွင့်ရမည့် မိတ်ဖက်နိုင်ငံများထဲတွင် ပါဝင်ကြောင်း ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသုံးပြုနေသော လောင်စာဆီအားလုံး၏ (၈၀) ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းခြင်းဖြစ်ရာ အီရန်နှင့်အမေရိကန်နိုင်ငံကြားဖြစ်ပွား သောစစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စွမ်းအင်အခက်ခဲရှိနေချိန်တွင် အီရန်အစိုးရက ခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် စွမ်းအင်အခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် စွမ်းအင်များ တင်သွင်းခွင့်ရစေရန်အတွက် အကူအညီပေးရန် မတ်လ(၁၅)ရက်က အီရန်အစိုးရထံ တောင်းဆိုခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အီရန်သံရုံးက ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဓာတ်ငွေ့အရည်နှင့် လောင်စာဆီများတင်သွင်းခွင့်ရစေရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံအများစုသည် ဟော်မုဇ်ရေ လက်ကြားကို ဘေးကင်းစွာဖြင့် ဖြတ်သန်းခွင့်ရရှိ စေရန်တောင်းဆိုခဲ့ကြောင်း ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ‘သင်္ဘောပိုင်ရှင်တွေနဲ့ သင်္ဘော ကိုပိုင်ဆိုင် တဲ့နိုင်ငံတွေဟာ ကျွန်တော်တို့ကိုဆက်သွယ်ခဲ့တယ်။ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာနဲ့ဖြတ်သန်းခွင့်ရဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော်တို့ဟာ မိတ်ဆွေအဖြစ်ယူဆတဲ့နိုင်ငံများအပြင် တခြားအကြောင်းပြချက်တွေကြောင့် ခွင့်ပြုပေးဖို့ ဆုံးဖြတ်ရတဲ့ကိစ္စတွေအတွက် အီရန်လုံခြုံရေးအဖွဲ့ တွေကရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းခွင့်ပေးဖို့ ကူညီပံ့ပိုးပေးမှာပါ။ သတင်းတွေမှာ မြင်ဖူးကြမှာပါ။ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ အီရတ်နဲ့ အိန္ဒိယတို့ရဲ့သင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတယ်ဆိုတဲ့သတင်းတွေကို ဖတ်ရမှာပါ၊ ပြီးခဲ့တဲ့ရက်ပိုင်းက တခြားနိုင်ငံတချို့နဲ့ ဘင်္ဂလားဒေ့ရှ်တောင် ဟော်မုဇ်ရေလက်ကြားကိုဖြတ်သွားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောသည်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္အပါအဝင္ ႏိုင္ငံ (၅) ႏိုင္ငံကို ေဟာ္မုဇ္ေရလက္ၾကား ျဖတ္သန္းခြင့္ေပးဟု အီရန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၉
အီရန္ႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အပါအဝင္ မိတ္ေဆြႏိုင္ငံအျဖစ္သတ္မွတ္ထားသည့္ ႏိုင္ငံ(၅)ႏိုင္ငံမွ သေဘၤာမ်ားကို ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းခြင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းရန္ အီရန္အစိုးရ၏ ခြင့္ျပဳခ်က္သည္ စြမ္းအင္အခက္ခဲမ်ား ႏွင့္ရင္ဆိုင္ေနရသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ဖိအားမ်ားကို ေျဖေလွ်ာ့လာဖြယ္ရွိေနေၾကာင္း သိရသည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္အာရက္ခ်ီက ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္၊ ႐ုရွားႏိုင္ငံတို႔ႏွင့္ ေဟာ္မုဇ္ေရလက္ၾကား ကိုျဖတ္သန္းခြင့္ရမည့္ မိတ္ဖက္ႏိုင္ငံမ်ားထဲတြင္ ပါဝင္ေၾကာင္း ေျပာသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ အသုံးျပဳေနေသာ ေလာင္စာဆီအားလုံး၏ (၈၀) ရာခိုင္ႏႈန္းသည္ အေရွ႕အလယ္ပိုင္းေဒသမွ တင္သြင္းျခင္းျဖစ္ရာ အီရန္ႏွင့္အေမရိကန္ႏိုင္ငံၾကားျဖစ္ပြား ေသာစစ္ပြဲေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ စြမ္းအင္အခက္ခဲရွိေနခ်ိန္တြင္ အီရန္အစိုးရက ခြင့္ျပဳလိုက္ျခင္းလည္းျဖစ္သည္။
ဘဂၤလားေဒ့ရွ္အစိုးရသည္ စြမ္းအင္အခက္အခဲကိုေျဖရွင္းႏိုင္ရန္အတြက္ စြမ္းအင္မ်ား တင္သြင္းခြင့္ရေစရန္အတြက္ အကူအညီေပးရန္ မတ္လ(၁၅)ရက္က အီရန္အစိုးရထံ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ အီရန္သံ႐ုံးက ဘဂၤလားေဒ့ရွ္အစိုးရသည္ ဓာတ္ေငြ႕အရည္ႏွင့္ ေလာင္စာဆီမ်ားတင္သြင္းခြင့္ရေစရန္ ေတာင္းဆိုခဲ့ေၾကာင္း ေျပာသည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ႏိုင္ငံအမ်ားစုသည္ ေဟာ္မုဇ္ေရ လက္ၾကားကို ေဘးကင္းစြာျဖင့္ ျဖတ္သန္းခြင့္ရရွိ ေစရန္ေတာင္းဆိုခဲ့ေၾကာင္း ေျပာသည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ‘သေဘၤာပိုင္ရွင္ေတြနဲ႔ သေဘၤာ ကိုပိုင္ဆိုင္ တဲ့ႏိုင္ငံေတြဟာ ကြၽန္ေတာ္တို႔ကိုဆက္သြယ္ခဲ့တယ္။ ေဟာ္မုဇ္ေရလက္ၾကားကို ေဘးကင္းစြာနဲ႔ျဖတ္သန္းခြင့္ရဖို႔ ေတာင္းဆိုခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာ မိတ္ေဆြအျဖစ္ယူဆတဲ့ႏိုင္ငံမ်ားအျပင္ တျခားအေၾကာင္းျပခ်က္ေတြေၾကာင့္ ခြင့္ျပဳေပးဖို႔ ဆုံးျဖတ္ရတဲ့ကိစၥေတြအတြက္ အီရန္လုံၿခဳံေရးအဖြဲ႕ ေတြကေရလက္ၾကားကို ေဘးကင္းစြာျဖတ္သန္းခြင့္ေပးဖို႔ ကူညီပံ့ပိုးေပးမွာပါ။ သတင္းေတြမွာ ျမင္ဖူးၾကမွာပါ။ တ႐ုတ္၊ ႐ုရွား၊ ပါကစၥတန္၊ အီရတ္နဲ႔ အိႏၵိယတို႔ရဲ႕သေဘၤာေတြဟာ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားတယ္ဆိုတဲ့သတင္းေတြကို ဖတ္ရမွာပါ၊ ၿပီးခဲ့တဲ့ရက္ပိုင္းက တျခားႏိုင္ငံတခ်ိဳ႕နဲ႔ ဘဂၤလားေဒ့ရွ္ေတာင္ ေဟာ္မုဇ္ေရလက္ၾကားကိုျဖတ္သြားခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္" ဟု ေျပာသည္။