လာမည့် ရက်ပေါင်း(၆၀)အတွက် ရေနံစိမ်းထောက်ပံ့မှုများကို ရရှိထားပြီဟု အိန္ဒိယရေနံဝန်ကြီးဌာနပြော

177

Pika (NP News) - မတ် ၂၉
အရှေ့အလယ်ပိုင်းဒေသမှ တင်ပို့မှုများမှာ အနှောင့်အယှက်ဖြစ်နေမှုများရှိနေသော်လည်း အိန္ဒိယနိုင်ငံ အတွင်း လောင်စာဆီထောက်ပံ့မှုတည်ငြိမ်စေရန် လာမည့်ရက်ပေါင်း(၆၀)အတွက် ရေနံစိမ်း ထောက်ပံ့မှုများကို ရရှိထား ပြီဖြစ်ကြောင်း အိန္ဒိယရေနံဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ရေနံသုံးစွဲ သူနှင့် တင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ၎င်း၏ရေနံတင်သွင်းမှု၏ (၄၀)ရာခိုင်နှုန်းကျော်ကို အရှေ့ အလယ် ပိုင်းမှဝယ်ယူနေခဲ့သော်လည်း အမေရိကန်နှင့်အစ္စရေးတို့ကအီရန်အပေါ်လုပ်ဆောင်နေသော စစ်ပွဲကြောင့် အဆိုပါ ထောက်ပံ့မှုများမှာ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းလည်းသိရသည်။ သို့သော်လည်း ကမ္ဘာ့ဈေးကွက်များတွင် အဓိက အားဖြင့် အနောက်ဘက်ခြမ်းမှ ရေနံစိမ်းရရှိနိုင်မှုမြင့်မားလာခြင်းက လိုအပ်နေမှုများကိုဖြည့်ဆည်းရန် ကူညီပေးခဲ့ ကြောင်း အိန္ဒိယအစိုးရကပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်၏ ယာယီကင်းလွတ်ခွင့်ကိုအခွင့်ကောင်းယူကာ အိန္ဒိယ ရေနံချက်စက်ရုံများသည် ရုရှားရေနံစိမ်းဝယ် ယူမှုများကိုလည်းတိုးမြှင့်ခဲ့ပြီး ထောက်ပံ့မှုကွာဟချက် ကိုဖြည့်ဆည်းရန် ရေနံစည် သန်းပေါင်းများစွာကို ရယူနိုင်ခဲ့ကြောင်းလည်းသိရသည်။ အိန္ဒိယရေနံဝန် ကြီးဌာနက ‘ဟော်မုဇ်ရေ လက်ကြားမှာ အခြေအနေ တစ်ခုရှိနေပေမယ့်လည်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ၎င်းရဲ့ရေနံပေးသွင်းတဲ့ နိုင်ငံ(၄၁)နိုင်ငံ ကျော်ဆီကနေ ယခင်က ဟော်မုဇ်ရေလက်ကြားကနေ တစ်ဆင့် ရောက်ရှိလာတာထက်ပိုတဲ့ ရေနံစိမ်း တွေကို ရရှိနေပါတယ်’ဟုပြောဆိုခဲ့သည်။

Zawgyi Version;
လာမည့္ ရက္ေပါင္း(၆၀)အတြက္ ေရနံစိမ္းေထာက္ပံ့မႈမ်ားကို ရရွိထားၿပီဟု အိႏၵိယေရနံဝန္ႀကီးဌာနေျပာ
Pika (NP News) - မတ္ ၂၉
အေရွ႕အလယ္ပိုင္းေဒသမွ တင္ပို႔မႈမ်ားမွာ အေႏွာင့္အယွက္ျဖစ္ေနမႈမ်ားရွိေနေသာ္လည္း အိႏၵိယႏိုင္ငံ အတြင္း ေလာင္စာဆီေထာက္ပံ့မႈတည္ၿငိမ္ေစရန္ လာမည့္ရက္ေပါင္း(၆၀)အတြက္ ေရနံစိမ္း ေထာက္ပံ့မႈမ်ားကို ရရွိထား ၿပီျဖစ္ေၾကာင္း အိႏၵိယေရနံဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ကမာၻေပၚတြင္ တတိယအႀကီးဆုံး ေရနံသုံးစြဲ သူႏွင့္ တင္သြင္းသည့္ႏိုင္ငံျဖစ္ေသာ အိႏၵိယႏိုင္ငံသည္ ၎၏ေရနံတင္သြင္းမႈ၏ (၄၀)ရာခိုင္ႏႈန္းေက်ာ္ကို အေရွ႕ အလယ္ ပိုင္းမွဝယ္ယူေနခဲ့ေသာ္လည္း အေမရိကန္ႏွင့္အစၥေရးတို႔ကအီရန္အေပၚလုပ္ေဆာင္ေနေသာ စစ္ပြဲေၾကာင့္ အဆိုပါ ေထာက္ပံ့မႈမ်ားမွာ အေႏွာင့္အယွက္ျဖစ္ခဲ့ရေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ကမာၻ႔ေဈးကြက္မ်ားတြင္ အဓိက အားျဖင့္ အေနာက္ဘက္ျခမ္းမွ ေရနံစိမ္းရရွိႏိုင္မႈျမင့္မားလာျခင္းက လိုအပ္ေနမႈမ်ားကိုျဖည့္ဆည္းရန္ ကူညီေပးခဲ့ ေၾကာင္း အိႏၵိယအစိုးရကေျပာၾကားခဲ့သည္။ ထို႔ျပင္ အေမရိကန္၏ ယာယီကင္းလြတ္ခြင့္ကိုအခြင့္ေကာင္းယူကာ အိႏၵိယ ေရနံခ်က္စက္႐ုံမ်ားသည္ ႐ုရွားေရနံစိမ္းဝယ္ ယူမႈမ်ားကိုလည္းတိုးျမႇင့္ခဲ့ၿပီး ေထာက္ပံ့မႈကြာဟခ်က္ ကိုျဖည့္ဆည္းရန္ ေရနံစည္ သန္းေပါင္းမ်ားစြာကို ရယူႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ အိႏၵိယေရနံဝန္ ႀကီးဌာနက ‘ေဟာ္မုဇ္ေရ လက္ၾကားမွာ အေျခအေန တစ္ခုရွိေနေပမယ့္လည္း အိႏၵိယႏိုင္ငံဟာ ကမာၻတစ္ဝန္းမွာရွိတဲ့ ၎ရဲ႕ေရနံေပးသြင္းတဲ့ ႏိုင္ငံ(၄၁)ႏိုင္ငံ ေက်ာ္ဆီကေန ယခင္က ေဟာ္မုဇ္ေရလက္ၾကားကေန တစ္ဆင့္ ေရာက္ရွိလာတာထက္ပိုတဲ့ ေရနံစိမ္း ေတြကို ရရွိေနပါတယ္’ဟုေျပာဆိုခဲ့သည္။