ကရင်ပြည်နယ်ရှိ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့များသို့ ဓာတ်အား ပြန်လည်ဖြန့်ဖြူး

 178

စိမ့်စမ်းရေ (NP News) - မတ် ၂၉

ဓါတ်အားလိုင်းများပြန်လည်ပြင်ဆင်ပြီးစီးသဖြင့် ကရင်ပြည်နယ်ရှိ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့တို့ကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါမြို့များသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် (၆၆) ကေဗွီ မြဝတီ-ကော့ကရိတ်ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) များသည် (၂၀၂၂) ခုနှစ် နိုဝင်ဘာ (၃၀) ရက်တွင် မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ကော့ကရိတ်မြို့ နှင့် ကျုံဒိုးမြို့ အပါအဝင် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

(၁၁) ကေဗွီ ဓာတ်အားလိုင်း (၁၆) မိုင်ကို (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီ (၁၆) ရက်မှ စတင်ပြုပြင်ခဲ့ပြီး မတ် (၂၄) ရက်တွင် ပြုပြင်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘားအံမြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ မိသရောင်ဓာတ်အားခွဲရုံမှ (၁၁) ကေဗွီ ဓာတ်အားလိုင်း မိုင် (၄၀) ခန့်ကိုလည်း ပြန်လည်ပြုပြင်သွယ်တန်းခဲ့ရာ ကျုံဒိုးမြို့ကို (၂၀၂၅) ခုနှစ် အောက်တိုဘာ (၂၅) ရက်တွင် ပထမအဆင့်အဖြစ် ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ကျုံဒိုး-ကော့ကရိတ် (၁၁) ကေဗွီ ဓာတ်အားလိုင်း (၁၆) မိုင်ကို စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် (၂၀၂၆) ခုနှစ် မတ် (၂၆) ရက်တွင် ကျုံဒိုးမြို့မှ တံတားကျိုးစစ်ဆေးရေးဂိတ်အထိနှင့် ကော့ကရိတ်ဓာတ်အားခွဲရုံသို့ ဓာတ်အား ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကော့ကရိတ်ဓာတ်အားခွဲရုံမှတစ်ဆင့် မြို့ပေါ်ရှိ အရေးကြီးနေရာများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် အများပြည်သူနေအိမ်များသို့ လိုအပ်သည့် ဓာတ်အားလိုင်းစစ်ဆေးပြုပြင်မှုများ ဆောင်ရွက်ကာ အဆင့်လိုက် ဓာတ်အား ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ကရင္ျပည္နယ္ရွိ က်ဳံဒိုးၿမိဳ႕ႏွင့္ ေကာ့ကရိတ္ၿမိဳ႕မ်ားသို႔ ဓာတ္အား ျပန္လည္ျဖန႔္ျဖဴး
စိမ့္စမ္းေရ (NP News) - မတ္ ၂၉

ဓါတ္အားလိုင္းမ်ားျပန္လည္ျပင္ဆင္ၿပီးစီးသျဖင့္ ကရင္ျပည္နယ္ရွိ က်ဳံဒိုးၿမိဳ႕ႏွင့္ ေကာ့ကရိတ္ၿမိဳ႕တို႔ကို ဓာတ္အားျပန္လည္ ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားသည္။
အဆိုပါၿမိဳ႕မ်ားသို႔ ဓာတ္အားျဖန႔္ျဖဴးေပးေနသည့္ (၆၆) ေကဗြီ ျမဝတီ-ေကာ့ကရိတ္ဓာတ္အားလိုင္း၏ တာဝါတိုင္အမွတ္ (၄၅၊ ၄၆၊ ၄၇) မ်ားသည္ (၂၀၂၂) ခုႏွစ္ ႏိုဝင္ဘာ (၃၀) ရက္တြင္ မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ၿပီး ေကာ့ကရိတ္ၿမိဳ႕ ႏွင့္ က်ဳံဒိုးၿမိဳ႕ အပါအဝင္ ေက်း႐ြာမ်ားတြင္ ဓာတ္အားျပတ္ေတာက္မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

(၁၁) ေကဗြီ ဓာတ္အားလိုင္း (၁၆) မိုင္ကို (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီ (၁၆) ရက္မွ စတင္ျပဳျပင္ခဲ့ၿပီး မတ္ (၂၄) ရက္တြင္ ျပဳျပင္ေရးလုပ္ငန္းမ်ား ၿပီးစီးခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဘားအံၿမိဳ႕နယ္ရွိ ၆၆/၁၁ ေကဗြီ (၁၀) အမ္ဗြီေအ မိသေရာင္ဓာတ္အားခြဲ႐ုံမွ (၁၁) ေကဗြီ ဓာတ္အားလိုင္း မိုင္ (၄၀) ခန႔္ကိုလည္း ျပန္လည္ျပဳျပင္သြယ္တန္းခဲ့ရာ က်ဳံဒိုးၿမိဳ႕ကို (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာ (၂၅) ရက္တြင္ ပထမအဆင့္အျဖစ္ ဓာတ္အား စတင္ျဖန႔္ျဖဴးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ က်ဳံဒိုး-ေကာ့ကရိတ္ (၁၁) ေကဗြီ ဓာတ္အားလိုင္း (၁၆) မိုင္ကို စစ္ေဆးစမ္းသပ္မႈမ်ား ျပဳလုပ္ၿပီးေနာက္ (၂၀၂၆) ခုႏွစ္ မတ္ (၂၆) ရက္တြင္ က်ဳံဒိုးၿမိဳ႕မွ တံတားက်ိဳးစစ္ေဆးေရးဂိတ္အထိႏွင့္ ေကာ့ကရိတ္ဓာတ္အားခြဲ႐ုံသို႔ ဓာတ္အား ပို႔လႊတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေကာ့ကရိတ္ဓာတ္အားခြဲ႐ုံမွတစ္ဆင့္ ၿမိဳ႕ေပၚရွိ အေရးႀကီးေနရာမ်ား၊ ဌာနဆိုင္ရာ႐ုံးမ်ား၊ ေဆး႐ုံမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဘာသာေရးအေဆာက္အအုံမ်ားႏွင့္ အမ်ားျပည္သူေနအိမ္မ်ားသို႔ လိုအပ္သည့္ ဓာတ္အားလိုင္းစစ္ေဆးျပဳျပင္မႈမ်ား ေဆာင္႐ြက္ကာ အဆင့္လိုက္ ဓာတ္အား ဆက္လက္ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.