လက်နက်ချအညံ့ခံမလား ဒါမှမဟုတ် အသတ်ခံမလားလို့ အီရန်တပ်ဖွဲ့ဝင်တွေကို ဒေါ်နယ်ထရမ့် သတိပေး

 198

Pika (NP News) - မတ် ၂

လက်နက်ချအညံ့ခံမလား ဒါမှမဟုတ် အသတ်ခံမလားလို့ အီရန်တပ်ဖွဲ့ဝင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အီရန်စစ်တပ်ရဲ့ဌာနချုပ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့ ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်တပ်ဖွဲ့တွေအနေနဲ့ လက်နက်ချအညံ့ခံမလား ဒါမှမဟုတ် သေခြင်းတရားကို ရင်ဆိုင်မလားဆိုတာ ရွေးချယ်ကြပါ။ လက်နက်ချအညံ့မခံဘူးဆိုရင်တော့ သေခြင်းတရားကို သေချာပေါက် ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါက လှပမှာတော့မဟုတ်ပါဘူး” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်က အီရန်မှာ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေပြီး ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်တဲ့အချိန်အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် အမေရိကန်တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့တယ်ဆိုတာကို ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီး အမေရိကန်သားတွေ သေဆုံးမှုအတွက် ပြင်းပြင်းထန်ထန် လက်စားချေသွားမယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်မှာ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေကို အပြည့်အဝဆက်လက်လုပ်ဆောင်နေပါ တယ်။ ကျွန်တော်တို့ လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်တဲ့အချိန်အထိ ဒီစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
လက္နက္ခ်အညံ့ခံမလား ဒါမွမဟုတ္ အသတ္ခံမလားလို႔ အီရန္တပ္ဖြဲ႕ဝင္ေတြကို ေဒၚနယ္ထရမ့္ သတိေပး
Pika (NP News) - မတ္ ၂
လက္နက္ခ်အညံ့ခံမလား ဒါမွမဟုတ္ အသတ္ခံမလားလို႔ အီရန္တပ္ဖြဲ႕ဝင္ေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
အီရန္စစ္တပ္ရဲ႕ဌာနခ်ဳပ္ေတြကို တိုက္ခိုက္ဖ်က္ဆီးခဲ့တယ္လို႔ အေမရိကန္စစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့ ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ သတိေပးေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္တပ္ဖြဲ႕ေတြအေနနဲ႔ လက္နက္ခ်အညံ့ခံမလား ဒါမွမဟုတ္ ေသျခင္းတရားကို ရင္ဆိုင္မလားဆိုတာ ေ႐ြးခ်ယ္ၾကပါ။ လက္နက္ခ်အညံ့မခံဘူးဆိုရင္ေတာ့ ေသျခင္းတရားကို ေသခ်ာေပါက္ ရင္ဆိုင္ရပါလိမ့္မယ္။ အဲဒါက လွပမွာေတာ့မဟုတ္ပါဘူး” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္က အီရန္မွာ တိုက္ခိုက္ေရးစစ္ဆင္ေရးေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး ရည္မွန္းခ်က္ ပန္းတိုင္ကို ေအာင္ျမင္တဲ့အခ်ိန္အထိ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
အီရန္ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အေမရိကန္တပ္ဖြဲ႕ဝင္(၃)ဦး ေသဆုံးခဲ့တယ္ဆိုတာကို ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ၿပီး အေမရိကန္သားေတြ ေသဆုံးမႈအတြက္ ျပင္းျပင္းထန္ထန္ လက္စားေခ်သြားမယ္လို႔ လည္း ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္မွာ တိုက္ခိုက္ေရးစစ္ဆင္ေရးေတြကို အျပည့္အဝဆက္လက္လုပ္ေဆာင္ေနပါ တယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္တဲ့အခ်ိန္အထိ ဒီစစ္ဆင္ေရးကို ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.