ကူဝိတ်မှာ အမေရိကန်စစ်လေယာဉ်အများအပြား ပျက်ကျ

344
Pika (NP News) - မတ် ၂
အမေရိကန်စစ်လေယာဉ်အများအပြားဟာ ကူဝိတ်နိုင်ငံမှာပျက်ကျခဲ့တယ်လို့ ကူဝိတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပျက်ကျခဲ့တဲ့ စစ်လေယာဉ်တွေရဲ့ အမှုထမ်းတွေကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက “အမေရိကန်စစ်လေယာဉ်အများအပြား နိုင်ငံတွင်းမှာ ပျက်ကျခဲ့ပါ တယ်။ ဒါပေမယ့်လည်း ပျက်ကျသွားခဲ့တဲ့ လေယာဉ်တွေရဲ့အမှုထမ်းတွေအားလုံးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း စတင် လုပ်ဆောင်နေပြီး လေယာဉ်အမှုထမ်းတွေအားလုံးကို ဆေးဘက်ဆိုင်ရာစစ်ဆေးမှုနဲ့ ကုသမှုတွေ လုပ်ဆောင်ပေးဖို့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လေယာဉ်တွေ ဘာကြောင့်ပျက်ကျရလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကို ဆက်လက် စုံစမ်း စစ်ဆေးနေပြီး အကြောင်းအရာတွေကို တိတိကျကျသိရှိနိုင်ဖို့အတွက် အမေရိကန်တပ်ဖွဲ့တွေနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ကူဝိတ္မွာ အေမရိကန္စစ္ေလယာဥ္အမ်ားအျပား ပ်က္က်
Pika (NP News) - မတ္ ၂
အေမရိကန္စစ္ေလယာဥ္အမ်ားအျပားဟာ ကူဝိတ္ႏိုင္ငံမွာပ်က္က်ခဲ့တယ္လို႔ ကူဝိတ္ကာကြယ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ပ်က္က်ခဲ့တဲ့ စစ္ေလယာဥ္ေတြရဲ႕ အမႈထမ္းေတြကေတာ့ အသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔ ကူဝိတ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ကူဝိတ္ကာကြယ္ေရးဝန္ႀကီးဌာနက “အေမရိကန္စစ္ေလယာဥ္အမ်ားအျပား ႏိုင္ငံတြင္းမွာ ပ်က္က်ခဲ့ပါ တယ္။ ဒါေပမယ့္လည္း ပ်က္က်သြားခဲ့တဲ့ ေလယာဥ္ေတြရဲ႕အမႈထမ္းေတြအားလုံးကေတာ့ အသက္ရွင္ လြတ္ေျမာက္ခဲ့ပါတယ္။ အာဏာပိုင္ေတြက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ခ်က္ခ်င္း စတင္ လုပ္ေဆာင္ေနၿပီး ေလယာဥ္အမႈထမ္းေတြအားလုံးကို ေဆးဘက္ဆိုင္ရာစစ္ေဆးမႈနဲ႔ ကုသမႈေတြ လုပ္ေဆာင္ေပးဖို႔အတြက္ ေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေလယာဥ္ေတြ ဘာေၾကာင့္ပ်က္က်ရလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို ဆက္လက္ စုံစမ္း စစ္ေဆးေနၿပီး အေၾကာင္းအရာေတြကို တိတိက်က်သိရွိႏိုင္ဖို႔အတြက္ အေမရိကန္တပ္ဖြဲ႕ေတြနဲ႔ တိုက္႐ိုက္ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ကူဝိတ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။