စက်သုံးဆီ တန်(၂ဝဝဝဝ)ပါသော သင်္ဘောနှစ်စင်း ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိ

5467

NP News - ဧပြီ ၁၉
စက်သုံးဆီ တန်(၂ဝဝဝဝ)ပါသော သင်္ဘောနှစ်စင်းသည် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ (ဧပြီလ ၁၉ ရက်)တွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအ ဝင် အချို့မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှု ပြဿနာဖြစ်ပွားနေပြီး လူထုကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
“ဆီက အသင့်အတင့်လက်ကျန်ရှိပါတယ်။ သီလဝါမှာ တန် ၂ဝဝဝဝ ပါတဲ့ ဆီသင်္ဘာ၂ စီး လည်းကပ်နေပါတယ်။ ဒါပေမယ့် နိုင်ငံတော်က ဒေါ် လာကို ချမပေးနိုင်သေးလို့ ဆီမချရသေးပါဘူး။ ဒေါ်လာရရင် ထပ်လာဖို့တွေလည်းရှိပါတယ်။ ဒေါ်လာ ရ၊ မရ မသေချာလို့ ဆီသွင်းထားတဲ့ လုပ် ငန်းရှင် အချို့ကစိုးရိမ်ပြီး ဆီလိုသလောက် ရောင်းမပေးနိုင်တာပါ” ဟု အမည်မဖော်လိုသော စက်သုံးဆီတင်သွင်းရောင်းသည့်ကုမ္ပဏီတစ်ခု၏ CEO က NP News ကို ပြောကြားသည်။
လက်ရှိတွင် ကြုံတွေ့နေရသည့် စက်သုံးဆီပြတ်လပ်မှုပြဿနာနှင့်ပတ်သက်၍ ပြည်တွင်းတွင် စက်သုံးဆီလက်ကျန် အသင့်အတင့်ရှိကြောင်းနှင့် လုပ်ငန်းရှင်အချို့ကစိုးရိမ်ပြီး ဆီလိုသလောက်ရောင်းမပေးနိုင်ခြင်းသာဖြစ်ကြောင်း အဆိုပါ CEO က မှတ်ချက်ပြုသည်။
ဆက်လက်ပြီး ၎င်းက “ကိုယ်တိုင်မသွင်းဘဲ တဆင့်ခံဝယ်ရောင်းတဲ့ သာ မန် SME ဆီဆိုင်ပိုင်ရှင်တွေ ဒုက္ခရောက်နေကြတာပါ။ တဖက်ကလည်း ဆီတင်သွင်းတဲ့ကုမ္ပဏီ လက်လီဆိုင်တွေကို ဈေးနှုန်းထိန်းချုပ်ထားပါတယ်။ ကိုယ့်အတွက်အမြတ်ကျန်တဲ့ ဈေးနဲ့ရောင်းလို့မရပါဘူး။ ဘယ်ဈေးနဲ့သွင်းသွင်း အစိုးရသတ်မှတ်ပေးတဲ့ တွက်ချက်ပုံ ဖော်မြူလာအ တိုင်း ရောင်းပေးနေရတာပါ။ အပြင်မှာ လက်ကားဈေးက လက်လီဈေးထက် တစ်လီတာကို ၂ဝဝ ကျပ်ခန့် ဈေးပိုများနေပါတယ်။ ဒါကဈေး ကွက် ပြောင်းပြန်ဖြစ်နေတာပါ” ဟု ပြောသည်။
ယနေ့ ဧပြီလ ၁၉ ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ အချို့သောမြို့နယ်များတွင် ဖွင့်လှစ်ရောင်းနေသော Htoo၊ Denko၊ Terminal နှင့် New Day စက်သုံးဆီအရောင်းဆိုင်အချို့တွင် အရောင်းပိတ်ထားကြောင်း မော်တော်ယာဉ်အသုံးပြုများက NP News ကို ယနေ့နေ့လည်းပိုင်းက ပြော သည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့ရောင်းချမှုပိတ်ထားမှုများရှိလာပြီး အချို့သော စက်သုံးဆီဆိုင်များမှာလည်း အကန့် အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း မော်တော်ယာဉ်အသုံးပြုသူများက ပြောဆိုထားသည်။
ယခုဖြစ်ပေါ်နေသည့် စက်သုံးဆီပြဿနာနှင့်ပတ်သက်၍ NP News က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့မှ တာဝန်ရှိသူသည့် ပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အစည်းအဝေးကျင်းပနေသည်ဟုသာ ပြောဆိုပြီး တစ်စုံတစ်ရာထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံအတွက် စက်သုံးဆီအများစုကို စင်ကာပူနိုင်ငံမှတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
"ရုံးပိတ်ရက် အများကြီးခံသွားတဲ့အချိန် ငွေပေးချေမှု ကြန့်ကြာသွားခဲ့လို့ ဆီမချနိုင်သေးတာပါ။ အခုလဲ ငွေပေးချေမှုလုပ်ငန်းပြီးတာနဲ့ရောက်ရှိပြီးသားဖြစ်တဲ့ တန်ချိန် ၂ဝဝဝဝ ကဈေးကွက်ထဲ ချက်ချင်းထပ် ရောက်လာမှာပါ။ ထပ်ပြီးသွင်းထားတဲ့ စက်သုံးဆီတွေရောက်ရှိဖို့ကလဲ စင်ကာပူ ကနေ မြန်မာကို ၅ ရက်ပဲကြာပါတယ်"ဟု စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ဆီလက်ကျန် ဂါလံ ၄၈ သန်းကျော်နှင့် ဒီဇယ်လက်ကျန် ဂါလံ ၃၆ သန်းကျော်ရှိကြောင်း သိရသည်။

zawgyi version
စက္သုံးဆီ တန္(၂ဝဝဝဝ)ပါေသာ သေဘၤာႏွစ္စင္း ရန္ကုန္ၿမိဳ႕ရွိ သီလဝါဆိပ္ကမ္းသို႔ေရာက္ရွိ
NP News - ဧၿပီ ၁၉
စက္သုံးဆီ တန္(၂ဝဝဝဝ)ပါေသာ သေဘၤာႏွစ္စင္းသည္ ရန္ကုန္ၿမိဳ႕ရွိ သီလဝါဆိပ္ကမ္းသို႔ ဆိုက္ကပ္ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ယေန႔ (ဧၿပီလ ၁၉ ရက္)တြင္ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးအပါအ ဝင္ အခ်ိဳ႕ၿမိဳ႕ႀကီးမ်ားတြင္ စက္သုံးဆီျပတ္လပ္မႈ ျပႆနာျဖစ္ပြားေနၿပီး လူထုၾကား စိုးရိမ္မႈမ်ား ျမင့္တက္လ်က္ရွိသည္။
“ဆီက အသင့္အတင့္လက္က်န္ရွိပါတယ္။ သီလဝါမွာ တန္ ၂ဝဝဝဝ ပါတဲ့ ဆီသဘၤာ၂ စီး လည္းကပ္ေနပါတယ္။ ဒါေပမယ့္ ႏိုင္ငံေတာ္က ေဒၚ လာကို ခ်မေပးႏိုင္ေသးလို႔ ဆီမခ်ရေသးပါဘူး။ ေဒၚလာရရင္ ထပ္လာဖို႔ေတြလည္းရွိပါတယ္။ ေဒၚလာ ရ၊ မရ မေသခ်ာလို႔ ဆီသြင္းထားတဲ့ လုပ္ ငန္းရွင္ အခ်ိဳ႕ကစိုးရိမ္ၿပီး ဆီလိုသေလာက္ ေရာင္းမေပးႏိုင္တာပါ” ဟု အမည္မေဖာ္လိုေသာ စက္သုံးဆီတင္သြင္းေရာင္းသည့္ကုမၸဏီတစ္ခု၏ CEO က NP News ကို ေျပာၾကားသည္။
လက္ရွိတြင္ ႀကဳံေတြ႕ေနရသည့္ စက္သုံးဆီျပတ္လပ္မႈျပႆနာႏွင့္ပတ္သက္၍ ျပည္တြင္းတြင္ စက္သုံးဆီလက္က်န္ အသင့္အတင့္ရွိေၾကာင္းႏွင့္ လုပ္ငန္းရွင္အခ်ိဳ႕ကစိုးရိမ္ၿပီး ဆီလိုသေလာက္ေရာင္းမေပးႏိုင္ျခင္းသာျဖစ္ေၾကာင္း အဆိုပါ CEO က မွတ္ခ်က္ျပဳသည္။
ဆက္လက္ၿပီး ၎က “ကိုယ္တိုင္မသြင္းဘဲ တဆင့္ခံဝယ္ေရာင္းတဲ့ သာ မန္ SME ဆီဆိုင္ပိုင္ရွင္ေတြ ဒုကၡေရာက္ေနၾကတာပါ။ တဖက္ကလည္း ဆီတင္သြင္းတဲ့ကုမၸဏီ လက္လီဆိုင္ေတြကို ေဈးႏႈန္းထိန္းခ်ဳပ္ထားပါတယ္။ ကိုယ့္အတြက္အျမတ္က်န္တဲ့ ေဈးနဲ႔ေရာင္းလို႔မရပါဘူး။ ဘယ္ေဈးနဲ႔သြင္းသြင္း အစိုးရသတ္မွတ္ေပးတဲ့ တြက္ခ်က္ပုံ ေဖာ္ျမဴလာအ တိုင္း ေရာင္းေပးေနရတာပါ။ အျပင္မွာ လက္ကားေဈးက လက္လီေဈးထက္ တစ္လီတာကို ၂ဝဝ က်ပ္ခန႔္ ေဈးပိုမ်ားေနပါတယ္။ ဒါကေဈး ကြက္ ေျပာင္းျပန္ျဖစ္ေနတာပါ” ဟု ေျပာသည္။
ယေန႔ ဧၿပီလ ၁၉ ရက္တြင္ ရန္ကုန္တိုင္းအတြင္းရွိ အခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားတြင္ ဖြင့္လွစ္ေရာင္းေနေသာ Htoo၊ Denko၊ Terminal ႏွင့္ New Day စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕တြင္ အေရာင္းပိတ္ထားေၾကာင္း ေမာ္ေတာ္ယာဥ္အသုံးျပဳမ်ားက NP News ကို ယေန႔ေန႔လည္းပိုင္းက ေျပာ သည္။
ရန္ကုန္တိုင္းအတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕ေရာင္းခ်မႈပိတ္ထားမႈမ်ားရွိလာၿပီး အခ်ိဳ႕ေသာ စက္သုံးဆီဆိုင္မ်ားမွာလည္း အကန႔္ အသတ္ျဖင့္သာ ေရာင္းခ်ေပးေနေၾကာင္း ေမာ္ေတာ္ယာဥ္အသုံးျပဳသူမ်ားက ေျပာဆိုထားသည္။
ယခုျဖစ္ေပၚေနသည့္ စက္သုံးဆီျပႆနာႏွင့္ပတ္သက္၍ NP News က စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းတို႔မွ တာဝန္ရွိသူသည့္ ပုဂၢိဳလ္မ်ားကို ဆက္သြယ္ေမးျမန္း ခဲ့ေသာ္လည္း အစည္းအေဝးက်င္းပေနသည္ဟုသာ ေျပာဆိုၿပီး တစ္စုံတစ္ရာထည့္သြင္းေျပာၾကားျခင္းမရွိခဲ့ေပ။
ျမန္မာႏိုင္ငံအတြက္ စက္သုံးဆီအမ်ားစုကို စင္ကာပူႏိုင္ငံမွတင္သြင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။
"႐ုံးပိတ္ရက္ အမ်ားႀကီးခံသြားတဲ့အခ်ိန္ ေငြေပးေခ်မႈ ၾကန႔္ၾကာသြားခဲ့လို႔ ဆီမခ်ႏိုင္ေသးတာပါ။ အခုလဲ ေငြေပးေခ်မႈလုပ္ငန္းၿပီးတာနဲ႔ေရာက္ရွိၿပီးသားျဖစ္တဲ့ တန္ခ်ိန္ ၂ဝဝဝဝ ကေဈးကြက္ထဲ ခ်က္ခ်င္းထပ္ ေရာက္လာမွာပါ။ ထပ္ၿပီးသြင္းထားတဲ့ စက္သုံးဆီေတြေရာက္ရွိဖို႔ကလဲ စင္ကာပူ ကေန ျမန္မာကို ၅ ရက္ပဲၾကာပါတယ္"ဟု စက္သုံးဆီတင္သြင္းေရာင္းခ် ျဖန႔္ျဖဴးသည့္ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဓာတ္ဆီလက္က်န္ ဂါလံ ၄၈ သန္းေက်ာ္ႏွင့္ ဒီဇယ္လက္က်န္ ဂါလံ ၃၆ သန္းေက်ာ္ရွိေၾကာင္း သိရသည္။