ပြည်ပတင်ပို့မှုစရိတ်ကြီးခြင်းကြောင့်ပြည်တွင်းဈေးကွက်ကိုသာ ဖရဲသခွားအားထားနေရ

 223

ပြည့်ဖြိုး(NP News)- စက်တင်ဘာ (၁) ရက်
နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့ရန် စရိတ်ကြီးမြင့်မှုများကြောင့် ဖရဲသခွားစိုက်တောင် သူများ ပြည်တွင်းဈေးကွက်ကိုသာ မျှော်မှန်းစိုက်ပျိုးနေရကြောင်း ဖရဲသခွားစိုက်တောင်သူများထံမှ သိရသည်။
လက်ရှိအချိန်တွင် မိုးဖရဲသီးများ ဆွတ်ခူးချိန်ဖြစ်ပြီး ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ဈေးကွက်များတွင်သာ ရောင်းချနေရပြီး ပြည်တွင်းဈေးကွက်အတွင်း စားသုံးနိုင်သည့် ပမာဏကိုသာ တွက်ချက်စိုက် ပျိုးထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။
“မိုးဖရဲသီးတွေကို ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် ဈေးကွက်များမှာပဲ ရောင်းချနေရတယ်။ လက်ရှိအချိန် နယ်စပ်ကုန်သွယ်မှုက နေတစ်ဆင့်လည်း ပြည်ပနိုင်ငံများကို တင်ပို့ဖို့ စရိတ်ကြီးမြင့်တော့ မပို့နိုင်ဘဲ ပြည်တွင်းဈေးကွက်မှာသာ ရောင်းချနေရတာဖြစ်တယ်။ ပြည်တွင်းမှာသာ ရည်ရွယ်ပြီး ရောင်းချရတဲ့အတွက်လည်း စိုက်ပျိုးတဲ့ဧကကို လျှော့ချ စိုက်ပျိုးနေရပါတယ်။ ပြည်တွင်းစားသုံးမှု ပမာဏကိုသာ ချိန်ဆပြီး တစ်နှစ်ပတ်လုံး ဈေးကွက်အတွင်းမှာ အသီးရရှိရေးအတွက်သာ မျှော်မှန်းစိုက်ပျိုးနေရတာဖြစ်ပါတယ်။ ” ဟု ဖရဲသခွားစိုက် တောင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်ပတင်ပို့နိုင်ခြင်းမရှိသည့်အတွက် ဈေးကွက်အတွင်းမှာလည်း စားသုံးသူများအနေဖြင့် ဈေးပေါပေါ ဖြင့် စားသုံးနိုင်ကြောင်း၊ သို့သော်လည်း လာမည့်နှစ်ဆောင်းရာသီတွင်စိုက်ပျိုးထွက်ရှိမည့် ဖရဲ သခွားများကိုမူ နိုင်ငံခြားဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

Zawgyi Version:
ျပည္ပတင္ပို႔မႈစရိတ္ႀကီးျခင္းေၾကာင့္ျပည္တြင္းေဈးကြက္ကိုသာ ဖရဲသခြားအားထားေနရ
ျပည့္ၿဖိဳး(NP News)- စက္တင္ဘာ (၁) ရက္
နယ္စပ္ကုန္သြယ္ေရးမွတစ္ဆင့္ ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ရန္ စရိတ္ႀကီးျမင့္မႈမ်ားေၾကာင့္ ဖရဲသခြားစိုက္ေတာင္ သူမ်ား ျပည္တြင္းေဈးကြက္ကိုသာ ေမွ်ာ္မွန္းစိုက္ပ်ိဳးေနရေၾကာင္း ဖရဲသခြားစိုက္ေတာင္သူမ်ားထံမွ သိရသည္။
လက္ရွိအခ်ိန္တြင္ မိုးဖရဲသီးမ်ား ဆြတ္ခူးခ်ိန္ျဖစ္ၿပီး ေဈးကြက္အေနျဖင့္ ရန္ကုန္၊ မႏၲေလး ႏွင့္ ေနျပည္ေတာ္ ေဈးကြက္မ်ားတြင္သာ ေရာင္းခ်ေနရၿပီး ျပည္တြင္းေဈးကြက္အတြင္း စားသုံးႏိုင္သည့္ ပမာဏကိုသာ တြက္ခ်က္စိုက္ ပ်ိဳးထုတ္လုပ္ေရာင္းခ်ေနေၾကာင္း သိရသည္။
“မိုးဖရဲသီးေတြကို ရန္ကုန္၊ မႏၲေလး နဲ႔ ေနျပည္ေတာ္ ေဈးကြက္မ်ားမွာပဲ ေရာင္းခ်ေနရတယ္။ လက္ရွိအခ်ိန္ နယ္စပ္ကုန္သြယ္မႈက ေနတစ္ဆင့္လည္း ျပည္ပႏိုင္ငံမ်ားကို တင္ပို႔ဖို႔ စရိတ္ႀကီးျမင့္ေတာ့ မပို႔ႏိုင္ဘဲ ျပည္တြင္းေဈးကြက္မွာသာ ေရာင္းခ်ေနရတာျဖစ္တယ္။ ျပည္တြင္းမွာသာ ရည္႐ြယ္ၿပီး ေရာင္းခ်ရတဲ့အတြက္လည္း စိုက္ပ်ိဳးတဲ့ဧကကို ေလွ်ာ့ခ် စိုက္ပ်ိဳးေနရပါတယ္။ ျပည္တြင္းစားသုံးမႈ ပမာဏကိုသာ ခ်ိန္ဆၿပီး တစ္ႏွစ္ပတ္လုံး ေဈးကြက္အတြင္းမွာ အသီးရရွိေရးအတြက္သာ ေမွ်ာ္မွန္းစိုက္ပ်ိဳးေနရတာျဖစ္ပါတယ္။ ” ဟု ဖရဲသခြားစိုက္ ေတာင္သူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ျပည္ပတင္ပို႔ႏိုင္ျခင္းမရွိသည့္အတြက္ ေဈးကြက္အတြင္းမွာလည္း စားသုံးသူမ်ားအေနျဖင့္ ေဈးေပါေပါ ျဖင့္ စားသုံးႏိုင္ေၾကာင္း၊ သို႔ေသာ္လည္း လာမည့္ႏွစ္ေဆာင္းရာသီတြင္စိုက္ပ်ိဳးထြက္ရွိမည့္ ဖရဲ သခြားမ်ားကိုမူ ႏိုင္ငံျခားေဈးကြက္သို႔ ျပန္လည္တင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.