ပိုးသတ်ဆေး(၂)မျိုးကို မသုံးစွဲရန် နေပြည်တော်အပါ တိုင်းဒေသကြီးနှင့်ပြည်နယ်(၇)ခုတွင် တားမြစ်ထား

 464

NP News - ဒီဇင်ဘာ ၁၇

နေပြည်တော် အပါအဝင် တိုင်းဒေသကြီပြည်နယ်(၇)ခုတွင် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို သုံစွဲခြင်းမပြုကြရန် တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။
ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများကို စီမံထိမ်းချုပ်ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သောThiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်စင်ရေးဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေး ဥပဒေပုဒ်မ(၈)အရ စပါး၊ ပဲတီစိမ်းမတ်ပဲ အများဆုံးစိုက်ပျိုးသော နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့အတွင်း ယခုအမိန်ထုတ်ပြန်သည့်နေ့မှ (၂)နှစ်ကာလအတွင်း သုံးစွဲခြင်းမပြုရန် တားမြစ်ပိတ်ပင်ကြောင်း သိရသည်။
(၂)နှစ်တာကာလအတွင်း တားမြစ်ပိတ်ပင်သည့် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေအပါ တိုင်းဒေသကြီးပြည်နယ်(၇)ခု အတွင်း မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း လုံးဝ မပြုလုပ်ရဘဲ လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

Zawgyi Version:
ပိုးသတ္ေဆး(၂)မ်ိဳးကို မသုံးစြဲရန္ ေနျပည္ေတာ္အပါ တိုင္းေဒသႀကီးႏွင့္ျပည္နယ္(၇)ခုတြင္ တားျမစ္ထား
NP News - ဒီဇင္ဘာ ၁၇
ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီျပည္နယ္(၇)ခုတြင္ အဆိပ္ရွိပစၥည္းႏွစ္မ်ိဳးျဖစ္ေသာ Thiamethoxam ႏွင့္ Clothianidin ပိုးသတ္ေဆးမ်ားကို သုံစြဲျခင္းမျပဳၾကရန္ တားျမစ္ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံပိုးသတ္ေဆးမွတ္ပုံတင္အဖြဲ႕မွ ထုတ္ျပန္ထားေၾကာင္း သိရသည္။
ဓာတ္ႂကြင္းအာနိသင္မ်ားသည့္ ပိုးသတ္ေဆးမ်ားကို စီမံထိမ္းခ်ဳပ္ေဆာင္႐ြက္ေရးအတြက္ အဆိပ္ရွိပစၥည္းႏွစ္မ်ိဳးျဖစ္ေသာThiamethoxam ႏွင့္ Clothianidin ပိုးသတ္ေဆးမ်ားကို လယ္ယာထြက္ကုန္မ်ားတြင္ ဓာတ္ႂကြင္းကင္စင္ေရးေဆာင္႐ြက္ရန္ လိုအပ္ေသာေၾကာင့္ ပိုးသတ္ေဆး ဥပေဒပုဒ္မ(၈)အရ စပါး၊ ပဲတီစိမ္းမတ္ပဲ အမ်ားဆုံးစိုက္ပ်ိဳးေသာ ေနျပည္ေတာ္၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္တို႔အတြင္း ယခုအမိန္ထုတ္ျပန္သည့္ေန႔မွ (၂)ႏွစ္ကာလအတြင္း သုံးစြဲျခင္းမျပဳရန္ တားျမစ္ပိတ္ပင္ေၾကာင္း သိရသည္။
(၂)ႏွစ္တာကာလအတြင္း တားျမစ္ပိတ္ပင္သည့္ အဆိပ္ရွိပစၥည္းႏွစ္မ်ိဳးျဖစ္ေသာ Thiamethoxam ႏွင့္ Clothianidin ပိုးသတ္ေဆးမ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါ တိုင္းေဒသႀကီးျပည္နယ္(၇)ခု အတြင္း မည္သည့္အစိုးရဌာန၊ အဖြဲ႕အစည္း၊ ပုဂၢလိကမ်ားမွ ျဖန႔္ျဖဴးျခင္း၊ ေရာင္းခ်ျခင္း၊ သုံးစြဲျခင္း လုံးဝ မျပဳလုပ္ရဘဲ လိုက္နာျခင္းမရွိသည္ကို စစ္ေဆးေတြ႕ရွိပါက ပိုးသတ္ေဆးဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ဟု သိရသည္။

Related news

© 2021. All rights reserved.