အိမ်ဆောက်ပစ္စည်းအဆင့်ထိ ထုတ်လုပ်နိုင်သည့် သံရည်ကျို၊ သံနန်းဆွဲစက်ရုံများကိုလစဉ်စစ်ဆေးမှုများ ဆောက်ရွက်နေ

131

Pearl (NP News) - ဒီဇင်ဘာလ ၁၇
အိမ်ဆောက်ပစ္စည်းအဆင့်ထိ ထုတ်လုပ် နိုင်သည့် စစ်ကိုင်းနှင့် မန္တလေးမှ သံရည်ကျို၊သံနန်းဆွဲစက်ရုံများကို လစဉ်စစ်ဆေးမှုများဆောက်ရွက် နေကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက NP News သို့ပြောသည်။
လက်ရှိတွင် သံရည်ကျို၊ သံနန်းဆွဲ စက်ရုံ များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃၁)ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် (၁၈၉)ရုံ စုစုပေါင်း ရုံပေါင်း (၂၂၀)ရှိကာ အဆိုပါစက်ရုံများအနက် အိမ် ဆောက်ပစ္စည်းအဆင့်အထိထုတ်လုပ်နိုင်သည့် သံရည်ကျို၊ သံနန်းဆွဲစက်ရုံအနေဖြင့် စစ်ကိုင်းတိုင်း တွင် (၂)ရုံ၊ မန္တလေးတိုင်းတွင် (၇)ရုံရှိကြောင်း သိရ သည်။
" မြန်မာနိုင်ငံမှာရှိတဲ့သံရည်ကျို သံနန်းဆွဲ စက်ရုံဆိုတာက အများသိတဲ့အတိုင်းပဲ လမ်းခင်းတဲ့ နေရာတွေမှာ သုံးတာတွေ ၊ သံပန်းသံတခါးမှာ သုံး တာတွေ ၊ ဗြုန်းစုပ်စက်တွေမှာ သုံးတာတွေ ရေခရု ခေါ်မှာပေါ့။ စက်ချုပ်စက်ကိုယ်ထည်တွေမှာ သုံးတာ တွေ အစရှိသဖြင့် အဲဒါမျိုးအငယ်စားလုပ်တာများပါတယ်။ သံချောင်းဆွဲတာက နည်းပါတယ်။ သံချောင်း ဆွဲရင်တောင်မှ ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတဲ့ သံချောင်းမျိုးကို ဆွဲတာက လမ်းခင်းဖို့ ခြံစည်းရိုးကာဖို့ မိရိုးဖလာလုပ်နေကျအလုပ်ကို ဆက်လုပ်သွားဖို့ လုပ် တဲ့လုပ်ငန်းတွေက အများစုဖြစ်ပါတယ်။ အဲဒီတော့ အိမ်ဆောက်ပစ္စည်းအဆင့်လောက်ထိ လုပ်နိုင်တာမျိုး မရှိပါဘူး။ အိမ်ဆောက်ပစ္စည်းအဆင့်ထိလုပ်နိုင် တာက စစ်ကိုင်းမှာ (၂)ရုံရှိတယ်။ မန္တလေးမှာ (၇)ရုံ ရှိတယ်။ ရန်ကုန်မှာ (၉)ရုံ ရှိတယ်။ အားလုံး (၂၂၀)မှာ ဒီ (၁၈)ရုံကပဲ အထပ်မြင့်အဆောက်အအုံဆောက် နိုင်တဲ့ (၄)ထပ်အမြင့်လောက်ဆောက်နိုင်တဲ့ သံ ချောင်းလုံးတွေ ထုတ်နိုင်တာဖြစ်ပါတယ်" ဟု ညွှန် ကြားရေးမှူးချုပ် ဦးသိန်းဆွေက ပြောသည်။
အိမ်ဆောက်ပစ္စည်းအဆင့်ထိ ထုတ်လုပ် နိုင်သည့် စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်တိုင်းတို့မှ သံရည်ကျို၊ သံနန်းဆွဲစက်ရုံများမှ ထုတ်လုပ်နေသည့် သံချောင်းလုံးများကို သတ်မှတ်ချက်များနှင့် ကိုက်ညီ မှု ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက လစဉ် စစ်ဆေးမှုများဆောက်ရွက်နေကြောင်းလည်းသိရ သည်။
" ငလျင်ဖြစ်ပြီးနောက်ပိုင်း ဒီစက်ရုံတွေက သံချောင်းလုံးထုတ်တဲ့နေရာမှာ လူတွေကလည်း အထပ်မြင့်ကြောက်တော့ အထပ်နိမ့်ပဲဆောက်တယ်။ ဆောက်ရင် (၁၈) ရုံက ထုတ်တာကို သုံးလို့ရတာဖြစ် တဲ့အတွက် ဒီရုံ(၁၈)ရုံကို လတိုင်းသွားစစ်တယ်။ လတိုင်းစစ်ပြီးတော့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက် ညီမကိုက်ညီ ၊ ဆိုက်တွေက (၁၂)ကနေ (၂၅) အထိ ထုတ်တာ မျိုးစုံထုတ်တာ ၊ အဲဒီဆိုက်တွေက သတ်မှတ် ထားတဲ့ အရွယ်အစားပြည့်လား မပြည့်ဘူးလား သွားကြည့်တာ။ ပြီးရင် ဒီဆိုက်က (၃)ပေမှာရှိရမဲ့ အလေးချိန် သတ်မှတ်ချက်ရှိလားမရှိလား သွားစစ် တာ။ မည်သည့်ဆိုက်ကိုမဆို အမှတ်တံဆိပ်ကပ်ဖို့ကို လတိုင်းစစ်တယ်။ ဒါတွေနဲ့ မကိုက်ညီတာ မထုတ်ပါနဲ့ မရောင်းပါနဲ့ဆိုပြီး ပညာပေးစည်းရုံးနေတဲ့ကာလဖြစ် ပါတယ်။ ရုံတွေ ရပ်ဖို့ နှုတ်နဲ့သော်လည်းကောင်း စာနဲ့ သော်လည်းကောင်း လုပ်တာမရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ သံရည်ကျို၊ သံနန်းဆွဲစက်ရုံ (၂၂၀) အနက် လုပ်သားရှားပါးမှု၊ လျှပ်စစ်မီးမရရှိမှု ကဲ့သို့သော အခက်အခဲအချို့ကြောင့် လက်ရှိတွင် အသေးစားစက်ရုံ (၆၀)ခန့်သည် ရပ်တန့်နေကြောင်း လည်း သိရသည်။
" မိရိုးဖလာလုပ်နေတဲ့ သံရည်ကျို ၊သံနန်း ဆွဲလုပ်ငန်းတွေကို ငလျင်ကြောင့် ရပ်တန့်သွားမှာ မလိုလားဆုံးပဲ။ ဒါကို သံ၊ သံမဏိစက်ရုံတွေကြောင့် မိရိုးဖလာလုပ်ငန်းတွေ နောင်တစ်ချိန် ငလျင်ဒဏ် မခံနိုင်တာဖြစ်လာနိုင်တဲ့အတွက် မလည်ပါနဲ့လို့ ဘယ် သူက လာပြောပြော ြှနြ ရှုထောင့်ကနေ ကာ ကွယ်ပေးနေတာဖြစ်ပါတယ်။ ခုချိန်ထိ ရုံကြီး (၁၈)ရုံ ကို စစ်တာတွေလုပ်ခဲ့သော်လည်း ကျန်တာကို တောက်လျှောက်ကို လွှတ်ပေးထားတာ။ အားပေးတာ တွေ ပြောဆိုတာတွေ မရှိပါဘူး။ ဘယ်ရုံတွေက လည် နေတယ်၊ ဘယ်ရုံတွေက ရပ်နေတယ်ဆိုတာ လတိုင်း လတိုင်း စာရင်းတွေရှိပါတယ်။ ထုတ်လုပ်မှုတွေ လည်းရှိပါတယ်။ ရပ်နားတဲ့ ရုံမရှိဘူးလားဆိုလည်း ရှိပါတယ်။ (၆၁)ရုံရှိပါတယ်။ ရပ်နေတာတွေက မန္တလေးမှာ (၃၃)ရုံ၊ စစ်ကိုင်းမှာ (၂၈)ရုံဖြစ်ပါတယ်။ ဒီရုံတွေ ရပ်တယ်ဆိုတာကလည်း အမိန့်ညွှန်ကြား ချက်ကြောင့်မဟုတ်ပါဘူး။ လုပ်ငန်းလည်ပတ်မှု၊ မျိုးစုံ သော အကြောင်းပြချက် တစ်ခုခုကြောင့်ဖြစ်ပါလိမ့် မယ်။ ဥပမာအားဖြင့် မီးမရလို့၊ ကုန်ကြမ်းမရလို့၊ လုပ်သားမရလို့၊ ရောင်းစရာဈေးကွက်မှာ ပစ္စည်းတွေ ပုံနေလို့" ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
အိမ္ေဆာက္ပစၥည္းအဆင့္ထိ ထုတ္လုပ္ႏိုင္သည့္ သံရည္က်ိဳ၊ သံနန္းဆြဲစက္႐ုံမ်ားကိုလစဥ္စစ္ေဆးမႈမ်ား ေဆာက္႐ြက္ေန
Pearl (NP News) - ဒီဇင္ဘာလ ၁၇
အိမ္ေဆာက္ပစၥည္းအဆင့္ထိ ထုတ္လုပ္ ႏိုင္သည့္ စစ္ကိုင္းႏွင့္ မႏၲေလးမွ သံရည္က်ိဳ၊သံနန္းဆြဲစက္႐ုံမ်ားကို လစဥ္စစ္ေဆးမႈမ်ားေဆာက္႐ြက္ ေနေၾကာင္း စက္မႈဝန္ႀကီးဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသိန္းေဆြက NP News သို႔ေျပာသည္။
လက္ရွိတြင္ သံရည္က်ိဳ၊ သံနန္းဆြဲ စက္႐ုံ မ်ားအေနျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ (၃၁)႐ုံ၊ မႏၲေလးတိုင္းေဒသႀကီးတြင္ (၁၈၉)႐ုံ စုစုေပါင္း ႐ုံေပါင္း (၂၂၀)ရွိကာ အဆိုပါစက္႐ုံမ်ားအနက္ အိမ္ ေဆာက္ပစၥည္းအဆင့္အထိထုတ္လုပ္ႏိုင္သည့္ သံရည္က်ိဳ၊ သံနန္းဆြဲစက္႐ုံအေနျဖင့္ စစ္ကိုင္းတိုင္း တြင္ (၂)႐ုံ၊ မႏၲေလးတိုင္းတြင္ (၇)႐ုံရွိေၾကာင္း သိရ သည္။
" ျမန္မာႏိုင္ငံမွာရွိတဲ့သံရည္က်ိဳ သံနန္းဆြဲ စက္႐ုံဆိုတာက အမ်ားသိတဲ့အတိုင္းပဲ လမ္းခင္းတဲ့ ေနရာေတြမွာ သုံးတာေတြ ၊ သံပန္းသံတခါးမွာ သုံး တာေတြ ၊ ျဗဳန္းစုပ္စက္ေတြမွာ သုံးတာေတြ ေရခ႐ု ေခၚမွာေပါ့။ စက္ခ်ဳပ္စက္ကိုယ္ထည္ေတြမွာ သုံးတာ ေတြ အစရွိသျဖင့္ အဲဒါမ်ိဳးအငယ္စားလုပ္တာမ်ားပါတယ္။ သံေခ်ာင္းဆြဲတာက နည္းပါတယ္။ သံေခ်ာင္း ဆြဲရင္ေတာင္မွ ေဆာက္လုပ္ေရးလုပ္ငန္းမွာသုံးတဲ့ သံေခ်ာင္းမ်ိဳးကို ဆြဲတာက လမ္းခင္းဖို႔ ၿခံစည္း႐ိုးကာဖို႔ မိ႐ိုးဖလာလုပ္ေနက်အလုပ္ကို ဆက္လုပ္သြားဖို႔ လုပ္ တဲ့လုပ္ငန္းေတြက အမ်ားစုျဖစ္ပါတယ္။ အဲဒီေတာ့ အိမ္ေဆာက္ပစၥည္းအဆင့္ေလာက္ထိ လုပ္ႏိုင္တာမ်ိဳး မရွိပါဘူး။ အိမ္ေဆာက္ပစၥည္းအဆင့္ထိလုပ္ႏိုင္ တာက စစ္ကိုင္းမွာ (၂)႐ုံရွိတယ္။ မႏၲေလးမွာ (၇)႐ုံ ရွိတယ္။ ရန္ကုန္မွာ (၉)႐ုံ ရွိတယ္။ အားလုံး (၂၂၀)မွာ ဒီ (၁၈)႐ုံကပဲ အထပ္ျမင့္အေဆာက္အအုံေဆာက္ ႏိုင္တဲ့ (၄)ထပ္အျမင့္ေလာက္ေဆာက္ႏိုင္တဲ့ သံ ေခ်ာင္းလုံးေတြ ထုတ္ႏိုင္တာျဖစ္ပါတယ္" ဟု ၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးသိန္းေဆြက ေျပာသည္။
အိမ္ေဆာက္ပစၥည္းအဆင့္ထိ ထုတ္လုပ္ ႏိုင္သည့္ စစ္ကိုင္း၊ မႏၲေလးႏွင့္ ရန္ကုန္တိုင္းတို႔မွ သံရည္က်ိဳ၊ သံနန္းဆြဲစက္႐ုံမ်ားမွ ထုတ္လုပ္ေနသည့္ သံေခ်ာင္းလုံးမ်ားကို သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီ မႈ ရွိ၊ မရွိကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက လစဥ္ စစ္ေဆးမႈမ်ားေဆာက္႐ြက္ေနေၾကာင္းလည္းသိရ သည္။
" ငလ်င္ျဖစ္ၿပီးေနာက္ပိုင္း ဒီစက္႐ုံေတြက သံေခ်ာင္းလုံးထုတ္တဲ့ေနရာမွာ လူေတြကလည္း အထပ္ျမင့္ေၾကာက္ေတာ့ အထပ္နိမ့္ပဲေဆာက္တယ္။ ေဆာက္ရင္ (၁၈) ႐ုံက ထုတ္တာကို သုံးလို႔ရတာျဖစ္ တဲ့အတြက္ ဒီ႐ုံ(၁၈)႐ုံကို လတိုင္းသြားစစ္တယ္။ လတိုင္းစစ္ၿပီးေတာ့ သတ္မွတ္ထားတဲ့ စံႏႈန္းနဲ႔ ကိုက္ ညီမကိုက္ညီ ၊ ဆိုက္ေတြက (၁၂)ကေန (၂၅) အထိ ထုတ္တာ မ်ိဳးစုံထုတ္တာ ၊ အဲဒီဆိုက္ေတြက သတ္မွတ္ ထားတဲ့ အ႐ြယ္အစားျပည့္လား မျပည့္ဘူးလား သြားၾကည့္တာ။ ၿပီးရင္ ဒီဆိုက္က (၃)ေပမွာရွိရမဲ့ အေလးခ်ိန္ သတ္မွတ္ခ်က္ရွိလားမရွိလား သြားစစ္ တာ။ မည္သည့္ဆိုက္ကိုမဆို အမွတ္တံဆိပ္ကပ္ဖို႔ကို လတိုင္းစစ္တယ္။ ဒါေတြနဲ႔ မကိုက္ညီတာ မထုတ္ပါနဲ႔ မေရာင္းပါနဲ႔ဆိုၿပီး ပညာေပးစည္း႐ုံးေနတဲ့ကာလျဖစ္ ပါတယ္။ ႐ုံေတြ ရပ္ဖို႔ ႏႈတ္နဲ႔ေသာ္လည္းေကာင္း စာနဲ႔ ေသာ္လည္းေကာင္း လုပ္တာမရွိပါဘူး" ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ သံရည္က်ိဳ၊ သံနန္းဆြဲစက္႐ုံ (၂၂၀) အနက္ လုပ္သားရွားပါးမႈ၊ လွ်ပ္စစ္မီးမရရွိမႈ ကဲ့သို႔ေသာ အခက္အခဲအခ်ိဳ႕ေၾကာင့္ လက္ရွိတြင္ အေသးစားစက္႐ုံ (၆၀)ခန႔္သည္ ရပ္တန႔္ေနေၾကာင္း လည္း သိရသည္။
" မိ႐ိုးဖလာလုပ္ေနတဲ့ သံရည္က်ိဳ ၊သံနန္း ဆြဲလုပ္ငန္းေတြကို ငလ်င္ေၾကာင့္ ရပ္တန႔္သြားမွာ မလိုလားဆုံးပဲ။ ဒါကို သံ၊ သံမဏိစက္႐ုံေတြေၾကာင့္ မိ႐ိုးဖလာလုပ္ငန္းေတြ ေနာင္တစ္ခ်ိန္ ငလ်င္ဒဏ္ မခံႏိုင္တာျဖစ္လာႏိုင္တဲ့အတြက္ မလည္ပါနဲ႔လို႔ ဘယ္ သူက လာေျပာေျပာ ျႇျႏ ရႈေထာင့္ကေန ကာ ကြယ္ေပးေနတာျဖစ္ပါတယ္။ ခုခ်ိန္ထိ ႐ုံႀကီး (၁၈)႐ုံ ကို စစ္တာေတြလုပ္ခဲ့ေသာ္လည္း က်န္တာကို ေတာက္ေလွ်ာက္ကို လႊတ္ေပးထားတာ။ အားေပးတာ ေတြ ေျပာဆိုတာေတြ မရွိပါဘူး။ ဘယ္႐ုံေတြက လည္ ေနတယ္၊ ဘယ္႐ုံေတြက ရပ္ေနတယ္ဆိုတာ လတိုင္း လတိုင္း စာရင္းေတြရွိပါတယ္။ ထုတ္လုပ္မႈေတြ လည္းရွိပါတယ္။ ရပ္နားတဲ့ ႐ုံမရွိဘူးလားဆိုလည္း ရွိပါတယ္။ (၆၁)႐ုံရွိပါတယ္။ ရပ္ေနတာေတြက မႏၲေလးမွာ (၃၃)႐ုံ၊ စစ္ကိုင္းမွာ (၂၈)႐ုံျဖစ္ပါတယ္။ ဒီ႐ုံေတြ ရပ္တယ္ဆိုတာကလည္း အမိန႔္ၫႊန္ၾကား ခ်က္ေၾကာင့္မဟုတ္ပါဘူး။ လုပ္ငန္းလည္ပတ္မႈ၊ မ်ိဳးစုံ ေသာ အေၾကာင္းျပခ်က္ တစ္ခုခုေၾကာင့္ျဖစ္ပါလိမ့္ မယ္။ ဥပမာအားျဖင့္ မီးမရလို႔၊ ကုန္ၾကမ္းမရလို႔၊ လုပ္သားမရလို႔၊ ေရာင္းစရာေဈးကြက္မွာ ပစၥည္းေတြ ပုံေနလို႔" ဟု ၎က ဆက္လက္ေျပာသည္။