ယူကရိန်း - ရုရှား ပဋိပက္ခ နောက်ကြောင်း (ဆောင်းပါး)

 2308

ရဲထွန်း(သီပေါ) (NP News) -ဧပြီ ၂၉
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံထဲက ဒွန်ဘစ်ဒေသကို “အထူးစစ်ဆင်ရေး” ဆင်နွှဲဖို့ကြေညာပြီး ယူကရိန်းနိုင်ငံကို အလုံးအရင်းနဲ့ စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပါပြီ။ ချက်ခြင်းဆိုသလို ကီယစ်နဲ့ ခါကစ် မြို့ကြီးတွေအပါအဝင် ယူကရိန်းနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့ကြီး များမှာပေါက်ကွဲသံတွေ ဆူညံသွားသလို၊ ရုရှားရဲ့ ကြည်း/ရေ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်း တောင်ပိုင်း ပင်လယ်နက်ကမ်းခြေက အိုဒက်ဆားမြို့ကို စီးနင်းတိုက်ခိုက်ခဲ့ပါတော့တယ်။

ဒီပြဿနာကို အပေါ်ယံကကြည့်မယ်ဆိုရင် အချုပ်အခြာအာဏာပိုင်နိုင်ငံငယ်တခုကို အင်အားကြီးမားတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုက ဝင်ရောက်ကျူးကျော်တိုက်ခိုက်တာဖြစ်လို့ မတရားဘူးလို့မြင်ရမှာပါ။ ဒါပေမဲ့ နှစ်နိုင်ငံ အကြား သမိုင်းကြောင်းအရ ပတ်သက်ဆက်နွယ်မှုတွေနဲ့ ကမ္ဘာ့အင်အားကြီးများအကြား ပြိုင်ဆိုင်မှုအဖြစ်အပျက် တွေကို လေ့လာကြည့်တဲ့အခါမှာ တော့ သင်ခန်းစာယူစရာတွေအများကြီး ရှိနေတာတွေ့ရပါတယ်။ အထူးသဖြင့် အင်အားကြီးနိုင်ငံတစ်ခုရဲ့မဟာဗျူဟာမြောက် ပထဝီနေရာမှာ အိမ်နီးချင်းဖြစ်ရတဲ့ မြန်မာလိုနိုင်ငံတွေအဖို့ ဖြစ်ပါတယ်။

အခြေခံအကြောင်းရင်းများ
နှစ်နိုင်ငံပြဿနာဖြစ်ပွားရခြင်းမှာ အခြေခံအကြောင်းရင်း နှစ်ချက်ရှိပါတယ်။

(၁) ပထမအကြောင်းရင်းက ယူကရိန်းဟာ ရုရှားရဲ့မဟာဗျူဟာကျကျ အရေးကြီးတဲ့ ပထဝီအနေအထားမှာ တည်ရှိနေပြီး နေတိုးအဖွဲ့ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတာကြောင့်ပါ။
ယူကရိန်းနိုင်ငံဟာ ဥရောပတိုက်မှာ ဧရိယာအရ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး၊ ပထမအကြီးဆုံးနိုင်ငံ ရုရှားနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအကြားမှာ တည်ရှိပါတယ်။ ဒါ့အပြင် ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖို့ လျှောက်ထား နေတဲ့ ကာလလည်းဖြစ်ပါတယ်။
နေတိုးအဖွဲ့ဆိုတာ စစ်အေးကာလက အနောက်ဥရောပဒီမိုကရေစီနိုင်ငံများနဲ့ဖွဲ့စည်းထားတဲ့ ဆိုဗီယက် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး စစ်စာချုပ်အဖွဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် ၁၉၅၅ ခုနှစ်မှာ အရှေ့ဥရောပ ဆိုရှယ် လစ်နိုင်ငံများကလည်း ဝါဆော စစ်စာချုပ် အဖွဲ့ဖွဲ့ပြီး နေတိုးကို တန်ပြန်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကြီးရော၊ ဝါဆောစစ်စာချုပ်အဖွဲ့ကြီးပါ ပြိုကွဲပျောက်ကွယ်သွားခဲ့ ပေမယ့် နေတိုးအဖွဲ့ကိုတော့ မဖျက်သိမ်းခဲ့ပါဘူး။
၁၉၉ဝ ခုနှစ်တွေမှာ နေတိုးဟာ မူလတာဝန်တွေမှာမပါဝင်တဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေမှာ တိုးချဲ့ပါဝင်လုပ်ဆောင်ခဲ့ပေမယ့် ၁၉၉၂၊ ၁၉၉၅ နဲ့ ၁၉၉၉ ခုနှစ်တွေအတွင်း ယူဂိုဆလပ်ဗီးယား ပြိုကွဲတဲ့အချိန်မှာ နေတိုးက စစ်ရေး အရဝင်ရောက်စွက်ဖက်ခဲ့ပြီး ယူဂိုဆလပ်ဗီးယားပြိုကွဲ-ခွဲထွက်ရေးကို ကူညီခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ယခင်ဝါဆောအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဟန်ဂေရီ၊ ပိုလန်နဲ့ ချက်နိုင်ငံတို့ဟာ နေတိုးအဖွဲ့ဝင်တွေ ဖြစ်သွားကြတယ်။ ၂ဝဝ၄ ခုနှစ်မှာ ဝါဆောအဖွဲ့ဝင်ဟောင်းများဖြစ်ကြတဲ့ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ ဆလို ဗက်ကီးယားနဲ့ ယူဂိုဆလပ်ဗီးယားက ခွဲထွက်လာတဲ့ ဆလိုဗေးနီးယားတို့ဟာ နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာကြ ပြန်သလို၊ ယခင်ဆိုဗီယက်ယူနီယံအတွင်းက ခွဲထွက်သွားခဲ့ကြတဲ့ ဘောလတစ် (၃) နိုင်ငံ- လတ်ဗီးယား၊ အက်စ် တိုးနီးယားနဲ့ လစ်သူယေးနီးယားတို့ဟာ အဖွဲ့ဝင်တွေ ဖြစ်သွားကြပြန်တယ်။ ၂ဝဝ၉ ခုနှစ်မှာ အယ်ဘေးနီးယားနဲ့ ကရိုအေးရှားတို့အဖွဲ့ဝင်ဖြစ်ခဲ့ကြပြီး၊ ၂ဝ၁၇ ခုနှစ်နဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ မွန်တီနီးဂရိုးနဲ့ မြောက်မက်ဆီဒိုနီးယား တို့ဟာ အသီးသီးအဖွဲ့ဝင်ဖြစ်ခဲ့ကြပါတယ်။ ယူကရိန်း၊ ဂျော်ဂျီယာနဲ့ ဘော့စ်နီးယား-ဟာဇီဂိုဘီးနားတို့ဟာ အဖွဲ့ဝင်ဖြစ်လိုကြတဲ့ တိုင်းပြည်များဖြစ်တယ်လို့ နေတိုးက တရားဝင်ကြေညာထားပါတယ်။

ဒါကြောင့် မြေပုံပေါ်မှာ ကြည့်လိုက်ရင်၊ ရုရှားရဲ့အနောက်ဖက်က ယူကရိန်းနိုင်ငံနဲ့ တောင်ဘက်က ဂျော်ဂျီယာ နိုင်ငံတို့သာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်သွားကြရင် ရုရှားဟာ နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပတ်ဝိုင်းပြီး သားဖြစ်သွားပါလိမ့်မယ်။
၂ဝဝ၈ ခုနှစ်မှာတော့ ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံ နေတိုးစစ်စာချုပ်အဖွဲ့ထဲဝင်ရေးကို မလိုလားကြောင်း စတင် ပြောထွက်လာပါတယ်။ အဓိပ္ပါယ်ကတော့ ရုရှားနယ်စပ်နားမှာ သူ့ကိုချိန်ရွယ်ထားမယ့် ဒုံးပျံစခန်းတွေ၊ စစ်စခန်းတွေ ရောက်မလာစေချင်တာပါ။ ဒီခံစားချက်က ၁၉၆၂ ခုနှစ်က ကျူးဘားမှာ ဆိုဗီယက်ယူနီယံရဲ့ ဒုံးပျံတွေချထားဖို့ လုပ်စဉ်က အမေရိကန်က အကြီးအကျယ်ဒေါသထွက်ပြီး ဟန့်တားခဲ့စဉ်က ခံစားချက်မျိုးပါပဲ။
ရုရှားရဲ့သ‌ဘောထားက ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်သွားနိုင်ခြင်းနဲ့ နေတိုးအဖွဲ့တိုးချဲ့ခြင်းဟာ သူ့ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တာလို့ယူဆပါတယ်။ အပြန်အလှန်အားဖြင့် ယူကရိန်းနဲ့ ရုရှားရဲ့အိမ်နီးခြင်း ဥရောပနိုင်ငံတွေက ပူတင်ဟာ ရုရှားအင်ပါယာ (သို့မဟုတ်) ဆိုဗီယက်ယူနီယံပြန်လည်ထူထောင်ဖို့ စိတ်ကူး ယဉ်ပြီး ရန်လိုတဲ့စစ်ပြုရေးလမ်းစဉ်တွေ ချမှတ်လုပ်ဆောင်နေတယ်လို့ စွပ်စွဲပါတယ်။

(၂) ဒုတိယအချက်က ယူကရိန်းနဲ့ ရုရှားအကြားမှာ နယ်မြေအငြင်းပွားမှုပြဿနာနဲ့ လူမျိုးရေးအရ ခွဲခြား ဆက်ဆံ ခံရမှု ရှိနေခြင်းပဲဖြစ်ပါတယ်။
ပထမတစ်ခုက ရုရှားလူမျိုးအများစုနေထိုင်တဲ့ ယူကရိန်းတောင်ပိုင်းက ကရိုင်းမီးယားကျွန်းဆွယ်ပါ။ ကရိုင်းမီးယားဒေသမှာ စုစုပေါင်း လူဦးရေ ၂ ဒသမ ၄ သန်းနေထိုင်ကြပြီး၊ ရုရှားလူမျိုးက ၆၅ ဒသမ ၃ ရာခိုင်နှုန်း၊ ယူကရိန်းလူမျိုးက ၁၅ ဒသမ ၁ ရာခိုင်နှုန်း နဲ့ တာတာလူမျိုးက ၁ဝ ဒသမ ၈ ရာခိုင်နှုန်းနေထိုင်ကြပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ကရိုင်းမီးယားကျွန်းဆွယ်ဟာ မူလက ရုရှားဖက်ဒရေးရှင်းထဲမှာ ရှိနေရာက၊ ၁၉၅၄ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ‌ခေါင်းဆောင် နီကီတာခရုရှက်ဖ်က ယူကရိန်းဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံထဲကို လွှဲပြောင်းထည့်ခဲ့ပါတယ်။ အဲဒီတုံးက ဆိုဗီယက်ကွန်မြူနစ်ပါတီအောက်မှာ အားလုံး တညီတညွတ်တည်းရှိနေ ကြတော့ ဒီလိုလွှဲပြောင်းပေးခဲ့တာက ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီး လွတ်လပ်တဲ့ယူကရိန်းသမ္မတနိုင်ငံပေါ်လာတော့လည်း ပထမပိုင်းကာလတွေမှာ ရုရှားနဲ့ ယူကရိန်းဟာ ချစ်ကြည် ရင်းနှီးမှုတွေရှိခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာတော့ ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတ ယာနူကိုဗစ်ကို လူထုတော်လှန်ရေးနဲ့ဖြုတ်ချခံရပြီးတဲ့ နောက်မှာ ယူကရိန်းလွှတ်တော်က ရုရှားဘာသာစကားနဲ့ တခြားလူနည်းစုတွေရဲ့ဘာသာစကားကို တရားဝင် အဆင့်အတန်းကနေ ဖျက်သိမ်းပစ်လိုက်တယ်။ အဲဒီနောက်မှာတော့ ရုရှားလူမျိုးအများစုရှိတဲ့ ကရိုင်းမီးယား လွှတ်တော်ကို ရုရှားလိုလားတဲ့အရပ်သားတွေက ဝင်သိမ်းဖို့ကြိုးစားခဲ့ကြတယ်။ ပူတင်အတွက် ယူကရိန်းမြေပေါ် မှာ ရုရှားတွေအန္တရာယ်ကျရောက်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရပြီဆိုတဲ့ အကြောင်းပြချက်ရသွားပါ တယ်။ ဒီလိုနဲ့ရုရှားတပ်တွေဟာ ကရိုင်းမီးယားကို ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနှစ် မတ်လ (၁၆) ရက်နေ့ မှာပြုလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ၊ ကရိုင်းမီးယားကို ရုရှားနဲ့ပြန်လည်ပူးပေါင်းဖို့ ထောက်ခံမဲ ၉ဝ ရာခိုင်နှုန်းကျော် ရခဲ့ပါတယ်။ ဒီရလဒ်ကို တရားမဝင်ဘူးလို့ ယူကရိန်း က ဆိုပါတယ်။

နောက်ပြဿနာရှိတဲ့တစ်နေရာက ယူကရိန်းရဲ့အရှေ့ပိုင်း ဒွန်းနက်စ် နဲ့ လူဟန့်ဆိုတဲ့ ခွဲထွက်ရေးသူပုန်တွေ ချုပ်ကိုင်ထားတဲ့ ဒေသ ၂ ခုဖြစ်ပါတယ်။ အဲဒီ နှစ်နေရာပါဝင်တဲ့ဒေသကို ဒွန်ဘတ်စ် ဒေသလို့ခေါ်ပါတယ်။ ၂ဝ၂၁ ခုနှစ်သန်းခေါင်စာရင်းအရ ရုရှားစကားပြောသူက ဒွန်းနက်စ်ဒေသမှာ ၇၄ ဒစမ ၉ ရာခိုင်နှုန်းနဲ့ လူဟန့်စ်က် ‌ဒေသ မှာ ၆၈ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။ ယူကရိန်းသမ္မတ ယာနူကိုဗစ် ရုရှားကိုထွက်ပြေးသွားပြီးတဲ့ နောက်မှာ ယူကရိန်းအရှေ့ဖျားဒေသက ခေါင်းဆောင်တွေဟာ သမ္မတ ယာနူကိုဗစ်ကို ဆက်လက် သစ္စာရှိ ကြောင်းကြေညာခဲ့ကြပြီး ရုရှားလိုလားတဲ့ ပုန်ကန်ထကြွမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂ဝ၁၄ ခုနှစ် ဧပြီလမှာ ဒွန်ဘတ်စ်ဒေသမှာ စစ်စဖြစ်ပြီး၊ ရုရှားက ထောက်ခံတဲ့ ဒွန်နက်စ်က် နဲ့ လူဟန့်စ်က် လို့ခေါ်တဲ့ ပြည်သူ့သမ္မတနိုင်ငံ နှစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ပုန်ကန်သူများနဲ့ ယူကရိန်းအစိုးရတို့အကြား စစ်ဖြစ်ပွားနေစဉ် ၂ဝ၁၄ ခုနှစ် မေလ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၉ဝ ရာခိုင်နှုန်းနဲ့ လွတ်လပ်‌ရေးကိုအတည်ပြုခဲ့ ကြပါတယ်။ အဲဒီလူထုဆန္ဒခံယူပွဲကို တရားမဝင်ဘူး၊ ဒီမိုကရေစီမကျဘူးလို့ ယူကရိန်းအစိုးရက ဆိုပါတယ်။

၂ဝ၁၅ ခုနှစ် ဂျွန်လ ၄ ရက်နေ့မှာ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က “ဒွန်ဘတ်စ်ဒေသ နယ်စပ်မျဉ်း တစ်လျှောက်မှာ ယူကရိန်းစစ်တပ်က အမြောက်နဲ့ပစ်ခတ်နေတာတွေကို ရပ်တန့်ဖို့” အနောက်အုပ်စုအနေနဲ့ ယူကရိန်းအစိုးရကို ဖိအားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ယူကရိန်းအစိုးရဝန်ကြီးများအစည်းအဝေးက ဒွန်ဘတ်စ်ဒေသနဲ့ လူထုကို ပြန်လည်ပေါင်းစည်းရေးအစီအစဉ်တစ်ခုကို အတည်ပြုချမှတ်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ ရုရှားဟာ ဒွန်ဘတ်စ် ဒေသရဲ့ တစိတ်တဒေသကို ထိန်းချုပ်ခွင့်ရမှာဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ်မှာ ရုရှားက စာချုပ်မူကြမ်းနှစ်ခုကို တင်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ “လုံခြုံရေး အာမခံချက်” လို့ ညွှန်း ဆိုထားတဲ့ တောင်းဆိုချက်နှစ်ချက်ပါဝင်ပါတယ်။ အဲဒါက “ယူကရိန်းနိုင်ငံအနေနဲ့ နေတိုးအဖွဲ့ကို မဝင်ပါဘူးဆို တဲ့ ဥပဒေအရ စည်းနှောင်မှုရှိတဲ့ကတိနဲ့ နေတိုးအဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံတွေမှာ ဖြန့်ကျက်ချထားပြီးဖြစ်တဲ့ တပ်ဖွဲ့တွေနဲ့ စစ်လက်နက်ပစ္စည်းအရေအတွက်ကို လျှော့ချပေးဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ တောင်းဆိုထားတဲ့ အတိုင်းမလုပ်ပေးရင် တစ်စုံတစ်ခုသော စစ်ရေးတုန့်ပြန်မှုတွေ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
နေတိုးအဖွဲ့က ဒီတောင်းဆိုချက်တွေကို ပယ်ချခဲ့ပြီး၊ အမေရိကန်သမ္မတက ယူကရိန်းကို ကျူးကျော်တိုက်ခိုက် ရင် ရုရှားကို “မြန်ဆန် ပြင်းထန်” တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ သတိပေးခဲ့ပါတယ်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဒွန်ဘတ်စ်ဒေသရဲ့အခြေအနေက ဆိုးရွားလာပြန်ပါတယ်။ ဒွန်နက်စ် နဲ့ လူဟန့်ဒေသတွေကို ယူကရိန်းလုံခြုံရေးတပ်တွေက လက်နက်ကြီးတွေ၊ အမြောက်တွေနဲ့ ပစ်ခတ်ကြပါတယ်။ ဒါကြောင့် ဒွန်းနက်စ်နဲ့ လူဟန့်စ် ခွဲထွက်နိုင်ငံအစိုးရတွေက အရပ်သားပြည်သူတွေ ရုရှားနယ်မြေထဲ ဘေးကင်းရာ ကို ထွက်ခွာကြဖို့ စည်းရုံးဆော်သြခဲ့ပါတယ်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဒွန်ဘတ်စ်ဒေသနေ ပြည်သူတွေဟာ ယူကရိန်းရဲ့အမြောက်ဒဏ် ဗုံးဒဏ်ကနေ ရှောင်တိမ်းဖို့အတွက် ရုရှားနယ်မြေတွေဆီ ထွက်ပြေးကြရပါတယ်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရုရှားနိုင်ငံတော်လုံခြုံရေးကောင်စီက ဒွန်နက်စ်နဲ့ လူဟန့်စ်တို့ရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ပါတော့တယ်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒွန်ဘတ်စ်ဒေသမှာ အထူး စစ်ဆင်ရေးဆင်နွှဲဖို့နဲ့ ယူကရိန်းကို အလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါတော့တယ်။

ဒါဟာ စစ်အေးတိုက်ပွဲပြီးတဲ့နောက်ပိုင်း ဥရောပမှာဖြစ်ပွားခဲ့တဲ့ အပြင်းထန်ဆုံးလက်နက်ကိုင် ပဋိပက္ခတစ်ခုဖြစ် ပြီး အင်အားကြီးနိုင်ငံများနဲ့ မဟာဗျူဟာမြောက် ပထဝီအနေအထားမှာတည်ရှိတဲ့ နိုင်ငံငယ်လေးများအဖို့ သတိပြုစရာ သင်ခန်းစာတခုပဲဖြစ်ပါတယ်။

စာကိုးကား - Wikipedia

Zawgyi Version;
ယူကရိန္း - ႐ုရွား ပဋိပကၡ ေနာက္ေၾကာင္း (ေဆာင္းပါး)
ရဲထြန္း(သီေပါ) (NP News) -ဧၿပီ ၂၉

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က ႐ုရွားႏိုင္ငံသမၼတ ဗလာဒီမာပူတင္က ယူကရိန္းႏိုင္ငံထဲက ဒြန္ဘစ္ေဒသကို “အထူးစစ္ဆင္ေရး” ဆင္ႏႊဲဖို႔ေၾကညာၿပီး ယူကရိန္းႏိုင္ငံကို အလုံးအရင္းနဲ႔ စတင္က်ဴးေက်ာ္တိုက္ခိုက္ခဲ့ပါၿပီ။ ခ်က္ျခင္းဆိုသလို ကီယစ္နဲ႔ ခါကစ္ ၿမိဳ႕ႀကီးေတြအပါအဝင္ ယူကရိန္းႏိုင္ငံအလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းက ၿမိဳ႕ႀကီး မ်ားမွာေပါက္ကြဲသံေတြ ဆူညံသြားသလို၊ ႐ုရွားရဲ႕ ၾကည္း/ေရ တိုက္ခိုက္ေရးတပ္ဖြဲ႕ေတြဟာ ယူကရိန္း ေတာင္ပိုင္း ပင္လယ္နက္ကမ္းေျခက အိုဒက္ဆားၿမိဳ႕ကို စီးနင္းတိုက္ခိုက္ခဲ့ပါေတာ့တယ္။

ဒီျပႆနာကို အေပၚယံကၾကည့္မယ္ဆိုရင္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံငယ္တခုကို အင္အားႀကီးမားတဲ့ အိမ္နီးခ်င္းႏိုင္ငံတစ္ခုက ဝင္ေရာက္က်ဴးေက်ာ္တိုက္ခိုက္တာျဖစ္လို႔ မတရားဘူးလို႔ျမင္ရမွာပါ။ ဒါေပမဲ့ ႏွစ္ႏိုင္ငံ အၾကား သမိုင္းေၾကာင္းအရ ပတ္သက္ဆက္ႏြယ္မႈေတြနဲ႔ ကမာၻ႔အင္အားႀကီးမ်ားအၾကား ၿပိဳင္ဆိုင္မႈအျဖစ္အပ်က္ ေတြကို ေလ့လာၾကည့္တဲ့အခါမွာ ေတာ့ သင္ခန္းစာယူစရာေတြအမ်ားႀကီး ရွိေနတာေတြ႕ရပါတယ္။ အထူးသျဖင့္ အင္အားႀကီးႏိုင္ငံတစ္ခုရဲ႕မဟာဗ်ဴဟာေျမာက္ ပထဝီေနရာမွာ အိမ္နီးခ်င္းျဖစ္ရတဲ့ ျမန္မာလိုႏိုင္ငံေတြအဖို႔ ျဖစ္ပါတယ္။

အေျခခံအေၾကာင္းရင္းမ်ား
ႏွစ္ႏိုင္ငံျပႆနာျဖစ္ပြားရျခင္းမွာ အေျခခံအေၾကာင္းရင္း ႏွစ္ခ်က္ရွိပါတယ္။

(၁) ပထမအေၾကာင္းရင္းက ယူကရိန္းဟာ ႐ုရွားရဲ႕မဟာဗ်ဴဟာက်က် အေရးႀကီးတဲ့ ပထဝီအေနအထားမွာ တည္ရွိေနၿပီး ေနတိုးအဖြဲ႕ကို ဝင္ခြင့္ရဖို႔ ႀကိဳးစားေနတာေၾကာင့္ပါ။
ယူကရိန္းႏိုင္ငံဟာ ဥေရာပတိုက္မွာ ဧရိယာအရ ဒုတိယအႀကီးဆုံးႏိုင္ငံျဖစ္ၿပီး၊ ပထမအႀကီးဆုံးႏိုင္ငံ ႐ုရွားနဲ႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြအၾကားမွာ တည္ရွိပါတယ္။ ဒါ့အျပင္ ယူကရိန္းက ေနတိုးအဖြဲ႕ဝင္ဖို႔ ေလွ်ာက္ထား ေနတဲ့ ကာလလည္းျဖစ္ပါတယ္။
ေနတိုးအဖြဲ႕ဆိုတာ စစ္ေအးကာလက အေနာက္ဥေရာပဒီမိုကေရစီႏိုင္ငံမ်ားနဲ႔ဖြဲ႕စည္းထားတဲ့ ဆိုဗီယက္ ကြန္ျမဴနစ္ဝါဒဆန႔္က်င္ေရး စစ္စာခ်ဳပ္အဖြဲ႕ပါ။ ဆန႔္က်င္ဘက္အားျဖင့္ ၁၉၅၅ ခုႏွစ္မွာ အေရွ႕ဥေရာပ ဆိုရွယ္ လစ္ႏိုင္ငံမ်ားကလည္း ဝါေဆာ စစ္စာခ်ဳပ္ အဖြဲ႕ဖြဲ႕ၿပီး ေနတိုးကို တန္ျပန္ခဲ့ပါတယ္။
ဒီလိုနဲ႔ ၁၉၉၁ ခုႏွစ္မွာ ဆိုဗီယက္ျပည္ေထာင္စုႀကီးေရာ၊ ဝါေဆာစစ္စာခ်ဳပ္အဖြဲ႕ႀကီးပါ ၿပိဳကြဲေပ်ာက္ကြယ္သြားခဲ့ ေပမယ့္ ေနတိုးအဖြဲ႕ကိုေတာ့ မဖ်က္သိမ္းခဲ့ပါဘူး။
၁၉၉ဝ ခုႏွစ္ေတြမွာ ေနတိုးဟာ မူလတာဝန္ေတြမွာမပါဝင္တဲ့ ႏိုင္ငံေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာကိစၥေတြမွာ တိုးခ်ဲ႕ပါဝင္လုပ္ေဆာင္ခဲ့ေပမယ့္ ၁၉၉၂၊ ၁၉၉၅ နဲ႔ ၁၉၉၉ ခုႏွစ္ေတြအတြင္း ယူဂိုဆလပ္ဗီးယား ၿပိဳကြဲတဲ့အခ်ိန္မွာ ေနတိုးက စစ္ေရး အရဝင္ေရာက္စြက္ဖက္ခဲ့ၿပီး ယူဂိုဆလပ္ဗီးယားၿပိဳကြဲ-ခြဲထြက္ေရးကို ကူညီခဲ့ပါတယ္။ ၁၉၉၉ ခုႏွစ္မွာ ယခင္ဝါေဆာအဖြဲ႕ဝင္ေဟာင္းေတြျဖစ္တဲ့ ဟန္ေဂရီ၊ ပိုလန္နဲ႔ ခ်က္ႏိုင္ငံတို႔ဟာ ေနတိုးအဖြဲ႕ဝင္ေတြ ျဖစ္သြားၾကတယ္။ ၂ဝဝ၄ ခုႏွစ္မွာ ဝါေဆာအဖြဲ႕ဝင္ေဟာင္းမ်ားျဖစ္ၾကတဲ့ ဘူေဂးရီးယား၊ ႐ိုေမးနီးယား၊ ဆလို ဗက္ကီးယားနဲ႔ ယူဂိုဆလပ္ဗီးယားက ခြဲထြက္လာတဲ့ ဆလိုေဗးနီးယားတို႔ဟာ ေနတိုးအဖြဲ႕ဝင္ေတြ ျဖစ္လာၾက ျပန္သလို၊ ယခင္ဆိုဗီယက္ယူနီယံအတြင္းက ခြဲထြက္သြားခဲ့ၾကတဲ့ ေဘာလတစ္ (၃) ႏိုင္ငံ- လတ္ဗီးယား၊ အက္စ္ တိုးနီးယားနဲ႔ လစ္သူေယးနီးယားတို႔ဟာ အဖြဲ႕ဝင္ေတြ ျဖစ္သြားၾကျပန္တယ္။ ၂ဝဝ၉ ခုႏွစ္မွာ အယ္ေဘးနီးယားနဲ႔ က႐ိုေအးရွားတို႔အဖြဲ႕ဝင္ျဖစ္ခဲ့ၾကၿပီး၊ ၂ဝ၁၇ ခုႏွစ္နဲ႔ ၂ဝ၂ဝ ျပည့္ႏွစ္မွာ မြန္တီနီးဂ႐ိုးနဲ႔ ေျမာက္မက္ဆီဒိုနီးယား တို႔ဟာ အသီးသီးအဖြဲ႕ဝင္ျဖစ္ခဲ့ၾကပါတယ္။ ယူကရိန္း၊ ေဂ်ာ္ဂ်ီယာနဲ႔ ေဘာ့စ္နီးယား-ဟာဇီဂိုဘီးနားတို႔ဟာ အဖြဲ႕ဝင္ျဖစ္လိုၾကတဲ့ တိုင္းျပည္မ်ားျဖစ္တယ္လို႔ ေနတိုးက တရားဝင္ေၾကညာထားပါတယ္။

ဒါေၾကာင့္ ေျမပုံေပၚမွာ ၾကည့္လိုက္ရင္၊ ႐ုရွားရဲ႕အေနာက္ဖက္က ယူကရိန္းႏိုင္ငံနဲ႔ ေတာင္ဘက္က ေဂ်ာ္ဂ်ီယာ ႏိုင္ငံတို႔သာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္သြားၾကရင္ ႐ုရွားဟာ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ပတ္ဝိုင္းၿပီး သားျဖစ္သြားပါလိမ့္မယ္။
၂ဝဝ၈ ခုႏွစ္မွာေတာ့ ႐ုရွားသမၼတပူတင္က ယူကရိန္းႏိုင္ငံ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ထဲဝင္ေရးကို မလိုလားေၾကာင္း စတင္ ေျပာထြက္လာပါတယ္။ အဓိပၸါယ္ကေတာ့ ႐ုရွားနယ္စပ္နားမွာ သူ႔ကိုခ်ိန္႐ြယ္ထားမယ့္ ဒုံးပ်ံစခန္းေတြ၊ စစ္စခန္းေတြ ေရာက္မလာေစခ်င္တာပါ။ ဒီခံစားခ်က္က ၁၉၆၂ ခုႏွစ္က က်ဴးဘားမွာ ဆိုဗီယက္ယူနီယံရဲ႕ ဒုံးပ်ံေတြခ်ထားဖို႔ လုပ္စဥ္က အေမရိကန္က အႀကီးအက်ယ္ေဒါသထြက္ၿပီး ဟန႔္တားခဲ့စဥ္က ခံစားခ်က္မ်ိဳးပါပဲ။
႐ုရွားရဲ႕သ‌ေဘာထားက ယူကရိန္းႏိုင္ငံ ေနတိုးအဖြဲ႕ဝင္ျဖစ္သြားႏိုင္ျခင္းနဲ႔ ေနတိုးအဖြဲ႕တိုးခ်ဲ႕ျခင္းဟာ သူ႔ရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္တာလို႔ယူဆပါတယ္။ အျပန္အလွန္အားျဖင့္ ယူကရိန္းနဲ႔ ႐ုရွားရဲ႕အိမ္နီးျခင္း ဥေရာပႏိုင္ငံေတြက ပူတင္ဟာ ႐ုရွားအင္ပါယာ (သို႔မဟုတ္) ဆိုဗီယက္ယူနီယံျပန္လည္ထူေထာင္ဖို႔ စိတ္ကူး ယဥ္ၿပီး ရန္လိုတဲ့စစ္ျပဳေရးလမ္းစဥ္ေတြ ခ်မွတ္လုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲပါတယ္။

(၂) ဒုတိယအခ်က္က ယူကရိန္းနဲ႔ ႐ုရွားအၾကားမွာ နယ္ေျမအျငင္းပြားမႈျပႆနာနဲ႔ လူမ်ိဳးေရးအရ ခြဲျခား ဆက္ဆံ ခံရမႈ ရွိေနျခင္းပဲျဖစ္ပါတယ္။
ပထမတစ္ခုက ႐ုရွားလူမ်ိဳးအမ်ားစုေနထိုင္တဲ့ ယူကရိန္းေတာင္ပိုင္းက က႐ိုင္းမီးယားကြၽန္းဆြယ္ပါ။ က႐ိုင္းမီးယားေဒသမွာ စုစုေပါင္း လူဦးေရ ၂ ဒသမ ၄ သန္းေနထိုင္ၾကၿပီး၊ ႐ုရွားလူမ်ိဳးက ၆၅ ဒသမ ၃ ရာခိုင္ႏႈန္း၊ ယူကရိန္းလူမ်ိဳးက ၁၅ ဒသမ ၁ ရာခိုင္ႏႈန္း နဲ႔ တာတာလူမ်ိဳးက ၁ဝ ဒသမ ၈ ရာခိုင္ႏႈန္းေနထိုင္ၾကပါတယ္။

ယူကရိန္းႏိုင္ငံရဲ႕ က႐ိုင္းမီးယားကြၽန္းဆြယ္ဟာ မူလက ႐ုရွားဖက္ဒေရးရွင္းထဲမွာ ရွိေနရာက၊ ၁၉၅၄ ခုႏွစ္မွာ ဆိုဗီယက္ယူနီယံ‌ေခါင္းေဆာင္ နီကီတာခ႐ုရွက္ဖ္က ယူကရိန္းဆိုဗီယက္ဆိုရွယ္လစ္သမၼတႏိုင္ငံထဲကို လႊဲေျပာင္းထည့္ခဲ့ပါတယ္။ အဲဒီတုံးက ဆိုဗီယက္ကြန္ျမဴနစ္ပါတီေအာက္မွာ အားလုံး တညီတၫြတ္တည္းရွိေန ၾကေတာ့ ဒီလိုလႊဲေျပာင္းေပးခဲ့တာက ဘာျပႆနာမွ မရွိခဲ့ပါဘူး။ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံၿပိဳကြဲသြားၿပီး လြတ္လပ္တဲ့ယူကရိန္းသမၼတႏိုင္ငံေပၚလာေတာ့လည္း ပထမပိုင္းကာလေတြမွာ ႐ုရွားနဲ႔ ယူကရိန္းဟာ ခ်စ္ၾကည္ ရင္းႏွီးမႈေတြရွိခဲ့ပါတယ္။

၂ဝ၁၄ ခုႏွစ္မွာေတာ့ ႐ုရွားလိုလားတဲ့ ယူကရိန္းသမၼတ ယာႏူကိုဗစ္ကို လူထုေတာ္လွန္ေရးနဲ႔ျဖဳတ္ခ်ခံရၿပီးတဲ့ ေနာက္မွာ ယူကရိန္းလႊတ္ေတာ္က ႐ုရွားဘာသာစကားနဲ႔ တျခားလူနည္းစုေတြရဲ႕ဘာသာစကားကို တရားဝင္ အဆင့္အတန္းကေန ဖ်က္သိမ္းပစ္လိုက္တယ္။ အဲဒီေနာက္မွာေတာ့ ႐ုရွားလူမ်ိဳးအမ်ားစုရွိတဲ့ က႐ိုင္းမီးယား လႊတ္ေတာ္ကို ႐ုရွားလိုလားတဲ့အရပ္သားေတြက ဝင္သိမ္းဖို႔ႀကိဳးစားခဲ့ၾကတယ္။ ပူတင္အတြက္ ယူကရိန္းေျမေပၚ မွာ ႐ုရွားေတြအႏၲရာယ္က်ေရာက္ေတာ့မယ့္ အရိပ္အေယာင္ေတြ ေတြ႕ေနရၿပီဆိုတဲ့ အေၾကာင္းျပခ်က္ရသြားပါ တယ္။ ဒီလိုနဲ႔႐ုရွားတပ္ေတြဟာ က႐ိုင္းမီးယားကို ဝင္ေရာက္သိမ္းပိုက္ခဲ့ပါတယ္။ အဲဒီႏွစ္ မတ္လ (၁၆) ရက္ေန႔ မွာျပဳလုပ္တဲ့ လူထုဆႏၵခံယူပြဲမွာ၊ က႐ိုင္းမီးယားကို ႐ုရွားနဲ႔ျပန္လည္ပူးေပါင္းဖို႔ ေထာက္ခံမဲ ၉ဝ ရာခိုင္ႏႈန္းေက်ာ္ ရခဲ့ပါတယ္။ ဒီရလဒ္ကို တရားမဝင္ဘူးလို႔ ယူကရိန္း က ဆိုပါတယ္။

ေနာက္ျပႆနာရွိတဲ့တစ္ေနရာက ယူကရိန္းရဲ႕အေရွ႕ပိုင္း ဒြန္းနက္စ္ နဲ႔ လူဟန႔္ဆိုတဲ့ ခြဲထြက္ေရးသူပုန္ေတြ ခ်ဳပ္ကိုင္ထားတဲ့ ေဒသ ၂ ခုျဖစ္ပါတယ္။ အဲဒီ ႏွစ္ေနရာပါဝင္တဲ့ေဒသကို ဒြန္ဘတ္စ္ ေဒသလို႔ေခၚပါတယ္။ ၂ဝ၂၁ ခုႏွစ္သန္းေခါင္စာရင္းအရ ႐ုရွားစကားေျပာသူက ဒြန္းနက္စ္ေဒသမွာ ၇၄ ဒစမ ၉ ရာခိုင္ႏႈန္းနဲ႔ လူဟန႔္စ္က္ ‌ေဒသ မွာ ၆၈ ဒသမ ၈ ရာခိုင္ႏႈန္း အသီးသီးရွိၾကပါတယ္။ ယူကရိန္းသမၼတ ယာႏူကိုဗစ္ ႐ုရွားကိုထြက္ေျပးသြားၿပီးတဲ့ ေနာက္မွာ ယူကရိန္းအေရွ႕ဖ်ားေဒသက ေခါင္းေဆာင္ေတြဟာ သမၼတ ယာႏူကိုဗစ္ကို ဆက္လက္ သစၥာရွိ ေၾကာင္းေၾကညာခဲ့ၾကၿပီး ႐ုရွားလိုလားတဲ့ ပုန္ကန္ထႂကြမႈေတြ ေပၚေပါက္ခဲ့ပါတယ္။ ဒီလိုနဲ႔ ၂ဝ၁၄ ခုႏွစ္ ဧၿပီလမွာ ဒြန္ဘတ္စ္ေဒသမွာ စစ္စျဖစ္ၿပီး၊ ႐ုရွားက ေထာက္ခံတဲ့ ဒြန္နက္စ္က္ နဲ႔ လူဟန႔္စ္က္ လို႔ေခၚတဲ့ ျပည္သူ႔သမၼတႏိုင္ငံ ႏွစ္ခု ေပၚေပါက္လာပါေတာ့တယ္။ ပုန္ကန္သူမ်ားနဲ႔ ယူကရိန္းအစိုးရတို႔အၾကား စစ္ျဖစ္ပြားေနစဥ္ ၂ဝ၁၄ ခုႏွစ္ ေမလ ၁၁ ရက္ေန႔မွာျပဳလုပ္တဲ့ ျပည္သူ႔ဆႏၵခံယူပြဲမွာ ေထာက္ခံမဲ ၉ဝ ရာခိုင္ႏႈန္းနဲ႔ လြတ္လပ္‌ေရးကိုအတည္ျပဳခဲ့ ၾကပါတယ္။ အဲဒီလူထုဆႏၵခံယူပြဲကို တရားမဝင္ဘူး၊ ဒီမိုကေရစီမက်ဘူးလို႔ ယူကရိန္းအစိုးရက ဆိုပါတယ္။

၂ဝ၁၅ ခုႏွစ္ ဂြၽန္လ ၄ ရက္ေန႔မွာ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္က “ဒြန္ဘတ္စ္ေဒသ နယ္စပ္မ်ဥ္း တစ္ေလွ်ာက္မွာ ယူကရိန္းစစ္တပ္က အေျမာက္နဲ႔ပစ္ခတ္ေနတာေတြကို ရပ္တန႔္ဖို႔” အေနာက္အုပ္စုအေနနဲ႔ ယူကရိန္းအစိုးရကို ဖိအားေပးဖို႔ တိုက္တြန္းခဲ့ပါတယ္။
၂ဝ၁၇ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔မွာ ယူကရိန္းအစိုးရဝန္ႀကီးမ်ားအစည္းအေဝးက ဒြန္ဘတ္စ္ေဒသနဲ႔ လူထုကို ျပန္လည္ေပါင္းစည္းေရးအစီအစဥ္တစ္ခုကို အတည္ျပဳခ်မွတ္ခဲ့ပါတယ္။ ဒီအစီအစဥ္အရ ႐ုရွားဟာ ဒြန္ဘတ္စ္ ေဒသရဲ႕ တစိတ္တေဒသကို ထိန္းခ်ဳပ္ခြင့္ရမွာျဖစ္ပါတယ္။

၂ဝ၂၁ ခုႏွစ္မွာ ႐ုရွားက စာခ်ဳပ္မူၾကမ္းႏွစ္ခုကို တင္ျပခဲ့ပါတယ္။ အဲဒီအထဲမွာ “လုံၿခဳံေရး အာမခံခ်က္” လို႔ ၫႊန္း ဆိုထားတဲ့ ေတာင္းဆိုခ်က္ႏွစ္ခ်က္ပါဝင္ပါတယ္။ အဲဒါက “ယူကရိန္းႏိုင္ငံအေနနဲ႔ ေနတိုးအဖြဲ႕ကို မဝင္ပါဘူးဆို တဲ့ ဥပေဒအရ စည္းေႏွာင္မႈရွိတဲ့ကတိနဲ႔ ေနတိုးအဖြဲ႕ဝင္ အေရွ႕ဥေရာပႏိုင္ငံေတြမွာ ျဖန႔္က်က္ခ်ထားၿပီးျဖစ္တဲ့ တပ္ဖြဲ႕ေတြနဲ႔ စစ္လက္နက္ပစၥည္းအေရအတြက္ကို ေလွ်ာ့ခ်ေပးဖို႔ပဲျဖစ္ပါတယ္။ တကယ္လို႔ ေတာင္းဆိုထားတဲ့ အတိုင္းမလုပ္ေပးရင္ တစ္စုံတစ္ခုေသာ စစ္ေရးတုန႔္ျပန္မႈေတြ ရင္ဆိုင္ရလိမ့္မယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။
ေနတိုးအဖြဲ႕က ဒီေတာင္းဆိုခ်က္ေတြကို ပယ္ခ်ခဲ့ၿပီး၊ အေမရိကန္သမၼတက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ ရင္ ႐ုရွားကို “ျမန္ဆန္ ျပင္းထန္” တဲ့ စီးပြားေရးပိတ္ဆို႔မႈေတြ ခ်မွတ္မယ္လို႔ သတိေပးခဲ့ပါတယ္။
၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔မွာ ဒြန္ဘတ္စ္ေဒသရဲ႕အေျခအေနက ဆိုး႐ြားလာျပန္ပါတယ္။ ဒြန္နက္စ္ နဲ႔ လူဟန႔္ေဒသေတြကို ယူကရိန္းလုံၿခဳံေရးတပ္ေတြက လက္နက္ႀကီးေတြ၊ အေျမာက္ေတြနဲ႔ ပစ္ခတ္ၾကပါတယ္။ ဒါေၾကာင့္ ဒြန္းနက္စ္နဲ႔ လူဟန႔္စ္ ခြဲထြက္ႏိုင္ငံအစိုးရေတြက အရပ္သားျပည္သူေတြ ႐ုရွားနယ္ေျမထဲ ေဘးကင္းရာ ကို ထြက္ခြာၾကဖို႔ စည္း႐ုံးေဆာ္ၾသခဲ့ပါတယ္။
၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ ဒြန္ဘတ္စ္ေဒသေန ျပည္သူေတြဟာ ယူကရိန္းရဲ႕အေျမာက္ဒဏ္ ဗုံးဒဏ္ကေန ေရွာင္တိမ္းဖို႔အတြက္ ႐ုရွားနယ္ေျမေတြဆီ ထြက္ေျပးၾကရပါတယ္။
၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ ႐ုရွားႏိုင္ငံေတာ္လုံၿခဳံေရးေကာင္စီက ဒြန္နက္စ္နဲ႔ လူဟန႔္စ္တို႔ရဲ႕ လြတ္လပ္ေရးကို အသိအမွတ္ျပဳလိုက္ပါေတာ့တယ္။
၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာေတာ့ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ဒြန္ဘတ္စ္ေဒသမွာ အထူး စစ္ဆင္ေရးဆင္ႏႊဲဖို႔နဲ႔ ယူကရိန္းကို အလုံးအရင္းနဲ႔ဝင္ေရာက္တိုက္ခိုက္ဖို႔ အမိန႔္ေပးလိုက္ပါေတာ့တယ္။

ဒါဟာ စစ္ေအးတိုက္ပြဲၿပီးတဲ့ေနာက္ပိုင္း ဥေရာပမွာျဖစ္ပြားခဲ့တဲ့ အျပင္းထန္ဆုံးလက္နက္ကိုင္ ပဋိပကၡတစ္ခုျဖစ္ ၿပီး အင္အားႀကီးႏိုင္ငံမ်ားနဲ႔ မဟာဗ်ဴဟာေျမာက္ ပထဝီအေနအထားမွာတည္ရွိတဲ့ ႏိုင္ငံငယ္ေလးမ်ားအဖို႔ သတိျပဳစရာ သင္ခန္းစာတခုပဲျဖစ္ပါတယ္။

စာကိုးကား - Wikipedia

Related news

© 2021. All rights reserved.