စစ်ရေးတင်းမာမှုများကြောင့် ဖားကန့်ရှိ စာသင်ကျောင်းနှင့် မြို့နယ်ရုံးတို့ကို ယာယီပိတ်ထားရ

 1190

သက်ပိုင် (NP News) - စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စာသင်ကျောင်းများနှင့် မြို့နယ်ရုံးများကို ယာယီပိတ်ထားရကြောင်း ဖားကန့်မြို့ဒေသခံများထံမှ သိရသည်။
"(၂၊ ၉၊ ၂ဝ၂၅) ရက် ကျောင်းနှင့် မြို့နယ်ရုံး ယာယီပိတ်သည်။ အခြေအနေအရ (၈.၉.၂၀၂၅) တွင် ပြန်လည်ဖွင့်လှစ်မည်" ဟု မြို့အုပ်ချုပ်ရေးတာဝန်ရှိသူများက သင်ပုန်းတွင်ရေး၍ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်မြို့ဒေသခံတစ်ဦးက ဆိုသည်။
"ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ ရေအေးချောင်းဘက် ရှောင်ကြဖို့ သတင်းတွေမြို့ပေါ် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ သီလရှင်ကျောင်းက သီလရှင်ဆရာလေးတွေတောင် မော်ဝမ်း သဘာဝကျောက်လှိုင်ဂူမှာ မနေ့ညထဲက ရောက်နေကြပြီ။ ဘယ်အဖွဲ့က ထုတ်တာလည်းမသိပေမယ့် စစ်ရေးအခြေအနေကတော့ တော်တော်လေးကို တင်းမာနေပါတယ်" ဟု ၄င်းက ဆိုသည်။
ယမန်နေ့(စက်တင်ဘာလ ၁ ရက်) ညနေပိုင်းမှ စတင်ကာ ဖားကန့်မြို့ပေါ်ရပ်ကွက်အချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းများ ရှိလာခဲ့သည့်အတွက် စက်တင်ဘာ (၂)ရက်မှ စက်တင်ဘာ (၈) ရက်အထိ ယာပိတ်ထားကြောင်းကို တာဝန်ရှိသူများမှ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖားကန့်မြို့ကို တပ်မတော်မှ ထိန်းချုပ်ထားပြီး ထိုသို့ထိန်းချုပ်ထားသည့်အတွက် KIA ဘက်မှ ပြန်လည်ထိုးစစ်ဆင်လာနေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုမှုများရှိနေသည်။

Zawgyi Version:
စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ဖားကန္႔ရွိ စာသင္ေက်ာင္းႏွင့္ ၿမိဳ႕နယ္႐ုံးတို႔ကို ယာယီပိတ္ထားရ
သက္ပိုင္ (NP News) - စက္တင္ဘာ ၂
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕ရွိ စာသင္ေက်ာင္းမ်ားႏွင့္ ၿမိဳ႕နယ္႐ုံးမ်ားကို ယာယီပိတ္ထားရေၾကာင္း ဖားကန္႔ၿမိဳ႕ေဒသခံမ်ားထံမွ သိရသည္။
"(၂၊ ၉၊ ၂ဝ၂၅) ရက္ ေက်ာင္းႏွင့္ ၿမိဳ႕နယ္႐ုံး ယာယီပိတ္သည္။ အေျခအေနအရ (၈.၉.၂၀၂၅) တြင္ ျပန္လည္ဖြင့္လွစ္မည္" ဟု ၿမိဳ႕အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားက သင္ပုန္းတြင္ေရး၍ ထုတ္ျပန္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕ေဒသခံတစ္ဦးက ဆိုသည္။
"ဖားကန႔္ၿမိဳ႕ မရွီကေထာင္ရပ္ကြက္၊ ေရေအးေခ်ာင္းဘက္ ေရွာင္ၾကဖို႔ သတင္းေတြၿမိဳ႕ေပၚ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနပါတယ္။ သီလရွင္ေက်ာင္းက သီလရွင္ဆရာေလးေတြေတာင္ ေမာ္ဝမ္း သဘာဝေက်ာက္လႈိင္ဂူမွာ မေန႔ညထဲက ေရာက္ေနၾကၿပီ။ ဘယ္အဖြဲ႕က ထုတ္တာလည္းမသိေပမယ့္ စစ္ေရးအေျခအေနကေတာ့ ေတာ္ေတာ္ေလးကို တင္းမာေနပါတယ္" ဟု ၄င္းက ဆိုသည္။
ယမန္ေန႔(စက္တင္ဘာလ ၁ ရက္) ညေနပိုင္းမွ စတင္ကာ ဖားကန္႔ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕တြင္ တိုက္ပြဲျဖစ္ပြားျခင္းမ်ား ရွိလာခဲ့သည့္အတြက္ စက္တင္ဘာ (၂)ရက္မွ စက္တင္ဘာ (၈) ရက္အထိ ယာပိတ္ထားေၾကာင္းကို တာဝန္ရွိသူမ်ားမွ ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖားကန္႔ၿမိဳ႕ကို တပ္မေတာ္မွ ထိန္းခ်ဳပ္ထားၿပီး ထိုသို႔ထိန္းခ်ဳပ္ထားသည့္အတြက္ KIA ဘက္မွ ျပန္လည္ထိုးစစ္ဆင္လာေနေသာေၾကာင့္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္ေၾကာင္း ေဒသခံမ်ားက သုံးသပ္ေျပာဆိုမႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.