မြေထဲပင်လယ်တွင် ပူးတွဲကင်းလှည့်မှုများကို အမေရိကန်ရေတပ်နှင့် လက်ဘနွန်ရေတပ်တို့လုပ်ဆောင်

87

Pika (NP News) - စက်တင်ဘာ ၂၈
အမေရိကန်ရေတပ်နှင့် လက်ဘနွန်ရေတပ်တို့သည် မြေထဲပင်လယ်အတွင်းတွင် ပူးတွဲကင်း လှည့်မှုများကို လုပ် ဆောင်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်(CENTCOM)က ထုတ်ပြန် ပြောကြားခဲ့သည်။ လက်ဘနွန်ရေ တပ်သင်္ဘောနှစ် စင်းနှင့်အတူ အမေရိကန်ရေတပ်ဖျက်သင်္ဘော USS Mitscheronf တို့သည် စစ်ဆင်ရေး၏ တစ်စိတ်တစ် ပိုင်းအဖြစ်ပါဝင်ခဲ့ကြောင်း (CENTCOM) က ထုတ်ဖော်ပြောဆိုခဲ့သည်။
(CENTCOM) က “ပူးတွဲလေ့ကျင့်မှုတွေ၊ စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးမှုတွေကနေတစ်ဆင့် အမေရိကန်နဲ့လက်ဘနွန် တပ်ဖွဲ့တို့ဟာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အတူတကွတက် ကြွစွာလုပ်ဆောင်နေပါတယ်”ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့၏ စစ်လက် နက်ပစ္စည်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်သိမ်းရန် လက်ဘနွန်အစိုးရက ကြိုးပမ်းနေချိန်တွင် လက်ဘနွန်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များကို မြှင့်တင် ပေးမည့် အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၂)သန်းတန်ဖိုးရှိ ပက်ကေ့ချ်တစ်ခုကို အမေရိ ကန်အစိုးရက ထုတ်ပြန်ကြေညာ ခဲ့ကြောင်းသိရသည်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ‘ဒီပက်ကေ့ချ်ဟာ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွေနဲ့ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းပစ်ဖို့အတွက် လက်ဘနွန်တပ်ဖွဲ့ရဲ့ စွမ်း ဆောင်ရည်တွေ ကို မြှင့်တင်ပေးပါလိမ့်မယ်’ဟု ထုတ်ပြန်ပြော ကြားခဲ့သည်။
ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းရေးအစီအစဉ်များကို လက်ဘနွန်အစိုးရက ပြီးခဲ့သည့်လ တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်နှင့်လက်ဘနွန်ရေတပ်တို့၏ ပူးတွဲကင်း လှည့်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Zawgyi Version:
ေျမထဲပင္လယ္တြင္ ပူးတြဲကင္းလွည့္မႈမ်ားကို အေမရိကန္ေရတပ္ႏွင့္ လက္ဘႏြန္ေရတပ္တို႔လုပ္ေဆာင္
Pika (NP News) - စက္တင္ဘာ ၂၈
အေမရိကန္ေရတပ္ႏွင့္ လက္ဘႏြန္ေရတပ္တို႔သည္ ေျမထဲပင္လယ္အတြင္းတြင္ ပူးတြဲကင္း လွည့္မႈမ်ားကို လုပ္ ေဆာင္ခဲ့ေၾကာင္း အေမရိကန္ ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္(CENTCOM)က ထုတ္ျပန္ ေျပာၾကားခဲ့သည္။ လက္ဘႏြန္ေရ တပ္သေဘၤာႏွစ္ စင္းႏွင့္အတူ အေမရိကန္ေရတပ္ဖ်က္သေဘၤာ USS Mitscheronf တို႔သည္ စစ္ဆင္ေရး၏ တစ္စိတ္တစ္ ပိုင္းအျဖစ္ပါဝင္ခဲ့ေၾကာင္း (CENTCOM) က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
(CENTCOM) က “ပူးတြဲေလ့က်င့္မႈေတြ၊ စစ္ဆင္ေရးဆိုင္ရာ ပံ့ပိုးမႈေတြကေနတစ္ဆင့္ အေမရိကန္နဲ႔လက္ဘႏြန္ တပ္ဖြဲ႕တို႔ဟာ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔ အတူတကြတက္ ႂကြစြာလုပ္ေဆာင္ေနပါတယ္”ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕၏ စစ္လက္ နက္ပစၥည္းဆိုင္ရာ အေျခခံအေဆာက္အအုံမ်ားကို ဖ်က္သိမ္းရန္ လက္ဘႏြန္အစိုးရက ႀကိဳးပမ္းေနခ်ိန္တြင္ လက္ဘႏြန္တပ္ဖြဲ႕မ်ား၏ စြမ္းေဆာင္ရည္မ်ားကို ျမႇင့္တင္ ေပးမည့္ အေမရိကန္ေဒၚလာ (၁၄ ဒသမ ၂)သန္းတန္ဖိုးရွိ ပက္ေက့ခ်္တစ္ခုကို အေမရိ ကန္အစိုးရက ထုတ္ျပန္ေၾကညာ ခဲ့ေၾကာင္းသိရသည္။
အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က ‘ဒီပက္ေက့ခ်္ဟာ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ စစ္လက္နက္ပစၥည္း သိုေလွာင္႐ုံေတြနဲ႔ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အအုံေတြကို ဖ်က္သိမ္းပစ္ဖို႔အတြက္ လက္ဘႏြန္တပ္ဖြဲ႕ရဲ႕ စြမ္း ေဆာင္ရည္ေတြ ကို ျမႇင့္တင္ေပးပါလိမ့္မယ္’ဟု ထုတ္ျပန္ေျပာ ၾကားခဲ့သည္။
ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းေရးအစီအစဥ္မ်ားကို လက္ဘႏြန္အစိုးရက ၿပီးခဲ့သည့္လ တြင္ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ အေမရိကန္ႏွင့္လက္ဘႏြန္ေရတပ္တို႔၏ ပူးတြဲကင္း လွည့္မႈမ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။