ဗင်နီဇွဲလားနိုင်ငံနဲ့ စစ်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ ဒေါ်နယ်ထရမ့် မှတ်ချက်ပြု

60

Pika (NP News) - ဒီဇင်ဘာ ၂၁
ဗင်နီဇွဲလားနိုင်ငံနဲ့ စစ်ပွဲက ဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။ ဒေါ်နယ်ထရမ့်က “ဗင်နီဇွဲလားနဲ့စစ်ပွဲဖြစ်ပွားလာနိုင်ခြေမရှိဘူးလို့ ကျွန်တော်မပြောလိုပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဗင်နီဇွဲလားနိုင်ငံ ရေပိုင်နက်အနီးမှာ ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးမှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်ရေတပ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ယခုလိုပြောဆိုချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “သူတို့ကတောင် သင်္ဘောနဲ့ဖြတ်သန်းသွားလာရလောက်အောင် မိုက်မဲရင် ကျွန်တော်တို့က လည်း မဖမ်းဆီးရဲဘူးဆိုတာ ဘယ်တော့မှရှိမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ သွားလာနေတဲ့မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ ရာ အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစတင်ပြီး မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရဲ့သင်္ဘောတွေကို အမေရိကန် ရဲ့ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၁၀၀)နီးပါးရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားႏိုင္ငံနဲ႔ စစ္ပြဲျဖစ္ပြားလာႏိုင္ေျခရွိတယ္လို႔ ေဒၚနယ္ထရမ့္ မွတ္ခ်က္ျပဳ
Pika (NP News) - ဒီဇင္ဘာ ၂၁
ဗင္နီဇြဲလားႏိုင္ငံနဲ႔ စစ္ပြဲက ျဖစ္ပြားလာႏိုင္ေျခရွိတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။ ေဒၚနယ္ထရမ့္က “ဗင္နီဇြဲလားနဲ႔စစ္ပြဲျဖစ္ပြားလာႏိုင္ေျခမရွိဘူးလို႔ ကြၽန္ေတာ္မေျပာလိုပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဗင္နီဇြဲလားႏိုင္ငံ ေရပိုင္နက္အနီးမွာ ေရနံတင္သေဘၤာေတြကို ဖမ္းဆီးမႈေတြ ထပ္မံလုပ္ေဆာင္သြားမယ္လို႔ လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္ေရတပ္က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ ယခုလိုေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “သူတို႔ကေတာင္ သေဘၤာနဲ႔ျဖတ္သန္းသြားလာရေလာက္ေအာင္ မိုက္မဲရင္ ကြၽန္ေတာ္တို႔က လည္း မဖမ္းဆီးရဲဘူးဆိုတာ ဘယ္ေတာ့မွရွိမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။ အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ သြားလာေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာတစ္စီးကို အေမရိကန္စစ္တပ္က တိုက္ခိုက္ဖ်က္ဆီးခဲ့ ရာ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလကေနစတင္ၿပီး မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရဲ႕သေဘၤာေတြကို အေမရိကန္ ရဲ႕ဆက္တိုက္တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၁၀၀)နီးပါးရွိလာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။