ဆင်ခြင်သိ ဦးစားပေး အလေ့အကျင့် ဖြစ်ကြဖို့ (အတွေးအမြင် ဆောင်းပါး)

121

HtayOung (NP News)-ဒီဇင်ဘာ ၂၁
ဖင်လန်တစ်နိုင်ငံလုံး လူဦးရေ ၅.၆ သန်းသာရှိပါတယ်၊ သမ္မတဦးသိန်းစိန်လက်ထက် ရန်ကုန်တစ်မြို့တည်း လောက်တောင် လူဦးရေလောက်တောင် မများတဲ့အပြင် လူတစ်ဦးချင်း ဝင်ငွေ အမြင့်မားဆုံး နိုင်ငံ ၂၀ စာရင်း ဝင်ဖြစ်တဲ့အတွက် အိမ်ခြေ ယာမဲ့ သိပ်အများကြီး မရှိနိုင်ပါဘူး။ အစိုးရအနေနဲ့ ပေးနိုင်တယ်၊
နောက်တစ်ချက်က စကင်ဒီနေးဗီးယန်းနိုင်ငံတွေဟာ မြောက်ဝင်ရိုးစွန်းနဲ့ နီးကပ်တဲ့အတွက် တစ်နှစ်ပတ်လုံး အလွန်အေးပါတယ်။ နော်ဝေးနိုင်ငံကို နိုဝင်ဘာလကုန်ခန့် ကျွန်တော်ရောက်ရှိခဲ့စဉ် နေ့အပူချိန်ဟာ ရေခဲ မှတ်အောက် -၁၄ံ C ရှိပါတယ်။ အမိုးအကာအောက် နေခွင့်မရတဲ့သူဟာ နာရီပိုင်းအတွင်း သေသွားနိုင်ပါတယ်။
ကမ္ဘာ့စစ်ရေး-စီးပွားရေး နံပတ် ၁ ကြီး လူဦးရေ သန်း ၃၄၀ ကျော် အမေရိကန်ဟာ အလွန်ခေတ်မီကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ် ရှိသော်လည်း အိမ်ခြေယာမဲ့ ၈ သိန်းနီးပါးနဲ့ တိုင်ပတ်နေတယ်၊ စစ်မှုထမ်းဟောင်းတွေ တောင် လမ်းဘေးရောက်နေလို့ မျိုးချစ်ကြီး ဒေါ်နယ်ထရမ့်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ဒါပေမယ့် အမေရိကန် အိမ်ခြေယာမဲ့ Shelterless တွေဟာ မြန်မာပြည် ဝါးတားဂိတ်အသေးစားတစ်ခုလောက်နီးနီး နေ့တွက်စီ သတဲ့။ ဆိုလိုတာ သူ့ဖာသာ မဲ့ချင်လို့ မဲ့နေသူတွေ အများကြီး ပါတယ်။
ကျွန်တော်တို့တွေဟာ သတင်းသာ ဖတ်ပြီး ချီးကျူးနေကြတယ် သတင်းရင်းမြစ်ရဲ့ အရေးကြီးတဲ့အချက်ကို စဉ်းစားလေ့ မရှိပါ။ သတင်းတစ်ပုဒ်ကို ကြားသိရတဲ့အခါ စူးစမ်းလေ့လာခြင်း မပြုပဲ တစ်ခါတည်း ပွဲချင်းပီး တန်း ယုံကြည်သူ ၈၀% အထိ ရှိပါသတဲ့၊ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်မှ စနစ်တကျ အကြီးအကျယ် ဘက်လိုက် သွေဖည်သွားခြင်း Cognitive Tendency ဖြစ်ပါတယ်
လူမှုကွန်ရက် အသုံးပြုသူများရဲ့ ၈၇% ဟာ မိမိယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းများကိုသာ ဖတ်ရှု့တတ် တယ်လို စစ်တမ်းများက ဖော်ပြပါတယ်။ မိမိယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းကို ကောက်ယူလေ့ရှိပြီး နား လည် မှတ်သိပါတယ်။ စစ်ဆေးခြင်း မပါဝင်ပဲ အတည်ပြုလေ့ရှိပြီး အဲ့ဒီနေရာမှာ လူအချို့မှာ အလွန်ဆိုးရွားတဲ့ အလွန်အကျွံဖြစ်မှုမျိုး တွေ့ရှိရပါတယ်။ မိမိ မသိတာ-သဘောမတူညီနိုင်တာကို ကြားသိရလျင် မှားယွင်း တယ်လို့ တစ်ထစ်ချ သတ်မှတ်ပြီး ပယ်ချခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက် မြစ်ဆုံအကြောင်း ကျွန်တော့ရဲ့ TikTok ပို့စ် ၂-ခုဟာ တစ်ပုဒ်ချင်းစီမှာ ဖတ်သူပေါင်း ၄-သိန်းနဲ့ ၂ သိန်းခွဲကျော် အသီးသီးရှိပါတယ်။
အဲ့ဒီမှာ လူ ၆၀ ကျော်ဟာ ကျွန်တော့် ရေးသားချက် မမှန်ဘူးလို့ ငြင်းဆိုကြောင်း တွေ့ရပါတယ်။ ဘယ်နေရာ ဘာ့ကြောင့် ငြင်းပယ်သလဲဆိုတာ လေ့လာတဲ့ အလွန်ထူးဆန်းတွေကို သိလိုက်ရပါတယ်။ ဥပမာ ဗဒုံမင်းလက် ထက် ၁၈၂၁-ခုနှစ်တည်းက တည်ရှိခဲ့တဲ့ ကမ္ဘာကျော် ဂါးဒီးယန်း Guardian သတင်းစာကြီးက ဖွင့်ချခဲ့တဲ့ မြစ်ဆုံ ကန့်ကွက်ခြင်းနဲ့ အမေရိကန်သံရုံးပတ်သက်ကြောင်း ဝီကီလိခ်ပေါက်ကြားသတင်းဟာ မမှန်ဘူး-ယုတ္တိ မရှိဘူး မှတ်ချက်ပေးခြင်း ဖြစ်ပါတယ်။
သူတို့အားလုံးဟာ ဆည် Dam နဲ့ ပတ်သက်ပြီး လုံးဝနီးပါး ဗဟုသုတ မရှိပဲ အခြေအမြစ်ကင်းမဲ့တဲ့ ပါးစပ်စကား တွေကိုသာ သိပ္ပံသီအိုရီအလား အသေဆုပ်ကိုင်ထားကြပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြ ချက်မဖော်ပြနိုင်ပဲ တစ်ဖက်သားကို “ထမင်းပြောင်းစားဖို့” “စာဖတ်ဖို့” သူတို့ ထုံးစံလက်သုံးစကားနဲ့ ရှုတ်ချ ပြက်ရယ်ပြုနေပါ တယ်။ သူတို့ရေးသားချက်အားလုံးကို အများသိရှိ လေ့လာနိုင်ဖို့ ဘာတစ်ခုမှ မဖျက်ပဲ ထားရှိခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ ပို့စ်တစ်ခုဟာ Loved react ပေါင်း ၇ ထောင်နီးပါး၊ Favorite နဲ့ Reposted တစ် ထောင်ကျော်ပါတယ်။ ဆိုလိုတာ မြန်မာဘာသာစကား အသုံးပြုသူ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွင်း ဒုံးဝေးကြသူ နည်းတယ်၊ “ငါနဲ့ မတူ အားလုံးရဲ့ ရန်သူ” “တစ်ဇောက်ကန်းလှေနံဒါးထစ်” “အမေမှာတဲ့ ဆန်တစ်ခွဲ တစ်တင်းနဲ့ မလဲနိုင်သူ” ရှိတော့ ရှိတယ် အင်အား သိပ်မများဘူးလို့ အဓိပ္ပါယ်ရတဲ့အတွက် စိတ်အေး လေးစားရပါတယ်။
ဒါ့ကြောင့်လဲ ခေတ်အဆက်ဆက် မြန်မာတို့ဟာ အကြိမ်ကြိမ် လဲကျရာမှ ရုန်းထပြီး ပြန်လည်ထူထောင်နိုင်ခဲ့ ကြပုံရပါတယ်။
၁၀ ရာခိုင်နှုန်းခန့်ကတော့ “ ငါ့ ယခွီး .. သွားရော့” ပဲ၊ ပရိနိဗ္ဗာန်စံတော်မူပြီး ဂေါတမမြတ်စွာဘုရားရှင်ကိုယ် တိုင် ခုနေ ရှင်ပြန်ထမြောက်လာပြီး တရားဟောကြားရင်တောင် ကျွတ်တမ်းဝင်မယ် မထင်ပါ
.

Zawgyi Version:
ဆင္ျခင္သိ ဦးစားေပး အေလ့အက်င့္ ျဖစ္ၾကဖို႔
(အေတြးအျမင္ ေဆာင္းပါး)
HtayOung (NP News)-ဒီဇင္ဘာ ၂၁
ဖင္လန္တစ္ႏိုင္ငံလုံး လူဦးေရ ၅.၆ သန္းသာရွိပါတယ္၊ သမၼတဦးသိန္းစိန္လက္ထက္ ရန္ကုန္တစ္ၿမိဳ႕တည္း ေလာက္ေတာင္ လူဦးေရေလာက္ေတာင္ မမ်ားတဲ့အျပင္ လူတစ္ဦးခ်င္း ဝင္ေငြ အျမင့္မားဆုံး ႏိုင္ငံ ၂၀ စာရင္း ဝင္ျဖစ္တဲ့အတြက္ အိမ္ေျခ ယာမဲ့ သိပ္အမ်ားႀကီး မရွိႏိုင္ပါဘူး။ အစိုးရအေနနဲ႔ ေပးႏိုင္တယ္၊
ေနာက္တစ္ခ်က္က စကင္ဒီေနးဗီးယန္းႏိုင္ငံေတြဟာ ေျမာက္ဝင္႐ိုးစြန္းနဲ႔ နီးကပ္တဲ့အတြက္ တစ္ႏွစ္ပတ္လုံး အလြန္ေအးပါတယ္။ ေနာ္ေဝးႏိုင္ငံကို ႏိုဝင္ဘာလကုန္ခန႔္ ကြၽန္ေတာ္ေရာက္ရွိခဲ့စဥ္ ေန႔အပူခ်ိန္ဟာ ေရခဲ မွတ္ေအာက္ -၁၄ံ C ရွိပါတယ္။ အမိုးအကာေအာက္ ေနခြင့္မရတဲ့သူဟာ နာရီပိုင္းအတြင္း ေသသြားႏိုင္ပါတယ္။
ကမာၻ႔စစ္ေရး-စီးပြားေရး နံပတ္ ၁ ႀကီး လူဦးေရ သန္း ၃၄၀ ေက်ာ္ အေမရိကန္ဟာ အလြန္ေခတ္မီေကာင္းမြန္တဲ့ လူမႈဖူလုံေရးစနစ္ ရွိေသာ္လည္း အိမ္ေျခယာမဲ့ ၈ သိန္းနီးပါးနဲ႔ တိုင္ပတ္ေနတယ္၊ စစ္မႈထမ္းေဟာင္းေတြ ေတာင္ လမ္းေဘးေရာက္ေနလို႔ မ်ိဳးခ်စ္ႀကီး ေဒၚနယ္ထရမ့္မွာ ဘာလုပ္ရမွန္းမသိ ျဖစ္ေနပါတယ္။ ဒါေပမယ့္ အေမရိကန္ အိမ္ေျခယာမဲ့ Shelterless ေတြဟာ ျမန္မာျပည္ ဝါးတားဂိတ္အေသးစားတစ္ခုေလာက္နီးနီး ေန႔တြက္စီ သတဲ့။ ဆိုလိုတာ သူ႔ဖာသာ မဲ့ခ်င္လို႔ မဲ့ေနသူေတြ အမ်ားႀကီး ပါတယ္။
ကြၽန္ေတာ္တို႔ေတြဟာ သတင္းသာ ဖတ္ၿပီး ခ်ီးက်ဴးေနၾကတယ္ သတင္းရင္းျမစ္ရဲ႕ အေရးႀကီးတဲ့အခ်က္ကို စဥ္းစားေလ့ မရွိပါ။ သတင္းတစ္ပုဒ္ကို ၾကားသိရတဲ့အခါ စူးစမ္းေလ့လာျခင္း မျပဳပဲ တစ္ခါတည္း ပြဲခ်င္းပီး တန္း ယုံၾကည္သူ ၈၀% အထိ ရွိပါသတဲ့၊ ဆင္ျခင္တုံတရားနဲ႔ ဆုံးျဖတ္ခ်က္မွ စနစ္တက် အႀကီးအက်ယ္ ဘက္လိုက္ ေသြဖည္သြားျခင္း Cognitive Tendency ျဖစ္ပါတယ္
လူမႈကြန္ရက္ အသုံးျပဳသူမ်ားရဲ႕ ၈၇% ဟာ မိမိယုံၾကည္ခ်က္နဲ႔ ကိုက္ညီတဲ့ သတင္းမ်ားကိုသာ ဖတ္ရႈ႕တတ္ တယ္လို စစ္တမ္းမ်ားက ေဖာ္ျပပါတယ္။ မိမိယုံၾကည္ခ်က္နဲ႔ ကိုက္ညီတဲ့ သတင္းကို ေကာက္ယူေလ့ရွိၿပီး နား လည္ မွတ္သိပါတယ္။ စစ္ေဆးျခင္း မပါဝင္ပဲ အတည္ျပဳေလ့ရွိၿပီး အဲ့ဒီေနရာမွာ လူအခ်ိဳ႕မွာ အလြန္ဆိုး႐ြားတဲ့ အလြန္အကြၽံျဖစ္မႈမ်ိဳး ေတြ႕ရွိရပါတယ္။ မိမိ မသိတာ-သေဘာမတူညီႏိုင္တာကို ၾကားသိရလ်င္ မွားယြင္း တယ္လို႔ တစ္ထစ္ခ် သတ္မွတ္ၿပီး ပယ္ခ်ျခင္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ ျမစ္ဆုံအေၾကာင္း ကြၽန္ေတာ့ရဲ႕ TikTok ပို႔စ္ ၂-ခုဟာ တစ္ပုဒ္ခ်င္းစီမွာ ဖတ္သူေပါင္း ၄-သိန္းနဲ႔ ၂ သိန္းခြဲေက်ာ္ အသီးသီးရွိပါတယ္။
အဲ့ဒီမွာ လူ ၆၀ ေက်ာ္ဟာ ကြၽန္ေတာ့္ ေရးသားခ်က္ မမွန္ဘူးလို႔ ျငင္းဆိုေၾကာင္း ေတြ႕ရပါတယ္။ ဘယ္ေနရာ ဘာ့ေၾကာင့္ ျငင္းပယ္သလဲဆိုတာ ေလ့လာတဲ့ အလြန္ထူးဆန္းေတြကို သိလိုက္ရပါတယ္။ ဥပမာ ဗဒုံမင္းလက္ ထက္ ၁၈၂၁-ခုႏွစ္တည္းက တည္ရွိခဲ့တဲ့ ကမာၻေက်ာ္ ဂါးဒီးယန္း Guardian သတင္းစာႀကီးက ဖြင့္ခ်ခဲ့တဲ့ ျမစ္ဆုံ ကန႔္ကြက္ျခင္းနဲ႔ အေမရိကန္သံ႐ုံးပတ္သက္ေၾကာင္း ဝီကီလိခ္ေပါက္ၾကားသတင္းဟာ မမွန္ဘူး-ယုတၱိ မရွိဘူး မွတ္ခ်က္ေပးျခင္း ျဖစ္ပါတယ္။
သူတို႔အားလုံးဟာ ဆည္ Dam နဲ႔ ပတ္သက္ၿပီး လုံးဝနီးပါး ဗဟုသုတ မရွိပဲ အေျခအျမစ္ကင္းမဲ့တဲ့ ပါးစပ္စကား ေတြကိုသာ သိပၸံသီအိုရီအလား အေသဆုပ္ကိုင္ထားၾကပါတယ္။ ခိုင္လုံတဲ့ အေၾကာင္းျပ ခ်က္မေဖာ္ျပႏိုင္ပဲ တစ္ဖက္သားကို “ထမင္းေျပာင္းစားဖို႔” “စာဖတ္ဖို႔” သူတို႔ ထုံးစံလက္သုံးစကားနဲ႔ ရႈတ္ခ် ျပက္ရယ္ျပဳေနပါ တယ္။ သူတို႔ေရးသားခ်က္အားလုံးကို အမ်ားသိရွိ ေလ့လာႏိုင္ဖို႔ ဘာတစ္ခုမွ မဖ်က္ပဲ ထားရွိခဲ့ပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ ပို႔စ္တစ္ခုဟာ Loved react ေပါင္း ၇ ေထာင္နီးပါး၊ Favorite နဲ႔ Reposted တစ္ ေထာင္ေက်ာ္ပါတယ္။ ဆိုလိုတာ ျမန္မာဘာသာစကား အသုံးျပဳသူ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းႀကီးအတြင္း ဒုံးေဝးၾကသူ နည္းတယ္၊ “ငါနဲ႔ မတူ အားလုံးရဲ႕ ရန္သူ” “တစ္ေဇာက္ကန္းေလွနံဒါးထစ္” “အေမမွာတဲ့ ဆန္တစ္ခြဲ တစ္တင္းနဲ႔ မလဲႏိုင္သူ” ရွိေတာ့ ရွိတယ္ အင္အား သိပ္မမ်ားဘူးလို႔ အဓိပၸါယ္ရတဲ့အတြက္ စိတ္ေအး ေလးစားရပါတယ္။
ဒါ့ေၾကာင့္လဲ ေခတ္အဆက္ဆက္ ျမန္မာတို႔ဟာ အႀကိမ္ႀကိမ္ လဲက်ရာမွ ႐ုန္းထၿပီး ျပန္လည္ထူေထာင္ႏိုင္ခဲ့ ၾကပုံရပါတယ္။
၁၀ ရာခိုင္ႏႈန္းခန႔္ကေတာ့ “ ငါ့ ယခြီး .. သြားေရာ့” ပဲ၊ ပရိနိဗၺာန္စံေတာ္မူၿပီး ေဂါတမျမတ္စြာဘုရားရွင္ကိုယ္ တိုင္ ခုေန ရွင္ျပန္ထေျမာက္လာၿပီး တရားေဟာၾကားရင္ေတာင္ ကြၽတ္တမ္းဝင္မယ္ မထင္ပါ
.