ရွေးကောက်ပွဲများကို နှစ်ပေါင်းများစွာကြာ ရပ်ဆိုင်းထားရန် ယူကရိန်းသမ္မတ စဉ်းစားနေဟုဆို

 507

Pika (NP News) - မတ် ၁၄

ယူကရိန်းတွင် ရွေးကောက်ပွဲများကို ရပ်ဆိုင်းထားပြီး စစ်ပွဲကို နှစ်ပေါင်းများစွာဆင်နွှဲရန်ကတိ ပြုထားသည့် အခြေအနေတစ်ခုကိုစီစဉ်ရန် ယူကရိန်း သမ္မတဇယ်လန်စကီးက ၎င်း၏အကြံပေးများကို အမိန့်ပေးခဲ့ကြောင်း အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး Ukrainskaya Pravda သတင်းစာက ရေးသားဖော်ပြခဲ့သည်။ ဇယ်လန်စကီးနှင့် ယူကရိန်း လွှတ်တော်၏ ရာထူးသက်တမ်း ကုန်ဆုံးသွားသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း ဇယ်လန်စကီးသည် ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲအတွင်း ပြဋ္ဌာန်းထား သည့်စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကားပြီး (၂၀၂၄)ခုနှစ်အစောပိုင်းမှ စတင်ကာ ရွေးကောက်ပွဲများကျင်းပ ရန်ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။အဆိုပါအခြေ အနေများကြောင့် ယူကရိန်း အစိုးရ၏ တရားဝင်မှုများအပေါ် နိုင်ငံတကာစိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာခဲ့သလို ရုရှားအစိုးရကလည်း ဇယ်လန် စကီး၏အာဏာကို အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဇယ်လန်စကီးက ရွေးကောက်ပွဲများ ကျင်းပ ရန် ငြင်းဆိုနေသရွေ့ မည်သည့်ငြိမ်းချမ်းရေးသဘော တူညီချက်ကိုမှ လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းလည်း ရုရှား အစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။ ယူကရိန်း၏ ဥရောပရှိ ကျောထောက်နောက်ခံနိုင်ငံ များက ယူကရိန်းကို နောက်ထပ် အချိန်(၂)နှစ်အထိ ဆက်လက်တိုက်ပွဲဝင်စေလိုသော်လည်း ယူကရိန်းသည် ၎င်း၏စစ်ပွဲဘတ်ဂျက်ကိုသာမက စီးပွားရေး တစ်ခုလုံးကိုပါ သုံးစွဲရမည့်ဘဏ္ဍာရေးကပ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း Ukrainskaya Pravda သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ Ukrains­kaya Pravda သတင်းစာက ‘ဥရောပသားတွေက နောက်ထပ်(၁)နှစ်ခွဲ ဒါမှမဟုတ် (၂)နှစ် လောက်အထိ ယူကရိန်းကို ဆက်လက်တိုက်ပွဲဝင်စေချင်နေကြပါတယ်။ ပြီးတော့ ဇယ်လန်စကီးကလည်း ရွေးကောက်ပွဲ ကိုရွှေ့ဆိုင်းထားဖို့နဲ့ နှစ်ပေါင်းများစွာကြာအောင် စစ်ပွဲဆင်နွှဲနေရတဲ့အခြေအနေမျိုးကိုစီစဉ်ဖို့ အကြံပေး တွေကိုအမိန့် ပေးခဲ့ပါတယ်’ ဟုရေးသားဖော်ပြခဲ့သည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲမ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာ ရပ္ဆိုင္းထားရန္ ယူကရိန္းသမၼတ စဥ္းစားေနဟုဆို
Pika (NP News) - မတ္ ၁၄
ယူကရိန္းတြင္ ေ႐ြးေကာက္ပြဲမ်ားကို ရပ္ဆိုင္းထားၿပီး စစ္ပြဲကို ႏွစ္ေပါင္းမ်ားစြာဆင္ႏႊဲရန္ကတိ ျပဳထားသည့္ အေျခအေနတစ္ခုကိုစီစဥ္ရန္ ယူကရိန္း သမၼတဇယ္လန္စကီးက ၎၏အႀကံေပးမ်ားကို အမိန႔္ေပးခဲ့ေၾကာင္း အစိုးရ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Ukrainskaya Pravda သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။ ဇယ္လန္စကီးႏွင့္ ယူကရိန္း လႊတ္ေတာ္၏ ရာထူးသက္တမ္း ကုန္ဆုံးသြားသည္မွာ အခ်ိန္ၾကာျမင့္ၿပီျဖစ္ေသာ္လည္း ဇယ္လန္စကီးသည္ ႐ုရွားႏွင့္ျဖစ္ပြားေနေသာစစ္ပြဲအတြင္း ျပ႒ာန္းထား သည့္စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ကိုးကားၿပီး (၂၀၂၄)ခုႏွစ္အေစာပိုင္းမွ စတင္ကာ ေ႐ြးေကာက္ပြဲမ်ားက်င္းပ ရန္ျငင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။အဆိုပါအေျခ အေနမ်ားေၾကာင့္ ယူကရိန္း အစိုးရ၏ တရားဝင္မႈမ်ားအေပၚ ႏိုင္ငံတကာစိုးရိမ္ပူပန္မႈမ်ား ေပၚေပါက္လာခဲ့သလို ႐ုရွားအစိုးရကလည္း ဇယ္လန္ စကီး၏အာဏာကို အႀကိမ္ႀကိမ္ေမးခြန္းထုတ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဇယ္လန္စကီးက ေ႐ြးေကာက္ပြဲမ်ား က်င္းပ ရန္ ျငင္းဆိုေနသေ႐ြ႕ မည္သည့္ၿငိမ္းခ်မ္းေရးသေဘာ တူညီခ်က္ကိုမွ လက္မွတ္ေရးထိုးမည္မဟုတ္ေၾကာင္းလည္း ႐ုရွား အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့သည္။ ယူကရိန္း၏ ဥေရာပရွိ ေက်ာေထာက္ေနာက္ခံႏိုင္ငံ မ်ားက ယူကရိန္းကို ေနာက္ထပ္ အခ်ိန္(၂)ႏွစ္အထိ ဆက္လက္တိုက္ပြဲဝင္ေစလိုေသာ္လည္း ယူကရိန္းသည္ ၎၏စစ္ပြဲဘတ္ဂ်က္ကိုသာမက စီးပြားေရး တစ္ခုလုံးကိုပါ သုံးစြဲရမည့္ဘ႑ာေရးကပ္ေဘးႏွင့္ ရင္ဆိုင္ေနရေၾကာင္း Ukrainskaya Pravda သတင္းစာက ေရးသား ေဖာ္ျပခဲ့သည္။ Ukrains­kaya Pravda သတင္းစာက ‘ဥေရာပသားေတြက ေနာက္ထပ္(၁)ႏွစ္ခြဲ ဒါမွမဟုတ္ (၂)ႏွစ္ ေလာက္အထိ ယူကရိန္းကို ဆက္လက္တိုက္ပြဲဝင္ေစခ်င္ေနၾကပါတယ္။ ၿပီးေတာ့ ဇယ္လန္စကီးကလည္း ေ႐ြးေကာက္ပြဲ ကိုေ႐ႊ႕ဆိုင္းထားဖို႔နဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စစ္ပြဲဆင္ႏႊဲေနရတဲ့အေျခအေနမ်ိဳးကိုစီစဥ္ဖို႔ အႀကံေပး ေတြကိုအမိန႔္ ေပးခဲ့ပါတယ္’ ဟုေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.