အီရန်ရေတပ်ဌာနချုပ်ကို အောင်မြင်စွာတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ဟု အစ္စရေးပြော

190

ဂျန်ဇက် (NP News) - မတ် ၁၇
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အီရန်နိုင်ငံမြို့တော်တီဟီရန်အရှေ့ပိုင်းမှာရှိတဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် IRGC ရေတပ်ရဲ့အဓိကဌာနချုပ်ကိုတိကျသေချာတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တရားဝင် အတည်ပြုလိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ လက်ရှိအရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုတွေကြားမှာ သိသာထင်ရှားတဲ့ စစ်ရေးအရွေ့တစ်ခုဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အစ္စရေးစစ်ဘက်ဆိုင်ရာထောက်လှမ်းရေးရဲ့တိကျတဲ့သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး လုပ်ဆောင်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးဟာ အီရန်ရေတပ်ရဲ့အဓိကအာရုံကြောစနစ်ကို ဖြတ်တောက်လိုက်တာပဲ ဖြစ်ပြီး ဖျက်ဆီးခံလိုက်ရတဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံစခန်းဟာ အီရန်ကိုယ်စားပြု လက်ဝေခံအဖွဲ့အစည်း (Proxies) တွေဆီကိုလက်နက်ခဲယမ်းတွေ ခိုးဝှက်ပို့ဆောင်ပေးရေး၊ နိုင်ငံတကာရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေကို ခြိမ်းခြောက်ရေးနဲ့ ပင်လယ်ပြင် အကြမ်းဖက်စစ်ဆင်ရေးတွေကို အဓိကကြိုးကိုင်ညွှန်ကြားနေတဲ့ ဗဟိုချက်တစ်ခုဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီလိုပစ်မှတ်ထားချေမှုန်းလိုက်နိုင်တဲ့အတွက် အစ္စရေးနိုင်ငံကိုသာမက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ် အီရန်ရေတပ်က ခြိမ်းခြောက်မယ့်အနာဂတ်တိုက်ခိုက်မှုအစီအစဉ်တွေနဲ့အကောင်အထည်ဖော်နိုင်စွမ်းကို ထိခိုက်ရပ်တန့်သွားဖွယ်ရှိနေပါတယ်။ အစ္စရေးဘက်ကတော့ "IRGC ရေတပ်ဟာအရပ်ဘက်သင်္ဘောတွေကို ပစ်မှတ်ထားတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် တိုက်ရိုက်တာဝန်ရှိတယ်။ အခုတိုက်ခိုက်မှုက သူတို့ရဲ့ ကွပ်ကဲမှုစနစ်ကို ဆိုးရွားစွာ ထိခိုက်သွားစေတယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးဟာ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစလို့ အရှိန်မြင့်တက်လာတဲ့ပဋိပက္ခတွေကြားထဲမှာ အီရန်ရဲ့အဓိကစစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုယန္တရားတွေကို အားနည်းသွားစေဖို့စစ်ဆင်ရေးကြီးကို လုပ်ဆောင်နေပါတယ်။ အစ္စရေးဟာ အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေး စက်ရုံတွေ၊ ဒုံးကျည်စခန်းတွေနဲ့စစ်ဘက်ဆိုင်ရာ အာကာသသုတေသနဌာနတွေကိုပါ ဆက်တိုက်ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်နေရာ အီရန်ဘက်က အထိနာနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အီရန္ေရတပ္ဌာနခ်ဳပ္ကို ေအာင္ျမင္စြာတိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့ဟု အစၥေရးေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၇
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းက အီရန္ႏိုင္ငံၿမိဳ႕ေတာ္တီဟီရန္အေရွ႕ပိုင္းမွာရွိတဲ့ အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ IRGC ေရတပ္ရဲ႕အဓိကဌာနခ်ဳပ္ကိုတိက်ေသခ်ာတဲ့ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ေအာင္ျမင္စြာ ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) က တရားဝင္ အတည္ျပဳလိုက္ပါတယ္။
အဲဒီတိုက္ခိုက္မႈဟာ လက္ရွိအေရွ႕အလယ္ပိုင္း စစ္ေရးတင္းမာမႈေတြၾကားမွာ သိသာထင္ရွားတဲ့ စစ္ေရးအေ႐ြ႕တစ္ခုျဖစ္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
အစၥေရးစစ္ဘက္ဆိုင္ရာေထာက္လွမ္းေရးရဲ႕တိက်တဲ့သတင္းအခ်က္အလက္ေတြအေပၚ အေျခခံၿပီး လုပ္ေဆာင္ခဲ့တဲ့ အဲဒီစစ္ဆင္ေရးဟာ အီရန္ေရတပ္ရဲ႕အဓိကအာ႐ုံေၾကာစနစ္ကို ျဖတ္ေတာက္လိုက္တာပဲ ျဖစ္ၿပီး ဖ်က္ဆီးခံလိုက္ရတဲ့ စစ္ဘက္ဆိုင္ရာအေဆာက္အအုံစခန္းဟာ အီရန္ကိုယ္စားျပဳ လက္ေဝခံအဖြဲ႕အစည္း (Proxies) ေတြဆီကိုလက္နက္ခဲယမ္းေတြ ခိုးဝွက္ပို႔ေဆာင္ေပးေရး၊ ႏိုင္ငံတကာေရေၾကာင္းကုန္သြယ္ေရးလမ္းေၾကာင္းေတြကို ၿခိမ္းေျခာက္ေရးနဲ႔ ပင္လယ္ျပင္ အၾကမ္းဖက္စစ္ဆင္ေရးေတြကို အဓိကႀကိဳးကိုင္ၫႊန္ၾကားေနတဲ့ ဗဟိုခ်က္တစ္ခုျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
ဒီလိုပစ္မွတ္ထားေခ်မႈန္းလိုက္ႏိုင္တဲ့အတြက္ အစၥေရးႏိုင္ငံကိုသာမက ကမာၻ႔ကုန္သြယ္ေရးလမ္းေၾကာင္းေတြအေပၚ အီရန္ေရတပ္က ၿခိမ္းေျခာက္မယ့္အနာဂတ္တိုက္ခိုက္မႈအစီအစဥ္ေတြနဲ႔အေကာင္အထည္ေဖာ္ႏိုင္စြမ္းကို ထိခိုက္ရပ္တန႔္သြားဖြယ္ရွိေနပါတယ္။ အစၥေရးဘက္ကေတာ့ "IRGC ေရတပ္ဟာအရပ္ဘက္သေဘၤာေတြကို ပစ္မွတ္ထားတဲ့အၾကမ္းဖက္တိုက္ခိုက္မႈေတြအတြက္ တိုက္႐ိုက္တာဝန္ရွိတယ္။ အခုတိုက္ခိုက္မႈက သူတို႔ရဲ႕ ကြပ္ကဲမႈစနစ္ကို ဆိုး႐ြားစြာ ထိခိုက္သြားေစတယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အစၥေရးဟာ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္ကစလို႔ အရွိန္ျမင့္တက္လာတဲ့ပဋိပကၡေတြၾကားထဲမွာ အီရန္ရဲ႕အဓိကစစ္ဘက္ဆိုင္ရာ ကြပ္ကဲမႈယႏၲရားေတြကို အားနည္းသြားေစဖို႔စစ္ဆင္ေရးႀကီးကို လုပ္ေဆာင္ေနပါတယ္။ အစၥေရးဟာ အီရန္ရဲ႕ေလေၾကာင္းရန္ကာကြယ္ေရး စက္႐ုံေတြ၊ ဒုံးက်ည္စခန္းေတြနဲ႔စစ္ဘက္ဆိုင္ရာ အာကာသသုေတသနဌာနေတြကိုပါ ဆက္တိုက္ဆိုသလို ပစ္မွတ္ထားတိုက္ခိုက္ေနရာ အီရန္ဘက္က အထိနာေနတယ္လို႔ သိရပါတယ္။