အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်လုံခြုံရေးအကြီးအကဲ လာဂျာနီ သေဆုံးခဲ့တယ်လို့ အီရန်ပြော

 255

Pika (NP News) - မတ် ၁၈

အီရန်လုံခြုံရေးအကြီးအကဲ လာဂျာနီသေဆုံးမှုကို အီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီက တရားဝင် အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
လာဂျာနီဟာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း အီရန် အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီက “လာဂျာနီဟာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခု အတွင်းမှာ အသက်ပေးခဲ့ရပါတယ်။ လာဂျာနီရဲ့ဝိညာဉ်ကို ဘုရားသခင်စောင့်ရှောက်ပါစေ။ အီရန်တိုးတက်ရေး အတွက် တစ်သက်လုံးရုန်းကန်ပေးခဲ့တဲ့လာဂျာနီက နောက်ဆုံးမှာတော့ ဘုရားသခင်ဆီမှာ ခိုလှုံသွားခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲဆက်လက်ဆင်နွှဲနေချိန်မှာပဲ လာဂျာနီရဲ့သေဆုံးမှုထွက်ပေါ်လာ တာဖြစ်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှုဟာ သီတင်းပတ်(၂)ပတ်ကျော်အထိ ကြာမြင့်လာပြီဖြစ်ပြီး စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်တဲ့ပြောဆိုချက်တွေ တိတိကျကျထွက်ပေါ်လာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈအတြင္း အီရန္လုံၿခဳံေရးအႀကီးအကဲ လာဂ်ာနီ ေသဆုံးခဲ့တယ္လို႔ အီရန္ေျပာ
Pika (NP News) - မတ္ ၁၈
အီရန္လုံၿခဳံေရးအႀကီးအကဲ လာဂ်ာနီေသဆုံးမႈကို အီရန္ရဲ႕အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီက တရားဝင္ အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။
လာဂ်ာနီဟာ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုအတြင္း ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း အီရန္ အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီရန္ရဲ႕အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီက “လာဂ်ာနီဟာ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈတစ္ခု အတြင္းမွာ အသက္ေပးခဲ့ရပါတယ္။ လာဂ်ာနီရဲ႕ဝိညာဥ္ကို ဘုရားသခင္ေစာင့္ေရွာက္ပါေစ။ အီရန္တိုးတက္ေရး အတြက္ တစ္သက္လုံး႐ုန္းကန္ေပးခဲ့တဲ့လာဂ်ာနီက ေနာက္ဆုံးမွာေတာ့ ဘုရားသခင္ဆီမွာ ခိုလႈံသြားခဲ့ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္နဲ႔ အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲဆက္လက္ဆင္ႏႊဲေနခ်ိန္မွာပဲ လာဂ်ာနီရဲ႕ေသဆုံးမႈထြက္ေပၚလာ တာျဖစ္ပါတယ္။ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ အီရန္အေပၚ စစ္ပြဲဆင္ႏႊဲမႈဟာ သီတင္းပတ္(၂)ပတ္ေက်ာ္အထိ ၾကာျမင့္လာၿပီျဖစ္ၿပီး စစ္ပြဲအဆုံးသတ္ေရးနဲ႔ပတ္သက္တဲ့ေျပာဆိုခ်က္ေတြ တိတိက်က်ထြက္ေပၚလာတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.