မွန်ပြည်နယ်ထွက် ဆားများ တင်ပို့ရန် ဂျပန်က အကြောင်းမပြန်သည့်အတွက် တောင်ကိုရီးယားသို့ တင်ပို့ရန် စီစဉ်နေ

 5110

သန့်မင်းအိမ် (NP News) - မတ်လ ၁၈

မွန်ပြည်နယ်ထွက် ဆားများကိုတင်ပို့ရန် ဂျပန်က အကြောင်းမပြန်သည့်အတွက် တောင်ကိုရီး ယားသို့တင်ပို့ခွင့်ရရှိရန်စီစဉ်နေကြောင်း အဆိုပါ ပြည်နယ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဆား ထွက်များသောဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသ ထွက်ဆားများသည် ပြည်တွင်းဈေးကွက်အတွင်း နေရာ အခိုင်အမာရရှိထားသော်လည်း ပြီးခဲ့သည့် နှစ် က လုပ်သားရှားပါးခြင်းနှင့် ရာသီဥတုတို့ကြောင့် အ ခက်အခဲများကို ကြုံတွေ့ခဲ့သည်။

“(၂၀၂၃) တုန်းက ကျွန်တော် ဂျပန်ကို ကွန်တိန်နာတစ်လုံး ပို့တယ်။ နမူနာပေါ့ဗျာ သူတို့ အစမ်းသဘောနဲ့ ယူသွားကြည့်တယ်။ ဒါပေမဲ့ နောက် ထပ်ပြီးတော့ ကျွန်တော့်ဆီကို ပြန်ပြီးတော့ အဖြေပြန် မပေးဘူး။ ယူတဲ့အဖြေပေါ့ဗျာ ပြန်မပေးဘူး။ ဆိုတော့ ဒီနေ့အထိ ကွန်တိန်နာတစ်လုံးပဲ ကျွန်တော် ဂျပန် ပြည်ကို ပို့လိုက်တယ်။ (၂၀၂၃) စက်တင်ဘာလ စပို့ တာ၊ စက်တင်ဘာလကုန်တော့ ဂျပန်ရောက်သွား တယ်။ အဲဒါပြီးတော့ သူတို့ Test လုပ်တာ ဖြစ်ပါလိမ့် မယ်။ ပြီးတော့ ထပ်ယူဖို့ ဘာဖို့ ညာဖို့ ကျွန်တော့်ကို ဘာမှလည်း ထပ်မတောင်းဆိုဘူးဆိုတော့ ဒါကျွန် တော်တို့ မအောင်မြင်ဘူးလို့ပဲ သုံးသပ်ရမှာပေါ့” ဟု ဂျပန်တင်ပို့ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။

ထို့နောက် လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံသို့ တင်ပို့ရန်စီစဉ်နေပြီး ယင်းအတွက် စမ်းသပ် ဆားကွင်းကိုလည်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ “အခုတော့ ကိုရီးယားက ပြန်စမ်းနေတယ်။ ကျွန်တော့်မိတ်ဆွေကွင်းကတော့ ကိုရီးယားအတွက် ကို ပြင်ဆင်နေတုန်းပဲ၊ လုပ်ပေးနေတုန်းပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ဒီလိုအပ်ချက်ကို ကျွန်တော်တို့ ဖြည့်နိုင် မလား၊ ကျွန်တော်တို့အစမ်းသပ်ခံပဲ ဖြစ်မလားဆိုတာ ကတော့ ဒါစောင့်ကြည့်ရဦးမှာပေါ့။ ဒီနှစ်တော့ ပြန်ပြီး တော့ ကိုရီးယားနိုင်ငံအတွက်ကိုတော့ တစ်ကွင်း စမ်း ကြည့်နေတုန်းပဲ။ ဒါပေမဲ့ ယူတော့ ယူမသွားရသေးဘူး၊ သူတို့တော့ သူ့ကိုယ်စားလှယ်တွေ လာလာကြည့်နေ တယ် အဲလောက်အဆင့်ပဲရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်များက ဖြစ်ခဲ့သော လုပ်သား ရှားပါးသည့်ပြဿနာကို ဆားကျုံးခ တိုးပေးသည့် နည်းဖြင့်ဆောင်ရွက်ထားသောကြောင့် အဆိုပါ ပြဿနာမျိုး ယခုအခါ မရှိကြောင်း ၎င်း ကပြောသည်။

" ဆား” ကျုံးခကို တိုးပေးထားလိုက်တဲ့ အခါကျတော့ ဒီတစ်ခေါက်ကျတော့ သူ့နည်းသူဟန်နဲ့ ဘယ်လို ဘယ်လိုလဲတော့ မသိဘူးပေါ့ဗျာ၊ ဟိုဘက်တိုးလိုက် ဒီဘက်ဖိလိုက်နဲ့တော့ ကျွန်တော်တို့ဆီမှာ ဒီနှစ် အလုပ်သမား အခက်အခဲ ပြီးခဲ့တဲ့ (၂၀၂၅) လိုတော့ အကြီးအကျယ်တော့ ကျွန်တော် မကြားလိုက်ရသေး ဘူး။ အားလုံးက သူ့ဟာနဲ့သူ သိမ်းနိုင်ကြတယ်၊ ယူ နိုင်ကြတယ်။ အဲ့ဒီအနေအထားတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

zawgyi version

မြန္ျပည္နယ္ထြက္ ဆားမ်ား တင္ပို႔ရန္ ဂ်ပန္က အေၾကာင္းမျပန္သည့္အတြက္ ေတာင္ကိုရီးယားသို႔ တင္ပို႔ရန္ စီစဥ္ေန

သန႔္မင္းအိမ္ (NP News) - မတ္လ ၁၈

မြန္ျပည္နယ္ထြက္ ဆားမ်ားကိုတင္ပို႔ရန္ ဂ်ပန္က အေၾကာင္းမျပန္သည့္အတြက္ ေတာင္ကိုရီး ယားသို႔တင္ပို႔ခြင့္ရရွိရန္စီစဥ္ေနေၾကာင္း အဆိုပါ ျပည္နယ္မွ ဆားလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။

မြန္ျပည္နယ္သည္ ျမန္မာႏိုင္ငံတြင္ ဆား ထြက္မ်ားေသာေဒသတစ္ခုျဖစ္ၿပီး အဆိုပါေဒသ ထြက္ဆားမ်ားသည္ ျပည္တြင္းေဈးကြက္အတြင္း ေနရာ အခိုင္အမာရရွိထားေသာ္လည္း ၿပီးခဲ့သည့္ ႏွစ္ က လုပ္သားရွားပါးျခင္းႏွင့္ ရာသီဥတုတို႔ေၾကာင့္ အ ခက္အခဲမ်ားကို ႀကဳံေတြ႕ခဲ့သည္။

“(၂၀၂၃) တုန္းက ကြၽန္ေတာ္ ဂ်ပန္ကို ကြန္တိန္နာတစ္လုံး ပို႔တယ္။ နမူနာေပါ့ဗ်ာ သူတို႔ အစမ္းသေဘာနဲ႔ ယူသြားၾကည့္တယ္။ ဒါေပမဲ့ ေနာက္ ထပ္ၿပီးေတာ့ ကြၽန္ေတာ့္ဆီကို ျပန္ၿပီးေတာ့ အေျဖျပန္ မေပးဘူး။ ယူတဲ့အေျဖေပါ့ဗ်ာ ျပန္မေပးဘူး။ ဆိုေတာ့ ဒီေန႔အထိ ကြန္တိန္နာတစ္လုံးပဲ ကြၽန္ေတာ္ ဂ်ပန္ ျပည္ကို ပို႔လိုက္တယ္။ (၂၀၂၃) စက္တင္ဘာလ စပို႔ တာ၊ စက္တင္ဘာလကုန္ေတာ့ ဂ်ပန္ေရာက္သြား တယ္။ အဲဒါၿပီးေတာ့ သူတို႔ Test လုပ္တာ ျဖစ္ပါလိမ့္ မယ္။ ၿပီးေတာ့ ထပ္ယူဖို႔ ဘာဖို႔ ညာဖို႔ ကြၽန္ေတာ့္ကို ဘာမွလည္း ထပ္မေတာင္းဆိုဘူးဆိုေတာ့ ဒါကြၽန္ ေတာ္တို႔ မေအာင္ျမင္ဘူးလို႔ပဲ သုံးသပ္ရမွာေပါ့” ဟု ဂ်ပန္တင္ပို႔ခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ ၎က ဆိုသည္။

ထို႔ေနာက္ လက္ရွိတြင္ ေတာင္ကိုရီးယား ႏိုင္ငံသို႔ တင္ပို႔ရန္စီစဥ္ေနၿပီး ယင္းအတြက္ စမ္းသပ္ ဆားကြင္းကိုလည္းေဆာင္႐ြက္ေနေၾကာင္း ၎က ဆိုသည္။ “အခုေတာ့ ကိုရီးယားက ျပန္စမ္းေနတယ္။ ကြၽန္ေတာ့္မိတ္ေဆြကြင္းကေတာ့ ကိုရီးယားအတြက္ ကို ျပင္ဆင္ေနတုန္းပဲ၊ လုပ္ေပးေနတုန္းပဲ၊ ဒါေပမဲ့ သူတို႔ရဲ႕ ဒီလိုအပ္ခ်က္ကို ကြၽန္ေတာ္တို႔ ျဖည့္ႏိုင္ မလား၊ ကြၽန္ေတာ္တို႔အစမ္းသပ္ခံပဲ ျဖစ္မလားဆိုတာ ကေတာ့ ဒါေစာင့္ၾကည့္ရဦးမွာေပါ့။ ဒီႏွစ္ေတာ့ ျပန္ၿပီး ေတာ့ ကိုရီးယားႏိုင္ငံအတြက္ကိုေတာ့ တစ္ကြင္း စမ္း ၾကည့္ေနတုန္းပဲ။ ဒါေပမဲ့ ယူေတာ့ ယူမသြားရေသးဘူး၊ သူတို႔ေတာ့ သူ႔ကိုယ္စားလွယ္ေတြ လာလာၾကည့္ေန တယ္ အဲေလာက္အဆင့္ပဲရွိေသးတယ္” ဟု ၎က ဆိုသည္။
ၿပီးခဲ့သည့္ ႏွစ္မ်ားက ျဖစ္ခဲ့ေသာ လုပ္သား ရွားပါးသည့္ျပႆနာကို ဆားက်ဳံးခ တိုးေပးသည့္ နည္းျဖင့္ေဆာင္႐ြက္ထားေသာေၾကာင့္ အဆိုပါ ျပႆနာမ်ိဳး ယခုအခါ မရွိေၾကာင္း ၎ ကေျပာသည္။

" ဆား” က်ဳံးခကို တိုးေပးထားလိုက္တဲ့ အခါက်ေတာ့ ဒီတစ္ေခါက္က်ေတာ့ သူ႔နည္းသူဟန္နဲ႔ ဘယ္လို ဘယ္လိုလဲေတာ့ မသိဘူးေပါ့ဗ်ာ၊ ဟိုဘက္တိုးလိုက္ ဒီဘက္ဖိလိုက္နဲ႔ေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ဒီႏွစ္ အလုပ္သမား အခက္အခဲ ၿပီးခဲ့တဲ့ (၂၀၂၅) လိုေတာ့ အႀကီးအက်ယ္ေတာ့ ကြၽန္ေတာ္ မၾကားလိုက္ရေသး ဘူး။ အားလုံးက သူ႔ဟာနဲ႔သူ သိမ္းႏိုင္ၾကတယ္၊ ယူ ႏိုင္ၾကတယ္။ အဲ့ဒီအေနအထားေတာ့ ရွိတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.