သီရိလင်္ကာမှာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုအတွက် စိုးရိမ်ကာ အလုပ်တက်ရက်ကို (၄) ရက်ထိ လျှော့ချသတ်မှတ်

 145

ရောင်နီ (NP News) - မတ် ၁၉

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲကာလရှည်ကြာလာနိုင်တဲ့အခြေအနေနဲ့အတူ လောင်စာဆီသိုလှောင်နိုင်မှုတွေကို ထိန်းသိမ်းဖို့အတွက် သီရိလင်္ကာအစိုးရဟာ တစ်ပတ်ကို အလုပ်လုပ်ရက် (၄) ရက်သာ ထားရှိတော့မယ်လို့ မတ်လ (၁၆) ရက်က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့စစ်ပွဲအတွင်း အီရန်နိုင်ငံက အရေးပါတဲ့ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့လိုက်ခြင်းကြောင့် ကမ္ဘာ့ပို့ကုန် (၂၀) ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ရေလမ်းကြောင်း ပြတ်တောက်သွားတဲ့အတွက် ယခုလိုအရေးပေါ်စီမံချက်တွေ ချမှတ်လာခြင်းဖြစ်ပါတယ်။
မတ်လ (၁၈) ရက်မှစတင်ကာ အစိုးရရုံးများ၊ ကျောင်းများနဲ့ တက္ကသိုလ်များအားလုံး တစ်ပတ်ကို (၄) ရက်သာ ဖွင့်လှစ်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့တိုင်းကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားမှာ ဖြစ်ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့လည်း အဆိုပါ အစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့နဲ့ ဝန်ထမ်းတွေကိုဖြစ်နိုင်ရင် အိမ်မှနေပြီး အလုပ်လုပ်နိုင်တဲ့ Work from Home လုပ်ဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံမှာ မတ်လ (၁၅) ရက်မှစတင်ကာ မော်တော်ယာဉ်တစ်စီးကို တစ်ပတ်လျှင် ဆီ (၁၅) လီတာသာ ကန့်သတ်ရောင်းချပေးတော့မှာဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လီတာ ၂၀၀ အထိ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒါအပြင် အစိုးရက အများပြည်သူဆိုင်ရာအခမ်းအနားတွေအားလုံးကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးပျက်ကပ်မှ ပြန်လည် ရုန်းထနေဆဲဖြစ်ပြီး လောင်စာဆီအားလုံးကို ပြည်ပမှတင်သွင်းနေရတဲ့အတွက် ယခုလို ရေလမ်းကြောင်းပိတ်ဆို့မှုနဲ့ စစ်ပွဲအခြေအနေဟာ နိုင်ငံရဲ့နာလန်ထူရေးလုပ်ငန်းစဉ်တွေကိုခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ လက်ရှိ နိုင်ငံအတွင်း ဓာတ်ဆီနဲ့ ဒီဇယ်သိုလှောင်မှုမှာ သီတင်း (၆) ပတ်ခန့်သာ ခံတော့မယ်လို့ သိရပါတယ်။

Zawgyi Version;
သီရိလကၤာမွာ အေရွ႕အလယ္ပိုင္းစစ္ပြဲေၾကာင့္ ေလာင္စာဆီျပတ္လပ္မႈအတြက္ စိုးရိမ္ကာ အလုပ္တက္ရက္ကို (၄) ရက္ထိ ေလွ်ာ့ခ်သတ္မွတ္
ေရာင္နီ (NP News) - မတ္ ၁၉
အေရွ႕အလယ္ပိုင္းေဒသမွာ စစ္ပြဲကာလရွည္ၾကာလာႏိုင္တဲ့အေျခအေနနဲ႔အတူ ေလာင္စာဆီသိုေလွာင္ႏိုင္မႈေတြကို ထိန္းသိမ္းဖို႔အတြက္ သီရိလကၤာအစိုးရဟာ တစ္ပတ္ကို အလုပ္လုပ္ရက္ (၄) ရက္သာ ထားရွိေတာ့မယ္လို႔ မတ္လ (၁၆) ရက္က တရားဝင္ထုတ္ျပန္လိုက္ပါတယ္။
အေမရိကန္၊ အစၥေရးတို႔နဲ႔စစ္ပြဲအတြင္း အီရန္ႏိုင္ငံက အေရးပါတဲ့ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ကို ပိတ္ဆို႔လိုက္ျခင္းေၾကာင့္ ကမာၻ႔ပို႔ကုန္ (၂၀) ရာခိုင္ႏႈန္းခန႔္ ျဖတ္သန္းရာ ေရလမ္းေၾကာင္း ျပတ္ေတာက္သြားတဲ့အတြက္ ယခုလိုအေရးေပၚစီမံခ်က္ေတြ ခ်မွတ္လာျခင္းျဖစ္ပါတယ္။
မတ္လ (၁၈) ရက္မွစတင္ကာ အစိုးရ႐ုံးမ်ား၊ ေက်ာင္းမ်ားနဲ႔ တကၠသိုလ္မ်ားအားလုံး တစ္ပတ္ကို (၄) ရက္သာ ဖြင့္လွစ္ရမွာျဖစ္ၿပီး ဗုဒၶဟူးေန႔တိုင္းကို ႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားမွာ ျဖစ္ပါတယ္။
ပုဂၢလိကကုမၸဏီေတြအေနနဲ႔လည္း အဆိုပါ အစီအစဥ္မွာ ပူးေပါင္းပါဝင္ဖို႔နဲ႔ ဝန္ထမ္းေတြကိုျဖစ္ႏိုင္ရင္ အိမ္မွေနၿပီး အလုပ္လုပ္ႏိုင္တဲ့ Work from Home လုပ္ဖို႔ တိုက္တြန္းထားပါတယ္။
ႏိုင္ငံမွာ မတ္လ (၁၅) ရက္မွစတင္ကာ ေမာ္ေတာ္ယာဥ္တစ္စီးကို တစ္ပတ္လွ်င္ ဆီ (၁၅) လီတာသာ ကန႔္သတ္ေရာင္းခ်ေပးေတာ့မွာျဖစ္ၿပီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအတြက္ လီတာ ၂၀၀ အထိ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။ ဒါအျပင္ အစိုးရက အမ်ားျပည္သူဆိုင္ရာအခမ္းအနားေတြအားလုံးကိုလည္း ယာယီရပ္ဆိုင္းထားပါတယ္။
သီရိလကၤာႏိုင္ငံဟာ ၂၀၂၂ ခုႏွစ္က ႀကဳံေတြ႕ခဲ့ရတဲ့ စီးပြားေရးပ်က္ကပ္မွ ျပန္လည္ ႐ုန္းထေနဆဲျဖစ္ၿပီး ေလာင္စာဆီအားလုံးကို ျပည္ပမွတင္သြင္းေနရတဲ့အတြက္ ယခုလို ေရလမ္းေၾကာင္းပိတ္ဆို႔မႈနဲ႔ စစ္ပြဲအေျခအေနဟာ ႏိုင္ငံရဲ႕နာလန္ထူေရးလုပ္ငန္းစဥ္ေတြကိုၿခိမ္းေျခာက္မႈ ျဖစ္ေစပါတယ္။ လက္ရွိ ႏိုင္ငံအတြင္း ဓာတ္ဆီနဲ႔ ဒီဇယ္သိုေလွာင္မႈမွာ သီတင္း (၆) ပတ္ခန႔္သာ ခံေတာ့မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.