တရားသူကြီးများ နေ့စဉ် တရားခွင်တက်ရန်ဆောင်ရွက်ချိန် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာဆိုခြင်းကို ပယ်ဖျက်

398

Pearl (NP News) - မတ် ၁၉
တရားသူကြီးများ နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်ချိန် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာဆိုခြင်းကို ပယ်ဖျက်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ဤဥပဒေကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) တွင် ပုဒ်မခွဲငယ် (၂) ကို ပယ်ဖျက်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) တွင် ပုဒ်မခွဲငယ် (၁)အရ တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများအား တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများအတွက်လည်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ပုဒ်မခွဲငယ် (၂)အနေဖြင့် ပုဒ်မခွဲငယ် (၁) အရ ရွေးချယ်ခန့်ထားခြင်းခံရသည့် တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ခြွင်းချက်အနေဖြင့် တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

Zawgyi version:
တရားသူႀကီးမ်ား ေန႔စဥ္ တရားခြင္တက္ရန္ စတင္ေဆာင္႐ြက္ခ်ိန္ တရားခြင္၌ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာဆိုျခင္းကို ပယ္ဖ်က္လိုက္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက အသိေပးထုတ္ျပန္ထားသည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၇ အရ ဤဥပေဒကို ျပ႒ာန္းလိုက္ၿပီး ဤဥပေဒကို ျပည္ေထာင္စုတရားစီရင္ေရးဥပေဒကို ပၪၥမအႀကိမ္ ျပင္ဆင္သည့္ဥပေဒ ဟု ေခၚတြင္ေစရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
ျပည္ေထာင္စုတရားစီရင္ေရးဥပေဒ ပုဒ္မ ၂၃ ပုဒ္မခြဲ (ဂ) တြင္ ပုဒ္မခြဲငယ္ (၂) ကို ပယ္ဖ်က္ရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါ ပုဒ္မ ၂၃ ပုဒ္မခြဲ (ဂ) တြင္ ပုဒ္မခြဲငယ္ (၁)အရ တရားသူႀကီးအျဖစ္ ေ႐ြးခ်ယ္ခန႔္ထားျခင္းခံရသူမ်ားအား တရားသူႀကီးအျဖစ္ စတင္တာဝန္ေပးသည့္အခ်ိန္တြင္ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳရန္အတြက္ စီစဥ္ေဆာင္႐ြက္ရမည္။ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳျခင္း မေဆာင္႐ြက္ရေသးေသာ တရားသူႀကီးမ်ားအတြက္လည္း က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳရန္အတြက္ စီစဥ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပ႒ာန္းထားျခင္းျဖစ္သည္။
ပုဒ္မခြဲငယ္ (၂)အေနျဖင့္ ပုဒ္မခြဲငယ္ (၁) အရ ေ႐ြးခ်ယ္ခန႔္ထားျခင္းခံရသည့္ တရားသူႀကီးမ်ားက ေန႔စဥ္တရားခြင္တက္ရန္ စတင္ေဆာင္႐ြက္သည့္အခ်ိန္တြင္ တရားခြင္၌ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာ ျပဳရန္အတြက္ စီစဥ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ၊ ႁခြင္းခ်က္အေနျဖင့္ တရားသူႀကီးမ်ားသည္ ဥပေဒတစ္ရပ္ရပ္အရ က်မ္းသစၥာျပဳရန္ ကင္းလြတ္ခြင့္ရွိသူျဖစ္ပါက ကတိသစၥာျပဳရန္ စီစဥ္ေဆာင္႐ြက္ရမည္ေၾကာင္း ျပ႒ာန္းထားျခင္းျဖစ္သည္။