အီရန်မှာ ဆွီဒင်နိုင်ငံသားတစ်ဦး ကွပ်မျက်ခံခဲ့ရတယ်လို့ ဆွီဒင်အစိုးရပြော

727
Pika (NP News)-မတ် ၁၉
အီရန်နိုင်ငံမှာ ဆွီဒင်နိုင်ငံသားတစ်ဦး ကွပ်မျက်ခံခဲ့ရတယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမည်ဖော်ပြထားတာမျိုးမရှိတဲ့ ဆွီဒင်နိုင်ငံသားဟာ ပြီးခဲတဲ့နှစ် ဇွန်လမှာ အီရန်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဆွီဒင်က အဲ့ဒီကိစ္စကို အီရန်အရာရှိတွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့တယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ မာလ်မာ စတီနာဂါ့ဒ်က ပြောကြားခဲ့ပါတယ်။
မာရီယာ မာလ်မာ စတီနာဂါ့ဒ်က”သေဒဏ်ပေးတယ်ဆိုတာ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်မျိုးပဲဖြစ်ပါတယ်။ဒီအခြေအနေတွေအားလုံးနဲ့ပတ်သက်ပြီး အီရန်ရဲ့လုပ်ရပ်တွေကို အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အီရန်က ပြစ်တင်ရှုတ်ချပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ကွပ်မျက်မှုမတိုင်ခင် တရားဥပဒေဆိုင်ရာလုပ်ငန်းစဉ်တွေဟာ လုပ်ထုံးလုပ်နည်းစံနှုန်းတွေနဲ့ကိုက်ညီတာမျိုးမရှိဘူးလို့လည်း မာရီယာ မာလ်မာ စတီနာဂါ့ဒ်က ထပ်မံပြောကြားခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Zawgyi version:
အီရန္ႏိုင္ငံမွာ ဆြီဒင္ႏိုင္ငံသားတစ္ဦး ကြပ္မ်က္ခံခဲ့ရတယ္လို႔ ဆြီဒင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အမည္ေဖာ္ျပထားတာမ်ိဳးမရွိတဲ့ ဆြီဒင္ႏိုင္ငံသားဟာ ၿပီးခဲတဲ့ႏွစ္ ဇြန္လမွာ အီရန္မွာဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ဆြီဒင္က အဲ့ဒီကိစၥကို အီရန္အရာရွိေတြနဲ႔ အႀကိမ္ႀကိမ္ေဆြးေႏြးခဲ့တယ္လို႔ ဆြီဒင္ႏိုင္ငံျခားေရးဝန္ႀကီး မာရီယာ မာလ္မာ စတီနာဂါ့ဒ္က ေျပာၾကားခဲ့ပါတယ္။
မာရီယာ မာလ္မာ စတီနာဂါ့ဒ္က”ေသဒဏ္ေပးတယ္ဆိုတာ လူမဆန္တဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ ျပစ္ဒဏ္မ်ိဳးပဲျဖစ္ပါတယ္။ဒီအေျခအေနေတြအားလုံးနဲ႔ပတ္သက္ၿပီး အီရန္ရဲ႕လုပ္ရပ္ေတြကို အျခားဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔အတူ အီရန္က ျပစ္တင္ရႈတ္ခ်ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ကြပ္မ်က္မႈမတိုင္ခင္ တရားဥပေဒဆိုင္ရာလုပ္ငန္းစဥ္ေတြဟာ လုပ္ထုံးလုပ္နည္းစံႏႈန္းေတြနဲ႔ကိုက္ညီတာမ်ိဳးမရွိဘူးလို႔လည္း မာရီယာ မာလ္မာ စတီနာဂါ့ဒ္က ထပ္မံေျပာၾကားခဲ့ပါတယ္။
အဲ့ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို ဆြီဒင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။