အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ်ပေါင်းသင်းသူ တရုတ်နိုင်ငံသားနှင့် ခေါင်းပုံဖြတ်သူတို့ကို အလုပ်နှင့် ထောင်ဒဏ်(၁၅)နှစ် ချမှတ်

245

ထိုက်စံ ( NP News) - မတ် ၂၃
အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ်ပေါင်းသင်းသူ တရုတ်နိုင်ငံသားနှင့် ခေါင်းပုံဖြတ်သူတို့ကို အလုပ်နှင့် ထောင်ဒဏ်(၁၅)နှစ် ချမှတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကုက္ကိုတန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ တရုတ်နိုင်ငံမှ ခေတ္တပြန်လာသူ မသဲသဲဦးက တရုတ်ယောကျ်ားနှင့် ပေါင်းသင်းနေထိုင်ပါက ယွမ် (၈၀၀၀၀) ရမည့်အပြင် ကောင်းမွန်စွာ နေထိုင်စားသောက် ဝတ်ဆင်ရမည်ဟု စည်းရုံးပြောဆိုပြီး Wechat အကောင့်ဖွင့်ပေး၍ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ထို့သို့ပြန်သွားပြီး တစ်လခန့်အကြာတွင် Wechat မှတစ်ဆင့် ဆက်သွယ်လာခဲ့ရာ အမျိုးသမီးနှင့် ပေါင်းသင်းနေထိုင်ရမည့် တရုတ်အမျိုးသားကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာမည်ဖြစ်၍ မန္တလေးလေဆိပ်တွင် လာရောက်စောင့်ကြိုရန် ပြောကြားသဖြင့် သွားရောက်စောင့်ကြိုခဲ့ပြီး မသဲသဲဦးနှင့်အတူ တရုတ်နိုင်ငံသား လင်းဟုန်း ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးနှင့် တရုတ်နိုင်ငံသား လင်းဟုန်းတို့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် (၂) ရက် ခန့်ပေါင်းသင်းနေထိုင်ပြီးနောက် ရွာရှိနေအိမ်သို့ပြန်လာ၍ ပေါင်းသင်းနေထိုင်ခဲ့ပြီး တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ခအဖြစ် မသဲသဲဦးက ထိုအမျိုးသမီးကို ငွေကျပ် (သိန်း ၁၂၀) ပေးခဲ့ပြီး ၎င်းမှ ယွမ် (၂၀၀၀) ရယူခဲ့ကြောင်း သိရသည်။
ထိုသို့ စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သာစည်မြို့မရဲစခန်း (ပ) ၃၁/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် (၁၉ ရက်)က မိတ္ထီလာခရိုင်တရားရုံးမှ တရုတ်နိုင်ငံသား လင်းဟုန်း နှင့် မသဲသဲဦးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi version
အမ်ိဳးသမီးတစ္ဦးအား တ႐ုတ္မယားအျဖစ္ေပါင္းသင္းသူ တ႐ုတ္ႏိုင္ငံသားႏွင့္ ေခါင္းပုံျဖတ္သူတို႔ကို အလုပ္ႏွင့္ ေထာင္ဒဏ္(၁၅)ႏွစ္ ခ်မွတ္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ ကုကၠိဳတန္းေက်း႐ြာအုပ္စုေန အမ်ိဳးသမီးတစ္ဦးကို တစ္႐ြာတည္းေန တ႐ုတ္ႏိုင္ငံမွ ေခတၱျပန္လာသူ မသဲသဲဦးက တ႐ုတ္ေယာက်္ားႏွင့္ ေပါင္းသင္းေနထိုင္ပါက ယြမ္ (၈၀၀၀၀) ရမည့္အျပင္ ေကာင္းမြန္စြာ ေနထိုင္စားေသာက္ ဝတ္ဆင္ရမည္ဟု စည္း႐ုံးေျပာဆိုၿပီး Wechat အေကာင့္ဖြင့္ေပး၍ တ႐ုတ္ႏိုင္ငံသို႔ ျပန္သြားခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ျပန္သြားၿပီး တစ္လခန႔္အၾကာတြင္ Wechat မွတစ္ဆင့္ ဆက္သြယ္လာခဲ့ရာ အမ်ိဳးသမီးႏွင့္ ေပါင္းသင္းေနထိုင္ရမည့္ တ႐ုတ္အမ်ိဳးသားကို ျမန္မာႏိုင္ငံသို႔ ေခၚေဆာင္လာမည္ျဖစ္၍ မႏၲေလးေလဆိပ္တြင္ လာေရာက္ေစာင့္ႀကိဳရန္ ေျပာၾကားသျဖင့္ သြားေရာက္ေစာင့္ႀကိဳခဲ့ၿပီး မသဲသဲဦးႏွင့္အတူ တ႐ုတ္ႏိုင္ငံသား လင္းဟုန္း ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အမ်ိဳးသမီးႏွင့္ တ႐ုတ္ႏိုင္ငံသား လင္းဟုန္းတို႔က မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခုတြင္ (၂) ရက္ ခန႔္ေပါင္းသင္းေနထိုင္ၿပီးေနာက္ ႐ြာရွိေနအိမ္သို႔ျပန္လာ၍ ေပါင္းသင္းေနထိုင္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံသားႏွင့္ ေပါင္းသင္းေနထိုင္ခအျဖစ္ မသဲသဲဦးက ထိုအမ်ိဳးသမီးကို ေငြက်ပ္ (သိန္း ၁၂၀) ေပးခဲ့ၿပီး ၎မွ ယြမ္ (၂၀၀၀) ရယူခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စိစစ္ေပၚေပါက္သျဖင့္ အမွတ္ (၁) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စိတ္ (မိတၳီလာ) မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ သာစည္ၿမိဳ႕မရဲစခန္း (ပ) ၃၁/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးဥပေဒပုဒ္မ ၃၅/၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး မတ္ (၁၉ ရက္)က မိတၳီလာခ႐ိုင္တရား႐ုံးမွ တ႐ုတ္ႏိုင္ငံသား လင္းဟုန္း ႏွင့္ မသဲသဲဦးတို႔အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅) ႏွစ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။