တာချီလိတ်မြို့တွင် ကျပ် (၈ ဒသမ ၉) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

 204

သန့်မင်းအိမ် (NP News) - မတ် ၂၂

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ငွေကျပ် (၈ ဒသမ ၉ ဘီလီယံ) ကျော် တန်ဖိုးရှိသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၇၈ သိန်း) ကို မော်တော်ယာဉ် (၃) စီးနှင့်အတူ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် (၉ )နာရီအချိန်ခန့်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်းရှိ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ် မော်တော်ယာဉ် (၃) စီး ရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် ရပ်တန့်ထားသည့် လိုင်စင်မဲ့ Toyota Fortuners အမျိုးအစား အဖြူရောင်မော်တော် ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ ဆာလာအိတ်အလုံး ၃၀ စိတ်ကြွရူးသွပ် ဆေးပြားသိန်း (၆၀) ပြား၊ လိုင်းစင်မဲ့ Toyota Hilux Single Cub ခဲရောင်အမျိုးအစား မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ ဆာလာအိတ် (၃၇) လုံး စိတ်ကြွရူးသွပ် ဆေးပြား (၇၄) သိန်းပြားနှင့် လိုင်စင်မဲ့ Ford အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့်ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ ဆာလာအိတ် (၂၂) လုံး စိတ်ကြွရူးသွပ်ဆေးပြား (၄၄) သိန်းပြား၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၁၇၈) သိန်းပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်) ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အင်တိုက်အားတိုက် ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္ (၈ ဒသမ ၉) ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ားကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိ
သန႔္မင္းအိမ္ (NP News) -မတ္ ၂၂
ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္ (၈ ဒသမ ၉ ဘီလီယံ) ေက်ာ္ တန္ဖိုးရွိသည့္ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၇၈ သိန္း) ကို ေမာ္ေတာ္ယာဥ္ (၃) စီးႏွင့္အတူ ပိုင္ရွင္မဲ့ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၁ ရက္) နံနက္ (၉ )နာရီအခ်ိန္ခန႔္က တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ပိေတာက္လမ္းရွိ ျမလင္းပြင့္မိုတယ္အနီး၌ မသကၤာဖြယ္ ေမာ္ေတာ္ယာဥ္ (၃) စီး ရပ္တန႔္ထားေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ထိုသို႔ သြားေရာက္စစ္ေဆးရာတြင္ ရပ္တန႔္ထားသည့္ လိုင္စင္မဲ့ Toyota Fortuners အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ ယာဥ္ေပၚမွ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထည့္ထားသည့္ ဆာလာအိတ္တစ္လုံးလွ်င္ ေဆးျပားႏွစ္သိန္းပါ ဆာလာအိတ္အလုံး ၃၀ စိတ္ႂကြ႐ူးသြပ္ ေဆးျပားသိန္း (၆၀) ျပား၊ လိုင္းစင္မဲ့ Toyota Hilux Single Cub ခဲေရာင္အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ေပၚမွ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထည့္ထားသည့္ ဆာလာအိတ္တစ္လုံးလွ်င္ ေဆးျပားႏွစ္သိန္းပါ ဆာလာအိတ္ (၃၇) လုံး စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၇၄) သိန္းျပားႏွင့္ လိုင္စင္မဲ့ Ford အမ်ိဳးအစား အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ေပၚမွ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထည့္ထားသည့္ဆာလာအိတ္တစ္လုံးလွ်င္ ေဆးျပားႏွစ္သိန္းပါ ဆာလာအိတ္ (၂၂) လုံး စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၄) သိန္းျပား၊ စုစုေပါင္း WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၁၇၈) သိန္းျပား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၈ ဒသမ ၉ ဘီလီယံေက်ာ္) ကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ သိမ္းဆည္းရမိသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ပူးေပါင္းအဖြဲ႕ျဖင့္ အင္တိုက္အားတိုက္ ရွာေဖြေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.