ရုရှားက အီရန်အတွက် ယုံကြည်စိတ်ချရတဲ့မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ရုရှားသမ္မတပူတင် ပြော

 334

Pika (NP News) - မတ် ၂၂

ရုရှားနိုင်ငံဟာ အီရန်အတွက် သစ္စာရှိတဲ့မိတ်ဆွေနဲ့ ယုံကြည်စိတ်ချရတဲ့မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည် သွားမယ်လို့ ရုရှားသမ္မတပူတင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်မှာ လက်ရှိဖြစ်ပွားနေတဲ့အကျပ်အတည်းနဲ့ပတ်သက်ပြီး အီရန်က ရုရှားဆီကနေ အကူအညီ အနည်းငယ်သာရရှိခဲ့တယ်လို့လည်း အီရန်သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အီရန်နှစ်သစ်ကူးအတွက် ဂုဏ်ပြုစကားတွေကို အီရန်ထိပ်တန်းခေါင်းဆောင်သစ် မိုဂျ်တာဘာခါမေနီနဲ့ သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တို့ဆီကို ပူတင်ကပေးပို့ခဲ့တယ်လို့လည်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ ရုရှားအစိုးရက “အီရန်ပြည်သူတွေက ဒီကြမ်းတမ်းတဲ့အခြေအနေကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော် နိုင်ဖို့နဲ့ ဒီလိုမျိုးခက်ခဲနေတဲ့အချိန်မှာ ရုရှားက အီရန်ရဲ့သစ္စာရှိပြီး ယုံကြည်ရတဲ့မိတ်ဖက်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားမယ်ဆိုတာကို ပူတင်က အလေးပေးပြောကြားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို အကျပ်အတည်း တစ်ခုဆီကို တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစွမ်းအင်အကျပ်အတည်းကို ပေါ်ပေါက်လာစေခဲ့တယ်လို့လည်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
႐ုရွားက အီရန္အတြက္ ယုံၾကည္စိတ္ခ်ရတဲ့မိတ္ဖက္အျဖစ္ ဆက္လက္ရပ္တည္သြားမယ္လို႔ ႐ုရွားသမၼတပူတင္ ေျပာ
Pika (NP News) - မတ္ ၂၂
႐ုရွားႏိုင္ငံဟာ အီရန္အတြက္ သစၥာရွိတဲ့မိတ္ေဆြနဲ႔ ယုံၾကည္စိတ္ခ်ရတဲ့မိတ္ဖက္ႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ သြားမယ္လို႔ ႐ုရွားသမၼတပူတင္ကထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အီရန္မွာ လက္ရွိျဖစ္ပြားေနတဲ့အက်ပ္အတည္းနဲ႔ပတ္သက္ၿပီး အီရန္က ႐ုရွားဆီကေန အကူအညီ အနည္းငယ္သာရရွိခဲ့တယ္လို႔လည္း အီရန္သတင္းရင္းျမစ္ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ႏွစ္သစ္ကူးအတြက္ ဂုဏ္ျပဳစကားေတြကို အီရန္ထိပ္တန္းေခါင္းေဆာင္သစ္ မိုဂ်္တာဘာခါေမနီနဲ႔ သမၼတ မာဆြတ္ ပီဇက္ရွ္ကီယန္တို႔ဆီကို ပူတင္ကေပးပို႔ခဲ့တယ္လို႔လည္း ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ႐ုရွားအစိုးရက “အီရန္ျပည္သူေတြက ဒီၾကမ္းတမ္းတဲ့အေျခအေနႀကီးကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္ေက်ာ္ ႏိုင္ဖို႔နဲ႔ ဒီလိုမ်ိဳးခက္ခဲေနတဲ့အခ်ိန္မွာ ႐ုရွားက အီရန္ရဲ႕သစၥာရွိၿပီး ယုံၾကည္ရတဲ့မိတ္ဖက္တစ္ဦးအျဖစ္ ဆက္လက္ရပ္တည္သြားမယ္ဆိုတာကို ပူတင္က အေလးေပးေျပာၾကားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕တိုက္ခိုက္မႈေတြဟာ အေရွ႕အလယ္ပိုင္းေဒသတစ္ခုလုံးကို အက်ပ္အတည္း တစ္ခုဆီကို တြန္းပို႔ခဲ့ၿပီး ကမာၻလုံးဆိုင္ရာစြမ္းအင္အက်ပ္အတည္းကို ေပၚေပါက္လာေစခဲ့တယ္လို႔လည္း ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.