Buffy ဇာတ်လမ်းတွဲ သရုပ်ဆောင် နစ်ကိုးလက်ခ် ဘရန်ဒန် အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်

 301

ရောင်နီ (NP News) - မတ် ၂၂

လူကြိုက်များခဲ့တဲ့ "Buffy the Vampire Slayer" ဇာတ်လမ်းတွဲမှာ ဇန်ဒါဟားရစ် အဖြစ် လူသိများခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နီကိုးလက်ခ် ဘရန်ဒန် ဟာ မတ်လ ၂ဝ ရက်နေ့၊ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ၎င်းရဲ့မိသားစုက အတည်ပြုကြေညာခဲ့ပါတယ်။
မိသားစုရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ချက်အရ ဘရန်ဒန် ဟာ အိပ်ပျော်နေရင်း သဘာဝအတိုင်း အေးချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ နေရာနဲ့ အချိန်အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောကြားခြင်းမရှိသေးပါဘူး။ ဘရန်ဒန် ဟာ "Buffy the Vampire Slayer" (၁၉၉၇ - ၂၀၀၃) ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် "ဘူဖီ" ရဲ့အရင်းနှီးဆုံးသူငယ်ချင်း "ဇန်ဒါဟားရစ်" အဖြစ် သရုပ်ဆောင်ပြီး ကမ္ဘာတစ်ဝှမ်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ ဒါအပြင် ဘရန်ဒန် ဟာ Criminal Minds၊ Private Practice နဲ့ Kitchen Confidential လို နာမည်ကြီး ရုပ်သံစီးရီးတွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်များစွာမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
ဘရန်ဒန်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျန်းမာရေးပြဿနာအချို့နဲ့ရင်ဆိုင်ခဲ့ရပြီး ၂၀၂၃ ခုနှစ် အတွင်းကလည်း ကျောရိုးခွဲစိတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရကာ နှလုံးဖောက်ပြန်တဲ့ ဝေဒနာကို ခံစားခဲ့ရဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
Buffy ဇာတ္လမ္းတြဲ သ႐ုပ္ေဆာင္ နစ္ကိုးလက္ခ္ ဘရန္ဒန္ အသက္ ၅၄ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - မတ္ ၂၂
လူႀကိဳက္မ်ားခဲ့တဲ့ "Buffy the Vampire Slayer" ဇာတ္လမ္းတြဲမွာ ဇန္ဒါဟားရစ္ အျဖစ္ လူသိမ်ားခဲ့တဲ့ အေမရိကန္သ႐ုပ္ေဆာင္ နီကိုးလက္ခ္ ဘရန္ဒန္ ဟာ မတ္လ ၂ဝ ရက္ေန႔၊ အသက္ ၅၄ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ ၎ရဲ႕မိသားစုက အတည္ျပဳေၾကညာခဲ့ပါတယ္။
မိသားစုရဲ႕ လူမႈကြန္ရက္မွာ ထုတ္ျပန္ခ်က္အရ ဘရန္ဒန္ ဟာ အိပ္ေပ်ာ္ေနရင္း သဘာဝအတိုင္း ေအးခ်မ္းစြာနဲ႔ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးတဲ့ ေနရာနဲ႔ အခ်ိန္အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ ေျပာၾကားျခင္းမရွိေသးပါဘူး။ ဘရန္ဒန္ ဟာ "Buffy the Vampire Slayer" (၁၉၉၇ - ၂၀၀၃) ဇာတ္လမ္းတြဲမွာ အဓိကဇာတ္ေဆာင္ "ဘူဖီ" ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္း "ဇန္ဒါဟားရစ္" အျဖစ္ သ႐ုပ္ေဆာင္ၿပီး ကမာၻတစ္ဝွမ္း ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရွိခဲ့ပါတယ္။ ဒါအျပင္ ဘရန္ဒန္ ဟာ Criminal Minds၊ Private Practice နဲ႔ Kitchen Confidential လို နာမည္ႀကီး ႐ုပ္သံစီးရီးေတြအျပင္ သည္းထိတ္ရင္ဖို႐ုပ္ရွင္မ်ားစြာမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။
ဘရန္ဒန္ဟာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း က်န္းမာေရးျပႆနာအခ်ိဳ႕နဲ႔ရင္ဆိုင္ခဲ့ရၿပီး ၂၀၂၃ ခုႏွစ္ အတြင္းကလည္း ေက်ာ႐ိုးခြဲစိတ္မႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ရကာ ႏွလုံးေဖာက္ျပန္တဲ့ ေဝဒနာကို ခံစားခဲ့ရဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.