ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နှင့်ဗြိတိန်တို့တွင် တာဝန်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

 1175

Pika (NP News) - မတ် ၂၂

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် တရုတ်နှင့်ဗြိတိန်တို့တွင် တာဝန်ရှိ‌ သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဗြိတိန် နိုင်ငံခြား‌ရေးဝန်ကြီး ဝိုင်ဗက်တီကူးပါးကို ပြောကြား ခဲ့ကြောင်းသိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်၏တောင်းဆိုမှုများကိုလည်း ဝမ်ယိက ထပ်မံ အတည် ပြုပြောကြားခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံသည် အီရန်၏ရင်းနှီးသည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး အီရန်အပေါ်တိုက်ခိုက်မှုများကို လျှော့ချရန် အမေရိကန်နှင့်အစ္စရေးတို့ကို တိုက်တွန်းခဲ့သလို အမေရိကန်အခြေစိုက်စခန်းများကို လက်ခံထားသည့် ပင်လယ်ကွေ့ နိုင်ငံများအပေါ် အီရန်၏ပစ် မှတ်ထားတိုက်ခိုက်မှုများကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရသည်။

တရုတ်နှင့် ဗြိတိန် နိုင်ငံတို့သည် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုသည့် လုပ်ဆောင်ချက်များကို အဆက်မပြတ် လုပ်ဆောင်သင့် သည်ဟု ဝမ်ယိက ဝိုင်ဗက်တီကူးပါးကို ဖုန်းခေါ်ဆိုမှု တစ်ခုအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဝမ်ယိက ‘နိုင်ငံတကာအစီအစဉ်အပေါ် နောက်ထပ်ပျက်စီးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်တွေ ယိုယွင်းပျက်စီးမှုကို ကာကွယ်ဖို့ ကျွန်တော်တို့အတူတူလုပ်ဆောင်သင့်တယ်ဆိုတာကို ဝိုင်ဗက်တီကူးပါး ကိုပြောကြားခဲ့ပါတယ်။ ရှည်ကြာတဲ့ပဋိပက္ခမှာ အနိုင်ရတဲ့လူဆိုတာမရှိပါဘူး’ဟုပြောဆိုခဲ့သည်။
အီရန်၊ လက်ဘနွန်၊ ဂျော်ဒန်နှင့် အီရတ်တို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ ပေးသွားမည်ဟု တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ပြောဆိုချက်များ ထပ်မံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Zawgyi Version;
ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းရန္ တ႐ုတ္ႏွင့္ၿဗိတိန္တို႔တြင္ တာဝန္ရွိသည္ဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - မတ္ ၂၂
ႏိုင္ငံတကာၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ထိန္းသိမ္းရန္ တ႐ုတ္ႏွင့္ၿဗိတိန္တို႔တြင္ တာဝန္ရွိ‌ သည္ဟု တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက ၿဗိတိန္ ႏိုင္ငံျခား‌ေရးဝန္ႀကီး ဝိုင္ဗက္တီကူးပါးကို ေျပာၾကား ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္ အပစ္အခတ္ရပ္စဲေရးအတြက္ တ႐ုတ္၏ေတာင္းဆိုမႈမ်ားကိုလည္း ဝမ္ယိက ထပ္မံ အတည္ ျပဳေျပာၾကားခဲ့ေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံသည္ အီရန္၏ရင္းႏွီးသည့္ မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး အီရန္အေပၚတိုက္ခိုက္မႈမ်ားကို ေလွ်ာ့ခ်ရန္ အေမရိကန္ႏွင့္အစၥေရးတို႔ကို တိုက္တြန္းခဲ့သလို အေမရိကန္အေျခစိုက္စခန္းမ်ားကို လက္ခံထားသည့္ ပင္လယ္ေကြ႕ ႏိုင္ငံမ်ားအေပၚ အီရန္၏ပစ္ မွတ္ထားတိုက္ခိုက္မႈမ်ားကိုလည္း ျပစ္တင္ေဝဖန္ခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ႏွင့္ ၿဗိတိန္ ႏိုင္ငံတို႔သည္ ၿငိမ္းခ်မ္းေရးအတြက္ အေထာက္အကူျပဳသည့္ လုပ္ေဆာင္ခ်က္မ်ားကို အဆက္မျပတ္ လုပ္ေဆာင္သင့္ သည္ဟု ဝမ္ယိက ဝိုင္ဗက္တီကူးပါးကို ဖုန္းေခၚဆိုမႈ တစ္ခုအတြင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဝမ္ယိက ‘ႏိုင္ငံတကာအစီအစဥ္အေပၚ ေနာက္ထပ္ပ်က္စီးမႈနဲ႔ ကမာၻလုံးဆိုင္ရာၿငိမ္းခ်မ္းေရးရဲ႕ အေျခခံ အုတ္ျမစ္ေတြ ယိုယြင္းပ်က္စီးမႈကို ကာကြယ္ဖို႔ ကြၽန္ေတာ္တို႔အတူတူလုပ္ေဆာင္သင့္တယ္ဆိုတာကို ဝိုင္ဗက္တီကူးပါး ကိုေျပာၾကားခဲ့ပါတယ္။ ရွည္ၾကာတဲ့ပဋိပကၡမွာ အႏိုင္ရတဲ့လူဆိုတာမရွိပါဘူး’ဟုေျပာဆိုခဲ့သည္။
အီရန္၊ လက္ဘႏြန္၊ ေဂ်ာ္ဒန္ႏွင့္ အီရတ္တို႔ကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ေထာက္ပံ့ ေပးသြားမည္ဟု တ႐ုတ္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုကဲ့သို႔ ေျပာဆိုခ်က္မ်ား ထပ္မံ ထြက္ေပၚလာျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.