လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို သိမ်းယူဖို့ အစ္စရေးဘဏ္ဍာရေးဝန်ကြီး တောင်းဆို

 290

Pika (NP News) - မတ် ၂၄

အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Litani မြစ်အထိ နယ်စပ်ကိုတိုးချဲ့မှုတွေ လုပ်ဆောင်သင့် တယ်လို့ အစ္စရေးဘဏ္ဍာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက အဲဒီဒေသမှာရှိတဲ့တံတားတွေနဲ့နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich ရဲ့မှတ်ချက်တွေဟာ အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်မှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတဲ့အစ္စရေးရဲ့တိုက်ပွဲမှာ လက်ဘနွန်နယ်မြေကို သိမ်းပိုက်ဖို့နဲ့ပတ်သက်ပြီး အစ္စရေးအကြီးတန်းအရာရှိတစ်ဦးရဲ့အရှင်းလင်းဆုံးမှတ်ချက်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့မတ်လ(၂)ရက်မှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်ကြားတိုက်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်ကနေစတင်ပြီး အစ္စရေးဟာ Litani မြစ်ရဲ့တောင်ပိုင်းမှာရှိတဲ့ ဒေသခံအားလုံးကို အဲဒီဒေသကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့ပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
လက္ဘႏြန္ႏိုင္ငံ ေတာင္ပိုင္းကို သိမ္းယူဖို႔ အစၥေရးဘ႑ာေရးဝန္ႀကီး ေတာင္းဆို
Pika (NP News) - မတ္ ၂၄
အစၥေရးႏိုင္ငံက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ Litani ျမစ္အထိ နယ္စပ္ကိုတိုးခ်ဲ႕မႈေတြ လုပ္ေဆာင္သင့္ တယ္လို႔ အစၥေရးဘ႑ာေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အစၥေရးတပ္ဖြဲ႕ေတြက အဲဒီေဒသမွာရွိတဲ့တံတားေတြနဲ႔ေနအိမ္ေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အစၥေရးဘ႑ာေရးဝန္ႀကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးဘ႑ာေရးဝန္ႀကီး Bezalel Smotrich ရဲ႕မွတ္ခ်က္ေတြဟာ အီရန္က ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ လက္ဘႏြန္မွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို ပစ္မွတ္ထားတဲ့အစၥေရးရဲ႕တိုက္ပြဲမွာ လက္ဘႏြန္နယ္ေျမကို သိမ္းပိုက္ဖို႔နဲ႔ပတ္သက္ၿပီး အစၥေရးအႀကီးတန္းအရာရွိတစ္ဦးရဲ႕အရွင္းလင္းဆုံးမွတ္ခ်က္ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့မတ္လ(၂)ရက္မွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ စတင္ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဘက္ၾကားတိုက္ပြဲေတြ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့တာလည္း ျဖစ္ပါတယ္။ အဲဒီအခ်ိန္ကေနစတင္ၿပီး အစၥေရးဟာ Litani ျမစ္ရဲ႕ေတာင္ပိုင္းမွာရွိတဲ့ ေဒသခံအားလုံးကို အဲဒီေဒသကေန ထြက္ခြာဖို႔ အမိန႔္ေပးခဲ့ၿပီး တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.