ကိုလံဘီယာစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၆၆)ဦးသေဆုံး

160
Pika (NP News) - မတ် ၂၅
စစ်သား(၁၂၅)ဦးနဲ့ လေယာဉ်အမှုထမ်းတွေလိုက်ပါလာတဲ့ ကိုလံဘီယာစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ပျံတက်ပြီးနောက် မကြာခင်မှာပဲ ပျက်ကျသွားခဲ့ပြီး အနည်းဆုံးလူ(၆၆)ဦးသေဆုံးကာ အခြားလူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
C-130 Herculesလေယာဉ်ဟာ အီကွေဒေါနဲပီရူးတို့ရဲ့ တောင်ပိုင်းနယ်စပ်အနီးမှာရှိတဲ့ Puerto Leguizamo မြို့ကနေ ပျံတက်ပြီးနောက် မကြာခင်မှာပဲ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် C-130 Hercules လေယာဉ်ပျက်ကျခဲ့ပြီးနောက် မီးလောင်နေတဲ့အပျက်အစီးတွေကိုလည်း တောထဲမှာတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
C-130 Hercules လေယာဉ်ပျက်ကျမှုအတွင်း စစ်သား(၅၈)ဦး၊ လေတပ်တပ်ဖွဲ့ဝင်(၆)ဦး နဲ့ ရဲအရာရှိနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေရဲ့ထုတ်ပြန်ပြောကြားချက်အရ သိရပါတယ်။
ဒါ့ပြင် C-130 Hercules လေယာဉ် ဘာကြောင့်ပျက်ကျရသလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကို သိရှိရဖို့အတွက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ကိုလံဘီယာစစ္ဘက္သယ္ယူပို႔ေဆာင္ေရးေလယာဥ္ ပ်က္က်ခဲ့ၿပီး အနည္းဆုံးလူ(၆၆)ဦးေသဆုံး
Pika (NP News) - မတ္ ၂၅
စစ္သား(၁၂၅)ဦးနဲ႔ ေလယာဥ္အမႈထမ္းေတြလိုက္ပါလာတဲ့ ကိုလံဘီယာစစ္ဘက္သယ္ယူပို႔ေဆာင္ေရးေလယာဥ္ဟာ ပ်ံတက္ၿပီးေနာက္ မၾကာခင္မွာပဲ ပ်က္က်သြားခဲ့ၿပီး အနည္းဆုံးလူ(၆၆)ဦးေသဆုံးကာ အျခားလူအမ်ားအျပားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
C-130 Herculesေလယာဥ္ဟာ အီေကြေဒါနဲပီ႐ူးတို႔ရဲ႕ ေတာင္ပိုင္းနယ္စပ္အနီးမွာရွိတဲ့ Puerto Leguizamo ၿမိဳ႕ကေန ပ်ံတက္ၿပီးေနာက္ မၾကာခင္မွာပဲ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ C-130 Hercules ေလယာဥ္ပ်က္က်ခဲ့ၿပီးေနာက္ မီးေလာင္ေနတဲ့အပ်က္အစီးေတြကိုလည္း ေတာထဲမွာေတြ႕ရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
C-130 Hercules ေလယာဥ္ပ်က္က်မႈအတြင္း စစ္သား(၅၈)ဦး၊ ေလတပ္တပ္ဖြဲ႕ဝင္(၆)ဦး နဲ႔ ရဲအရာရွိႏွစ္ဦးတို႔ ေသဆုံးခဲ့တယ္လို႔လည္း တာဝန္ရွိသူေတြရဲ႕ထုတ္ျပန္ေျပာၾကားခ်က္အရ သိရပါတယ္။
ဒါ့ျပင္ C-130 Hercules ေလယာဥ္ ဘာေၾကာင့္ပ်က္က်ရသလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို သိရွိရဖို႔အတြက္ အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။