ပြည်တွင်းထုတ် ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် ရန်ကုန်မြို့ပတ်ရထားများ ယနေ့စတင်ပြေးဆွဲ

 228

သန့်ဇင် (NP News) - မတ် ၂၅

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်း(Battery Electric Locomotive- BEL) များဖြင့် ရန်ကုန်မြို့ပတ်ရထားများတွင် ယနေ့ (မတ်လ ၂၅ ရက်) မှစတင်ပြေးဆွဲကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်း(Battery Electric Locomotive- BEL)များဖြင့် ရန်ကုန်မြို့ပတ်ရထားများတွင် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့ (မတ်လ ၂၅ ရက်) နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံ ၌ ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့စတင်ပြေးဆွဲသည် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ(၄)တွဲနှင့် ဘရိတ်တွဲ(၁)တွဲ ချိတ်ဆက်အသုံးပြု၍ ရန်ကုန်-တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ပတ်ခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် တစ်ရက်အတွက် ဘဏ္ဍာငွေ (၆) သိန်းကျော် ခြိုးခြံချွေတာနိုင်သဖြင့် တစ်လအတွက် ကျပ်ငွေ (၁၈) သန်း ကျော် ကုန်ကျစရိတ်သက်သာနိုင်မည်ဖြစ်သည့်အပြင် တစ်ရက်လျှင် ဒီဇယ်ဆီ (၆၆) ဂါလံနှုန်းဖြင့် တစ်လအတွက် ဒီဇယ်ဆီ (၁၉၈၀) ဂါလံ လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မြန်မာ့မီးရထားက လက်ရှိမြင်းကောင်ရေ (၁၃၀၀)အား ဒီဇယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀)အား ဘက်ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း (၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထုတ်လုပ်ပြီးဖြစ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေး လမ်းပိုင်းတွင် လေအေးပေးစက်ပါ လေအိတ် အထူးအမြန်ရထားဖြင့် ပြီးခဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က စတင်၍ လည်းကောင်း၊ ပြင်ဦးလွင်-ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က စတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျပည္တြင္းထုတ္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ရထားမ်ား ယေန႔စတင္ေျပးဆြဲ
သန႔္ဇင္ (NP News) - မတ္ ၂၅
ျပည္တြင္း၌ တပ္ဆင္ထုတ္လုပ္သည့္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္း(Battery Electric Locomotive- BEL) မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ရထားမ်ားတြင္ ယေန႔ (မတ္လ ၂၅ ရက္) မွစတင္ေျပးဆြဲေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
ျပည္တြင္း၌ တပ္ဆင္ထုတ္လုပ္သည့္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္း(Battery Electric Locomotive- BEL)မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ရထားမ်ားတြင္ စတင္ေျပးဆြဲျခင္းအခမ္းအနားကို ယေန႔ (မတ္လ ၂၅ ရက္) နံနက္ ၇ နာရီခြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ဘူတာႀကီး အမွတ္(၁)စႀကႍ ၌ က်င္းပခဲ့ရာ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ၿမိဳင္၊ အၿမဲတမ္းအတြင္းဝန္၊ ဝန္ႀကီးဌာနေအာက္ရွိ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ျမန္မာ့မီးရထားမွ ဦးေဆာင္ၫႊန္ၾကားေရးမႉးႏွင့္ တာဝန္ရွိသူမ်ား၊ အရာထမ္း/ အမႈထမ္းမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ယေန႔စတင္ေျပးဆြဲသည္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းတြင္ ဘက္ထရီလွ်ပ္စစ္ ရထားစက္ေခါင္း(၁)ေခါင္းကို လူစီးတြဲ(၄)တြဲႏွင့္ ဘရိတ္တြဲ(၁)တြဲ ခ်ိတ္ဆက္အသုံးျပဳ၍ ရန္ကုန္-တိုးေၾကာင္ကေလး၊ ရန္ကုန္-အင္းစိန္ႏွင့္ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္မ်ားကို ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ရန္ကုန္ၿမိဳ႕ပတ္လမ္းပိုင္းတြင္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းျဖင့္ အစားထိုးေျပးဆြဲျခင္းေၾကာင့္ တစ္ရက္အတြက္ ဘ႑ာေငြ (၆) သိန္းေက်ာ္ ၿခိဳးၿခံေခြၽတာႏိုင္သျဖင့္ တစ္လအတြက္ က်ပ္ေငြ (၁၈) သန္း ေက်ာ္ ကုန္က်စရိတ္သက္သာႏိုင္မည္ျဖစ္သည့္အျပင္ တစ္ရက္လွ်င္ ဒီဇယ္ဆီ (၆၆) ဂါလံႏႈန္းျဖင့္ တစ္လအတြက္ ဒီဇယ္ဆီ (၁၉၈၀) ဂါလံ ေလွ်ာ့ခ်သုံးစြဲႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္မႈအရ ျမန္မာ့မီးရထားက လက္ရွိျမင္းေကာင္ေရ (၁၃၀၀)အား ဒီဇယ္လွ်ပ္စစ္စက္ေခါင္း(၆)ေခါင္းကို ျမင္းေကာင္ေရ(၁၆၀၀)အား ဘက္ထရီလွ်ပ္စစ္စက္ေခါင္းအျဖစ္ ေျပာင္းလဲတည္ေဆာက္ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြင္း ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္တြင္လည္း ဘက္ထရီလွ်ပ္စစ္စက္ေခါင္း (၆)ေခါင္း စုစုေပါင္း (၁၂)ေခါင္းကို ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထုတ္လုပ္ၿပီးျဖစ္သည့္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားကို ေနျပည္ေတာ္-မႏၲေလး လမ္းပိုင္းတြင္ ေလေအးေပးစက္ပါ ေလအိတ္ အထူးအျမန္ရထားျဖင့္ ၿပီးခဲ့သည္ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာ ၂၂ ရက္က စတင္၍ လည္းေကာင္း၊ ျပင္ဦးလြင္-ဇီးပင္ႀကီး ေတာင္ေပၚလမ္းပိုင္း လူစီးရထားတြင္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ ၁၉ ရက္က စတင္၍လည္းေကာင္း ေျပးဆြဲအသုံးျပဳခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.