ရန်သူစစ်ဆင်ရေးများကိုအဆုံးသတ်စေမယ့် လျှို့ဝှက်လက်နက်အသစ်ကို ထုတ်သုံးမယ်လို့ အီရန်ဗိုလ်ချုပ်ကြီးပြော

87

ဂျန်ဇက် (NP News) - မတ် ၂၅
အီရန်ဗိုလ်ချုပ်ကြီး အဗ္ဗဒိုလာဟီ က ရန်သူ့စစ်ဆင်ရေးအားလုံးကို အပြီးတိုင် ချေမှုန်းပစ်နိုင်တဲ့ ထူးခြားဆန်းပြားတဲ့ "လျှို့ဝှက်လက်နက်" (Secret Weapon) တစ်ခုကို အသုံးပြုတော့မယ်လို့ တရားဝင် သတိပေးလိုက်ပါတယ်။
အီရန်ဗိုလ်ချုပ်ကြီးဟာ လျှို့ဝှက်လက်နက်အသစ်ကို ထုတ်သုံးမယ်လို့ပြောဆိုခဲ့ပေမယ့် အတိအကျပြောဆိုခြင်းမရှိဘဲအီရန်ရဲ့လျှို့ဝှက်လက်နက်အသစ်ကို ထင်ကြေးပေးမှုအမျိုးမျိုး ထွက်ပေါ်နေပါတယ်။အီရန်ဟာ အနောက်အုပ်စုရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ကျော်ဖြတ်နိုင်တဲ့ နည်းပညာအသစ်တစ်ခုကို ပိုင်ဆိုင်သွားပြီလို့ ယူဆနေသလို အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည် သို့မဟုတ် ရန်သူ့ဒရုန်းအုပ်စုတွေနဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေကို လုံးဝရပ်တန့်စေနိုင်တဲ့အဆင့်မြင့် အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) လက်နက်တွေလည်း ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေပါတယ်။
ဒါ့အပြင် အီရန်ဗိုလ်ချုပ်ကြီးက အီရန်စစ်တပ်ဟာ ရန်သူကို အလုံးစုံအနိုင်ရချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်များဟာ နိုင်ငံပိုင်နက်များကို ကာကွယ်ဖို့ ကတိပြုထားသလို မစ်ရှင်များကိုလည်း အောင်မြင်အောင်လုပ်ဆောင်ဖို့ ကတိပြုထားကြောင်း အီရန်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
အမေရိကန်နဲ့မဟာမိတ်နိုင်ငံများဟာ အီရန်ကို အားနည်းစေဖို့ နဲ့ အစိတ်စိတ်အမြွာမြွာပြိုကွဲစေဖို့ လုပ်ဆောင်ခဲ့ကြောင်း၊ ရန်သူများဟာ အီရန်နိုင်ငံရဲ့ကာကွယ်ရေးဖွဲ့စည်းပုံလျင်မြန်စွာပြိုလဲသွားမယ်လို့ မျှော်လင့်ထားခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ဟာ၎င်းရဲ့ ရည်မှန်းချက်များ အောင်မြင်ရန် ပျက်ကွက်နေပြီး အကျပ်အတည်းများကနေလွတ်မြောက်ဖို့ နည်းလမ်းရှာဖွေနေကြောင်း အီရန်ဗိုလ်ချုပ်ကြီးကပြောပါတယ်။
အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့ဟာ ဖေဖော်ဝါရီ (၂၈)ရက်မှာ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲက သီတင်းပတ် (၄)ပတ်ခန့်ရှိလာပြီဖြစ်ရာ အီရန်က ဒုံးကျည်များ၊ ဒရုန်းများအသုံးပြုပြီး အမေရိကန်စစ်စခန်းများနဲ့ အစ္စရေးနိုင်ငံတို့ကို တုံ့ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ရန္သူစစ္ဆင္ေရးမ်ားကိုအဆုံးသတ္ေစမယ့္ လွ်ိဳ႕ဝွက္လက္နက္အသစ္ကို ထုတ္သုံးမယ္လို႔ အီရန္ဗိုလ္ခ်ဳပ္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၅
အီရန္ဗိုလ္ခ်ဳပ္ႀကီး အဗၺဒိုလာဟီ က ရန္သူ႔စစ္ဆင္ေရးအားလုံးကို အၿပီးတိုင္ ေခ်မႈန္းပစ္ႏိုင္တဲ့ ထူးျခားဆန္းျပားတဲ့ "လွ်ိဳ႕ဝွက္လက္နက္" (Secret Weapon) တစ္ခုကို အသုံးျပဳေတာ့မယ္လို႔ တရားဝင္ သတိေပးလိုက္ပါတယ္။
အီရန္ဗိုလ္ခ်ဳပ္ႀကီးဟာ လွ်ိဳ႕ဝွက္လက္နက္အသစ္ကို ထုတ္သုံးမယ္လို႔ေျပာဆိုခဲ့ေပမယ့္ အတိအက်ေျပာဆိုျခင္းမရွိဘဲအီရန္ရဲ႕လွ်ိဳ႕ဝွက္လက္နက္အသစ္ကို ထင္ေၾကးေပးမႈအမ်ိဳးမ်ိဳး ထြက္ေပၚေနပါတယ္။အီရန္ဟာ အေနာက္အုပ္စုရဲ႕ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို ေက်ာ္ျဖတ္ႏိုင္တဲ့ နည္းပညာအသစ္တစ္ခုကို ပိုင္ဆိုင္သြားၿပီလို႔ ယူဆေနသလို အသံထက္ျမန္တဲ့ ဟိုက္ပါဆိုးနစ္ ဒုံးက်ည္ သို႔မဟုတ္ ရန္သူ႔ဒ႐ုန္းအုပ္စုေတြနဲ႔ ၿဂိဳဟ္တုဆက္သြယ္ေရးစနစ္ေတြကို လုံးဝရပ္တန႔္ေစႏိုင္တဲ့အဆင့္ျမင့္ အီလက္ထ႐ြန္နစ္စစ္ဆင္ေရး (Electronic Warfare) လက္နက္ေတြလည္း ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးေနပါတယ္။
ဒါ့အျပင္ အီရန္ဗိုလ္ခ်ဳပ္ႀကီးက အီရန္စစ္တပ္ဟာ ရန္သူကို အလုံးစုံအႏိုင္ရခ်ိန္အထိ ဆက္လက္တိုက္ပြဲဝင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
အီရန္စစ္တပ္ရဲ႕တပ္ဖြဲ႕ဝင္မ်ားဟာ ႏိုင္ငံပိုင္နက္မ်ားကို ကာကြယ္ဖို႔ ကတိျပဳထားသလို မစ္ရွင္မ်ားကိုလည္း ေအာင္ျမင္ေအာင္လုပ္ေဆာင္ဖို႔ ကတိျပဳထားေၾကာင္း အီရန္ဗိုလ္ခ်ဳပ္ႀကီးက ေျပာပါတယ္။
အေမရိကန္နဲ႔မဟာမိတ္ႏိုင္ငံမ်ားဟာ အီရန္ကို အားနည္းေစဖို႔ နဲ႔ အစိတ္စိတ္အႁမြာႁမြာၿပိဳကြဲေစဖို႔ လုပ္ေဆာင္ခဲ့ေၾကာင္း၊ ရန္သူမ်ားဟာ အီရန္ႏိုင္ငံရဲ႕ကာကြယ္ေရးဖြဲ႕စည္းပုံလ်င္ျမန္စြာၿပိဳလဲသြားမယ္လို႔ ေမွ်ာ္လင့္ထားခဲ့တယ္လို႔လည္း ၎က ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ၎ရဲ႕ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ရန္ ပ်က္ကြက္ေနၿပီး အက်ပ္အတည္းမ်ားကေနလြတ္ေျမာက္ဖို႔ နည္းလမ္းရွာေဖြေနေၾကာင္း အီရန္ဗိုလ္ခ်ဳပ္ႀကီးကေျပာပါတယ္။
အေမရိကန္ နဲ႔ အစၥေရးႏိုင္ငံတို႔ဟာ ေဖေဖာ္ဝါရီ (၂၈)ရက္မွာ အီရန္ႏိုင္ငံကို စတင္တိုက္ခိုက္ခဲ့ၿပီး စစ္ပြဲက သီတင္းပတ္ (၄)ပတ္ခန႔္ရွိလာၿပီျဖစ္ရာ အီရန္က ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားအသုံးျပဳၿပီး အေမရိကန္စစ္စခန္းမ်ားနဲ႔ အစၥေရးႏိုင္ငံတို႔ကို တုံ႔ျပန္တိုက္ခိုက္ေနတယ္လို႔ သိရပါတယ္။