(၂)လအတွင်း ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁)သန်းကျော် ရရှိ

325

စိမ့်စမ်းရေ (NP News) - မတ် ၂၄
ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ (၂) လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၇၉) သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါကာလအတွင်း ပျားရည်တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည် (၉၈၁ ဒသမ ဝ၅) တန်နှင့် နယ်စပ် ကုန်သွယ်ရေးမှ (၅ ဒသမ ၁၈) တန် စုစုပေါင်း (၉၈၆ ဒသမ ၂၃) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၇၉) သန်း ရရှိခဲ့ကြောင်း သိရသည်။
ပြည်ပတင်ပို့ရာတွင်လည်း ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း နှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည် နှင့် လိုင်ချီးပျားရည်တို့ကို အဓိကထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်ထားသော ပျားရည်များကို ပြည်တွင်းတွင် ဆေးဝါးအဖြစ် အသုံးပြုမှုများရှိကြောင်း သိရသည်။
ပျားရည်သည် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်တွင်ပါ လိုအပ်ချက်ရှိနေသည့် ကုန်ပစ္စည်းတစ်ရပ်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေတိုးတက်စေရန် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်။

Zawgyi Version;
(၂)လအတြင္း ပ်ားရည္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ (၁)သန္းေက်ာ္ ရရွိ
စိမ့္စမ္းေရ (NP News) - မတ္ ၂၄
ယခုႏွစ္ ဇန္နဝါရီလမွ ေဖေဖာ္ဝါရီလကုန္အထိ (၂) လတာကာလအတြင္း ပုဂၢလိကက႑မွ ျပည္ပသို႔ ပ်ားရည္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ (၁ ဒသမ ၄၇၉) သန္း ရရွိခဲ့ေၾကာင္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ပ်ားလုပ္ငန္းဌာန၊ ပ်ားေမြးျမဴဖြံ႕ၿဖိဳးေရးဌာနခြဲမွ သိရသည္။
အဆိုပါကာလအတြင္း ပ်ားရည္တင္ပို႔ရာတြင္ ပုံမွန္ကုန္သြယ္ေရးမွ ပ်ားရည္ (၉၈၁ ဒသမ ဝ၅) တန္ႏွင့္ နယ္စပ္ ကုန္သြယ္ေရးမွ (၅ ဒသမ ၁၈) တန္ စုစုေပါင္း (၉၈၆ ဒသမ ၂၃) တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ (၁ ဒသမ ၄၇၉) သန္း ရရွိခဲ့ေၾကာင္း သိရသည္။
ျပည္ပတင္ပို႔ရာတြင္လည္း ဂ်ပန္၊ ေတာင္ကိုရီးယား၊ ထိုင္း ႏွင့္ တ႐ုတ္ႏိုင္ငံမ်ားသို႔ အဓိကတင္ပို႔လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ပ်ားရည္ထုတ္လုပ္မႈအေနျဖင့္ ႏွမ္းပ်ားရည္၊ ဆီပ်ားရည္၊ ပန္းႏွမ္းပ်ားရည္၊ ေနၾကာပ်ားရည္၊ ေရာ္ဘာပ်ားရည္ ႏွင့္ လိုင္ခ်ီးပ်ားရည္တို႔ကို အဓိကထုတ္လုပ္လ်က္ရွိၿပီး ထုတ္လုပ္ထားေသာ ပ်ားရည္မ်ားကို ျပည္တြင္းတြင္ ေဆးဝါးအျဖစ္ အသုံးျပဳမႈမ်ားရွိေၾကာင္း သိရသည္။
ပ်ားရည္သည္ ျပည္တြင္းေဈးကြက္အျပင္ ျပည္ပေဈးကြက္တြင္ပါ လိုအပ္ခ်က္ရွိေနသည့္ ကုန္ပစၥည္းတစ္ရပ္ျဖစ္ၿပီး ႏိုင္ငံျခားဝင္ေငြတိုးတက္ေစရန္ အေရးပါသည့္ အခန္းက႑တစ္ရပ္အျဖစ္ ရပ္တည္လ်က္ရွိသည္။