အမေရိကန်နဲ့ဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ အီရန်အတည်ပြု

350

Pika (NP News) - မတ် ၂၄
ပြီးခဲ့တဲ့အချိန်(၂၄)ရက်အတွင်း အမေရိကန်နဲ့ဘယ်လိုဆွေးနွေးပွဲမျိုးမှ လုပ်ဆောင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ နှစ်ဖက်စလုံးက အဓိကသဘောတူညီချက်တွေကို ရရှိခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာခင်မှာပဲ အီရန်အစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်ကတောင်းဆိုခဲ့တယ်ဆိုတာကို ညွှန်ပြနေတဲ့ မက်ဆေ့ချ်တွေကို မိတ်ဖက်နိုင်ငံတွေက အီရန်ကို ပေးပို့ခဲ့ပေမယ့်လည်း အီရန်ဘက်က တုံ့ပြန်မှုတွေလုပ်ဆောင်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဌာနကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန IRNA က ရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားစစ်ပွဲဟာ အရှိန်ဆက်လက်မြင့်တက်နေပြီး နှစ်ဖက်စလုံးက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။ဒါ့ပြင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်ဘက်က အီရန်ကို သတိပေးခဲ့သလို အီရန်ဘက်ကလည်း ၎င်းတို့ရဲ့ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မှုတွေမရှိမှသာ ရေလက်ကြားပြန်ဖွင့်ဖို့ကို စဉ်းစားပေးမယ်လို့လည်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ေဆြးေႏြးပြဲေတြ လုပ္ေဆာင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ အီရန္အတည္ျပဳ
Pika (NP News) - မတ္ ၂၄
ၿပီးခဲ့တဲ့အခ်ိန္(၂၄)ရက္အတြင္း အေမရိကန္နဲ႔ဘယ္လိုေဆြးေႏြးပြဲမ်ိဳးမွ လုပ္ေဆာင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္းမွာ ႏွစ္ဖက္စလုံးက အဓိကသေဘာတူညီခ်က္ေတြကို ရရွိခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ မၾကာခင္မွာပဲ အီရန္အစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အေမရိကန္ကေတာင္းဆိုခဲ့တယ္ဆိုတာကို ၫႊန္ျပေနတဲ့ မက္ေဆ့ခ်္ေတြကို မိတ္ဖက္ႏိုင္ငံေတြက အီရန္ကို ေပးပို႔ခဲ့ေပမယ့္လည္း အီရန္ဘက္က တုံ႔ျပန္မႈေတြလုပ္ေဆာင္ခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနကို ကိုးကားၿပီး ႏိုင္ငံပိုင္သတင္းဌာန IRNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ၾကားစစ္ပြဲဟာ အရွိန္ဆက္လက္ျမင့္တက္ေနၿပီး ႏွစ္ဖက္စလုံးက အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔လည္းသိရပါတယ္။ဒါ့ျပင္ ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ဖြင့္ဖို႔ အေမရိကန္ဘက္က အီရန္ကို သတိေပးခဲ့သလို အီရန္ဘက္ကလည္း ၎တို႔ရဲ႕ဓါတ္အားေပးစက္႐ုံေတြကို တိုက္ခိုက္မႈေတြမရွိမွသာ ေရလက္ၾကားျပန္ဖြင့္ဖို႔ကို စဥ္းစားေပးမယ္လို႔လည္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။