ပဲခူးမြို့တွင် CRPH နှင့် NUG အား ထောက်ခံလှုံ့ဆော်သည့် TikTok အကောင့်ပိုင်ရှင်တစ်ဦးကို ဖမ်းဆီးအရေးယူ

 567

သန့်မင်းအိမ်(NP News)-မတ် ၂၄

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများကို လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သည့် ပဲခူးမြို့မှ TikTok အကောင့်ပိုင်ရှင်တစ်ဦးအား ဖော်ထုတ်ဖမ်းဆီး အရေးယူလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် CRPH နှင့် NUG အဖွဲ့များ၊ ၎င်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများကို အစဉ်တစိုက် ပြုလုပ်လျက်ရှိသည်။
၎င်းကဲ့သို့ လှုံ့ဆော်မှုများတွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အစိုးရမှ အသိပေး သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

သို့သော်လည်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ထိုအသိပေးချက်အား လျစ်လျူရှုကာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့သည့် “အရှိုးလေး” အမည်ရှိ TikTok အကောင့်ပိုင်ရှင်ဖြစ်သူ စည်သူဟိန်း (ခ) မွှေးကြီး အား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ် (၈) ရပ်ကွက်တွင် ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်းအား မတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပဲခူးမြို့ရှိ အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Zawgyi version:

အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ၎တို႔၏ လက္ေဝခံအဖြဲ႕အစည္းမ်ား၏ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားကို လိုက္ပါလုပ္ေဆာင္ျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့သည့္ ပဲခူးၿမိဳ႕မွ TikTok အေကာင့္ပိုင္ရွင္တစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီး အေရးယူလိုက္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အစိုးရမွ အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ထားသည့္ CRPH ႏွင့္ NUG အဖြဲ႕မ်ား၊ ၎တို႔ႏွင့္ ဆက္သြယ္ေနေသာ အဖြဲ႕အစည္းမ်ားႏွင့္ လူပုဂၢိဳလ္မ်ားသည္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ အစိုးရယႏၲရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္ကာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ လႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ားကို အစဥ္တစိုက္ ျပဳလုပ္လ်က္ရွိသည္။
၎ကဲ့သို႔ လႈံ႕ေဆာ္မႈမ်ားတြင္ ပါဝင္ပတ္သက္သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း အစိုးရမွ အသိေပး သတင္းထုတ္ျပန္ထားၿပီးျဖစ္သည္။
သို႔ေသာ္လည္း ၂၀၂၆ ခုႏွစ္၊ မတ္လ ၂၂ ရက္ေန႔တြင္ ထိုအသိေပးခ်က္အား လ်စ္လ်ဴရႈကာ ႏိုင္ငံေတာ္တည္ၿငိမ္ေရးကို ထိခိုက္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ လူမႈကြန္ရက္ေပၚတြင္ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ား ျပဳလုပ္ခဲ့သည့္ “အရႈိးေလး” အမည္ရွိ TikTok အေကာင့္ပိုင္ရွင္ျဖစ္သူ စည္သူဟိန္း (ခ) ေမႊးႀကီး အား ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္၊ ဥႆာၿမိဳ႕သစ္ (၈) ရပ္ကြက္တြင္ ေဖာ္ထုတ္ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
၎အား မတ္လ ၂၂ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ ပဲခူးၿမိဳ႕ရွိ အမွတ္ (၃) နယ္ေျမရဲစခန္းမွ တာဝန္ရွိသူမ်ားက သြားေရာက္ဖမ္းဆီး ထိန္းသိမ္းခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ၎အား တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာ အမႈဖြင့္ အေရးယူႏိုင္ေရးအတြက္ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.